MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, October 24, 2012

ပခုက္ကူမှပေါက်မြို့၊ ယောဒေသ၊ ချင်းပြည်နယ်ကားလမ်းတစ်လျှောက် ကျောချောင်း၊ ယောချောင်း ရေလျှံမှုကြောင့် လမ်းပျက်စီးမှုများပြားပြီး ညအိပ်စောင့်ဆိုင်းရမှုများ ကြုံတွေ့နေရ

ချောင်းရေကြီးမှုကြောင့် လမ်းပျက်စီးကာ ခရီးသည်များ၊ ကုန်တင်ယာဉ်များ စောင့်ဆိုင်းနေစဉ်
 24mt 
မကွေးတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူမှ ပေါက်မြို့ယောဒေသ၊ ချင်းပြည်နယ်သို့သွားရာ ကားလမ်းတစ် လျှောက် ကျောချောင်း၊ ယောချောင်း ရေလျှံမှုကြောင့် လမ်းပျက်စီးမှုများဆိုးရွားစွာ ကြုံတွေ့နေရပြီး ကျောချောင်းရေမှာ အောက်တိုဘာလထိ ပြန်လည်ကျဆင်းခြင်း မရှိသည့်အတွက် ခရီး
သွားများ ကုန်တင်ယာဉ်များမှာ ချောင်းရေကျချိန်ထိ ညအိပ်စောင့်ဆိုင်းနေရကြောင်း သတင်းရရှိပါသည်။



အဆိုပါ ယောချောင်း ကျောချောင်း ရေကြီးမှုကြောင့် ခရီးသည်များ ကုန်တင်ယာဉ်များမှ ကုန်ပစ္စည်းများသည် လှည်း၊ လှေတို့ဖြင့် အဆင့်အဆင့် ကူးဖြတ်ရသည့်အတွက် ခရီးစရိတ် ပိုမိုကုန်ကျခြင်း၊ ပစ္စည်းသယ်ယူခ ပိုမို ကုန်ကျသည့်အတွက် ကုန်စည်ဈေးနှုန်း ကြီးမြင့်ခြင်းများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
“လက်ရှိ မိုးများပြီး ချောင်းရေလျှံတော့ လမ်းကတချို့နေရာတွေ သွားမဖြစ်ဘူး။ လမ်းတွေက တော်တော်ဆိုး နေတော့ လိုတဲ့ခရီး သူ့အချိန်နဲ့သူ မရောက်တော့ဘူး။ အခုဆိုရင် လမ်းက မောင်းမဖြစ်အောင်ဆိုးနေတော့ ဆွဲ ကားကြီးတွေနဲ့ ဆွဲရတယ်။ ဆွဲကားမရှိရင် ဘာမှလုပ်လို့မရတော့ဘူး။ ကားဆွဲခတွေ၊ စရိတ်တွေ ပိုတက်လာတော့ တန်ဆာခတွေလည်း တက်တောင်းရတယ်” ဟု အဆိုပါ လမ်းခရီးမောင်း ကားသမားတစ်ဦးက ပြောပါသည်။
ပခုက္ကူမှ ပေါက်မြို့၊ ယောဒေသ၊ ချင်းပြည်နယ်တို့သို့ သွားရာလမ်းတွင် ယခင်က ကျောချောင်း၊ ယောချောင်း အတွင်းရှိ ရေပြာတံတားနှင့် အုန်းတောတံတားတို့မှ သွားလာကြပြီး ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင်း ဖြစ်ပေါ်ခဲ့သော မကွေးတိုင်းဒေသကြီးအတွင်း ချောင်းရေကြီးမှုတွင် အဆိုပါ တံတားနှစ်စင်းစလုံး မျောပါ ပျက်စီးခဲ့သည့်အတွက် ချောင်းများအတွင်းမှ ဖြတ်သန်းသွားလာရသောကြောင့် မိုးများပြီး ချောင်းရေကျချိန်တွင် မော်တော်ကားများမှာ ဖြတ်ကူးနိုင်ခြင်း မရှိသည့်အတွက် ခရီးသည်များမှာ ချောင်းရေကျချိန်ထိ ညအိပ်စောင့်ဆိုင်းနေရပြီး ကားလမ်းများ ဆိုးရွားစွာ ပျက်စီးနေသောကြောင့် ယာဉ်အန္တရာယ် စိုးရိမ်မှုများလည်း ကြုံတွေ့နေရကြောင်း သိရှိရသည်။

News Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။