MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, July 10, 2012

WFP ဒုက္ခသည်အကူအညီ စစ်တွေ ရွှေစေတီဆရာတော်ငြင်းပယ်


RFA
ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ခုနှစ် ဇွန်လ (၈) ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု တစ်လပြည့် အထိမ်းအမှတ်အဖြစ် စစ်တွေနှင့် ကျန်မြို့နယ်များတွင် သာသနာ့အလံကို မြို့အနှံ့ စိုက်ထူထားကြစဉ်။

ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည်တွေကို စားနပ်ရိက္ခာ အကူအညီတွေ ပေးနေတဲ့ WFPရဲ့ အကူအညီကို
စစ်တွေမြို့က နာမည်ကျော် ရွှေစေတီကျောင်းတိုက် ဒုက္ခသည်စခန်း ကျောင်းထိုင် ဆရာတော်က မနေ့က ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။
စစ်တွေမြို့ပေါ်က ဒုက္ခသည်ပေါင်း (၄၀၀) ကျော် ခိုလှုံနေတဲ့ ရွှေစေတီ ဘုန်းတော်ကြီးကျောင်း ဒုက္ခသည်စခန်းကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP က မနေ့ညနေပိုင်းက ဆန်အကူအညီတွေ လာရောက်ပေးအပ်ရာမှာ ဆရာတော်က ငြင်းပယ်လိုက်တဲ့ အတွက် ကူညီရေး
ပစ္စည်းတွေ ရွှေစေတီကျောင်းကို ရောက်ရှိပြီးကာမှ  ပြန်လည် သယ်ယူခဲ့ရတယ်လို့လည်း သိရပါတယ်။

အခုလို ငြင်းပယ်လိုက်ရတာနဲ့ ပတ်သက်ပြီး ကျောင်းထိုင်ဆရာတော် အရှင်အရိယဝံသက RFA ကို အခုလို မိန့်ပါတယ်။

"ဘုန်းဘုန်းတို့ အခု ငြင်းဆိုတာကတော့ မျှတမှု မရှိတာ တခုရယ်၊ နောက် သေသေချာချာ ဒုက္ခသည်ကို စာရင်းစိစစ်မှု မရှိတာရယ်၊ နောက်ပြီးတော့ ရခိုင်တိုင်းရင်းသားတွေအပေါ်မှာ ပေးချင်ကမ်းချင်စိတ်တွေ မရှိပါဘူး သူတို့။ ဒါကြောင်း ဘုန်းဘုန်းတို့က သဘာဝ မကျဘူးဆိုပြီးတော့
ငြင်းလိုက်တာ ဖြစ်ပါတယ်။"

ရခိုင်ပြည်နယ်အတွင်း အကူအညီတွေပေးနေတဲ့ အင်န်ဂျီအိုတွေဟာ လူ့အခွင့်အရေး ခေါင်းစဉ်ဖြင့် အကူအညီတွေ လာရောက်ပေးနေကြတာ ဖြစ်ပေမယ့် ရခိုင်ပြည်နယ် အတွင်းမှာ လာရောက် ကူညီပေးတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ ဒေသခံ ရခိုင်လူမျိုးတွေထက် ဘင်္ဂါလီ မွတ်စလင်တွေကိုပဲ အကူအညီ ပေးနေတာဖြစ်တယ်လို့ ဆရာတော်က ဆက်လက် မိန့်ပါတယ်။  

လွန်ခဲ့တဲ့ ဇွန်လ (၃) ရက်နေ့ကလည်း မောင်တောမြို့မှာရှိတဲ့ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်း ဒုက္ခသည် စခန်းသည်ကို လာရောက်ပြီး အကူအညီတွေပေးခဲ့ကြတဲ့ အင်န်ဂျီအို တစ်ချို့ကို ကျောင်းထိုင် ဆရာတော်တွေက အလားတူ ငြင်းပယ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။


RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။