MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, July 10, 2012

ရခိုင်ပြည်နယ် အတွင်းရှိ တက္ကသိုလ်နှင့် ကောလိပ်များ ဇူလိုင်လ ၁၆ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်

ဆူပူ အကြမ်းဖက်မှုများကြောင့် ခေတ္တပိတ်ထားခဲ့ရသည့် စစ်တွေတက္ကသိုလ် အပါအ၀င် ရခိုင်ပြည်နယ် အတွင်းရှိ တက္ကသိုလ်နှင့် ကောလိပ်များကို လာမည့် ဇူလိုင်လ ၁၆ ရက်နေ့မှစတင်ပြီး ပုံမှန်ပြန်လည် ဖွင့်လှစ်သွားတော့မည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဇူလိုင် ၉ ရက်နေ့က ပြောကြား လိုက်သည်။
စစ်တွေမြို့တွင် စစ်တွေတက္ကသိုလ်၊ နည်းပညာကောလိပ်(စစ်တွေ)နှင့် ကွန်ပျူတာကောလိပ်(စစ်တွေ)တို့
ရှိကြပြီး ပြည်နယ်တစ်ခုလုံးမှ လာရောက် ပညာသင်ကြားလျက်ရှိကြသည်။ သို့သော်လည်း ဇွန်လဆန်းပိုင်းမှ စတင်ဖြစ်ပွားမှုများကြောင့် အခြေခံပညာကျောင်းများ အပါအ၀င် တက္ကသိုလ်နှင့် ကောလိပ်များကို ယာယီပိတ်ထားခဲ့ရသည်။ လုံခြုံရေး အခြေအနေကြောင့် ထုတ်ပြန်ကြေညာခဲ့ရသော အရေးပေါ်အခြေအနေကို ပြန်လည်ရုပ်သိမ်းခြင်း မရှိသေးဘဲ ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားဆဲပင် ဖြစ်သည်။
ယခုရက်ပိုင်းတွင် အခြေအနေပြန်လည် တည်ငြိမ်စပြုလာခြင်းကြောင့် စစ်တွေမြို့မဈေးကြီးအား ပြန်လည်ဖွင့်လှစ်ခဲ့ပြီ ဖြစ်သော်လည်း လုံခြုံရေးတင်းကျပ်စွာ ချထားကြောင်း စစ်တွေမြို့ခံများက ပြောပါသည်။
“တက္ကသိုလ်နဲ့ကောလိပ်တွေကို လာမယ့် ဇူလိုင် ၁၆ ရက်မှာ ပြန်ဖွင့်မယ်ပြောပေမယ့် အခုထိအခြေခံပညာ ကျောင်းတွေမှာ ကျောင်းလာတက်တဲ့သူ မရှိသေးပါဘူး။  စစ်တွေနဲ့မောင်တောမှာတော့ မိဘတွေကစိုးရိမ်လို့ ကလေးတွေကို ကျောင်းပေးမတက်တာပါ။ တောင်ကုတ်၊ မာန်အောင်၊ ကျောက်ဖြူနဲ့ ဘူးသီးတောင်မှာတော့ ကျောင်းတက်နေကြပါပြီ။ တစ်မြို့နယ်လုံးတော့ မဟုတ်ဘူးပေါ့။ ဆိုးတာကတော့ မောင်တောပဲ။ အဲဒီမြို့နယ်မှာ တာဝန်ကျတဲ့သူတွေ ဘယ်သူမှပြန်တာ မတွေ့ရသေးဘူး။ သူတို့လည်း သူတို့ လုံခြုံရေးအတွက် စိုးရိမ်မှာပေါ့။ လစာလေး မဖြစ်စလောက်နဲ့ အသတ်ခံရရင် ဆိုပြီး မသွားရဲကြတာ။ ပြီးခဲ့တဲ့ အရေးအခင်းမှာ မောင်တောမြို့နယ် ထဲက ဆရာဆရာမတွေ သတ်ခံခဲ့ရတာရှိတယ်လေ” ဟု စစ်တွေမြို့ရှိ Eleven Media Group ၏ သတင်းထောက်က ပြောကြားပါသည်။
ရခိုင်ပြည်နယ်တွင် လုံခြုံရေး အခြေအနေကြောင့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များ၌ ဇွန်လ ၈ ရက်နေ့ တွင် ထုတ်ပြန်ကြေညာခဲ့ပြီး စစ်တွေမြို့တွင် ဇွန်လ ၁၀ ရက်နေ့တွင် ထပ်မံထုတ်ပြန်ခဲ့သည်။

VOA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။