MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, October 23, 2012

 မည်သည့်နိုင်ငံကမှ မြန်မာနိုင်ငံအပေါ်လွှမ်းမိုးမှု အဖြစ်မခံနိုင်ကြောင်း နိုင်ငံတော်သမ္မတပြောကြား

မည်သည့်နိုင်ငံကမှ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးမှုအဖြစ်မခံနိုင်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အောက်တိုဘာလ ၂၁ ရက်နေ့တွင် နေပြည်တော် မီဒီယာတွေ့ဆုံပွဲ၌ ပြောကြားခဲ့ပါသည်။
နိုင်ငံတော်သမ္မတသည် Myanmar Independent ဂျာနယ်မှမေးမြန်းခဲ့သော "တရုတ်နိုင်ငံနဲ့ ဖက်စပ်လုပ်တဲ့ စီမံကိန်းတော်တော်များများကို မြန်မာပြည်သူတွေက မကျေနပ်ကြဘူး။ သမ္မတကြီးကိုယ်တိုင်လည်း မြစ်ဆုံစီမံကိန်းကို ရပ်ထားတယ်။ အခုလက်ပံတောင်းတောင် စီမံကိန်းကိုလည်း ပြည်သူတွေက ဆန့်ကျင်တယ်။ ရှေ့ဆက်တရုတ်နိုင်ငံနှင့် စီးပွားရေးမည်ကဲ့သို့ လုပ်ဆောင်သွားမည်နည်း"ဟူသော မေးခွန်းကို ဖြေကြားရာ၌ ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့နိုင်ငံကို တရုတ်ကချည်း လွှမ်းမိုးသွားတာ၊ အမေရိကန်ကချည်း လွှမ်းမိုးသွားတာ၊
ကျန်တဲ့ နိုင်ငံတွေကလာပြီး လွှမ်းမိုးသွားတယ်ဆို နိုင်ငံရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်။ ဒါမျိုးအဖြစ်မခံပါဘူး။ မူဝါဒမှာလည်း ဒီအတိုင်းချထားပါတယ်။ နောက်တစ်ချက်ကတော့ အချုပ်အခြာအာဏာကို ထိပါးမခံပါဘူး"ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ပါသည်။
သို့သော် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့်အပြင် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ထားချိန်၌ အကူအညီပေးမှုများ ရှိခဲ့သည့်အတွက် ကျေးဇူးရှိသောနိုင်ငံဖြစ်ကြောင်း နိုင်ငံတော်သမ္မတကပြောသည်။
"ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ကျွန်တော်တို့ရဲ့ တိုင်းပြည်ကိုစီးပွားရေးတွေ ပိတ်ဆို့ထားတဲ့အချိန်၊ ဘယ်နိုင်ငံကမှ ကျွန်တော်တို့ကို လှည့်ပြီးမကြည့်တဲ့အချိန်၊ ဘယ်နိုင်ငံကမှ ကျွန်တော်တို့ကို အကူအညီမပေးတဲ့ အချိန်မှာ ကျွန်တော်တို့ကိုစာနာပြီးတော့ ချေးငွေပေးတာတွေကို တရုတ်နိုင်ငံကပဲ ဆောင်ရွက်ပေးနေတယ်ဆိုတာ အားလုံးသိပါတယ်။ နိုင်ငံတကာမှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံဘက်ကနေ အမြဲတမ်းထောက်ခံပြီးတော့ ရပ်တည်ခဲ့တဲ့နိုင်ငံပါ။ သိပ်ပြီးတော့အခက်အခဲ အကြပ်အတည်း ကြုံလာတဲ့အခါမှာ သူတို့ရဲ့ဗီတိုအာဏာကို သုံးပြီးတော့ မြန်မာနိုင်ငံဘက်က ထောက်ခံခဲ့ပါတယ်။ ကိုယ့်နိုင်ငံကို ဘယ်သူကမှ ဆေးဖော်ကြောဘက်မလုပ်တဲ့အချိန်၊ ဘယ်နိုင်ငံမှ အကူအညီမပေးတဲ့အချိန်၊ ဘယ်နိုင်ငံမှ လှည့်မကြည့်တဲ့အချိန်၊ ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုကူညီစောင့်ရှောက်တာ တရုတ်မှမဟုတ်ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ် ဒီကျေးဇူးတရားတွေကို မမေ့ကောင်းပါဘူး"ဟု နိုင်ငံတော်သမ္မတက ပြောပါသည်။
"ရင်းနှီးမြှုပ်နှံတယ်ဆိုတာ ကိုယ်ရင်းနှီးမြှုပ်နှံချင်သလို လာပြီးတော့ ရင်းနှီးမြှုပ်နှံလို့မရပါဘူး။ ဥပဒေတွေရှိပါတယ်။ စည်းမျဉ်းစည်းကမ်းတွေရှိပါတယ်။ ဒီဟာတွေကို မူဝါဒအနေနဲ့ ချမှတ်ထားတာပါ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လာပြီဆိုရင် တစ်အချက်က ကိုယ့်တိုင်းရင်းသား အကျိုးစီးပွားကို မထိခိုက်စေရပါဘူး။ နောက်ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာကိုမထိခိုက်စေရပါဘူး"ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။

News Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။