MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, October 24, 2012

အရက်မူးနေသူကို ဖမ်းဆီးထိုးကြိတ်ကာ သေဆုံးသွားသဖြင့် ရဲဝန်ထမ်းလေးဦးအား လူသတ်မှုပုဒ်မဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထား

ပဲခူတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ်တွင် စက်တင်ဘာလ ၁ ရက်နေ့ ည ၉ နာရီအချိန်ခန့် တွင် အရက်မူးနေသူအား ဖြူးမြို့နယ်ရဲစခန်းမှ ရဲဝန်ထမ်းများက ဖမ်းဆီးထိုးကြိတ်ကာ သေဆုံးမှု ဖြစ်ပွားသဖြင့် ခုံရုံးအဖွဲ့ဖွဲ့ကာ စစ်ဆေးစုံစမ်းမှုများ ပြုလုပ်ပြီးနောက် ပြစ်မှုနှင့်ပတ်သက်မှုရှိသူ ရဲဝန်ထမ်းလေးဦးအား လူသတ်မှု ပုဒ်မ(၃၀၂) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ စက်တင်ဘာလ ၁ ရက်နေ့ ည ၉နာရီ အချိန်ခန့်တွင် ဖြူးမြို့နယ် အနောက်ဘက် ခင်တန်းကြီးကျေးရွာနေ လင်းကိုကိုထက်(ခ)ကိုလင်း (ခ) ရွာသားကြီး(၂၄)နှစ်သည် ဖြူးမြို့ နယ်ရဲစခန်းနှင့် လမ်းမတစ်ဖက်ခြမ်း မျက်စောင်းထိုးခန့်ရှိ “လောကနတ်” စားသောက်ဆိုင်တွင် အရက်သောက် စားခဲ့ကြောင်း သိရသည်။ ထို့နောက် ဆိုက်ကားဖြင့် အပြန်တွင် ဖြူးမြို့နယ် ရဲစခန်းမှ ရဲဝန်ထမ်းနှင့် စကား အချေအတင်ဖြစ်ကာ အရက်မူးနေသူအား ဖြူးမြို့နယ်ရဲစခန်းမှ ရဲဝန်ထမ်းများက ရဲစခန်းသို့ ခေါ်ဆောင်ထိန်း သိမ်းရာတွင်
ကိုလင်းအား ရိုက်နှက်ထိုးကြိတ်မှုများ ပြုလုပ်ခဲ့ကြကြောင်း၊ ထိုသို့ထိုးကြိတ် ရိုက်နှက်မှုများကြောင့် အရက်မူးနေသူ ကိုလင်းမှာ မျက်နှာ၊ နဖူးနှင့် လည်ပင်းတို့တွင် ထိခိုက်ဒဏ် ရာများ ရရှိကာ ဖြူးမြို့နယ်ဆေးရုံသို့ ပို့ဆောင်ပြီးနောက် သေဆုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခေါ်ဆောင် သွားစဉ်အချိန်မှ တစ်နာရီခွဲဝန်းကျင်အတွင်း သေဆုံးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူ၏ မိဘများပြော ကြားသဖြင့် သိရှိရသည်။
ယင်းဖြစ်စဉ်အား ဖြူးမြို့နယ် ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၇/၂၀၁၂ ဖြင့် စတင်အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကာ ဒုတိယရဲမှူးနှင့် ရဲအုပ်နှစ်ယောက်ပါသော အဖွဲ့က ခုံရုံးအဖွဲ့ဖွဲ့၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး တရားရုံး၏ ဆုံးဖြတ်ချက်ကိုရယူကာ သေဆုံးသူ ကိုလင်းအား ရိုက်နှက်ထိုးကြိတ်မှုတွင် ပါဝင်ခဲ့သော ဖြူးမြို့နယ်ရဲစခန်းမှ ရဲဝန်ထမ်း လေးဦးတို့အား ဖြူးမြို့နယ်စခန်းမှူး ရဲအုပ်အုန်းကျော်မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် ကနဦး အမှုဖွင့်ထားသော သေမှုသေခင်း အမှတ်စဉ် ၇/၂၀၁၂ အား အောက်တိုဘာလ ၁၉ ရက်နေ့တွင် (ပ)၃၀၇၊ လူသတ်မှုပုဒ်မ (၃၀၂) သို့ ပြောင်းလဲဖွင့်လိုက်ကြောင်း သိရသည်။
“ဒီဟာကို တရားရုံးကနေပြီးတော့ ဓမ္မတာအတိုင်းဖြစ်တယ်လို့ ထင်ရှားမှုမရှိဘဲနဲ့ ပြင်ပပြုလုပ်မှုတစ်ခုခုကြောင့် လို့ ယူဆတယ်ဆိုတဲ့ သတ်မှတ်ချက်ချတယ်၊ အဲဒါကြောင့်ဆိုရင် ဒီဆုံးဖြတ်ချက် အရဆိုရင် လူသတ်မှုဖွင့်ပြီး တရားရုံးမှာ လူသတ်မှုနဲ့ရှင်းရမယ်၊ ကျွန်တော်တို့က ကျွန်တော်တို့သဘောနဲ့လည်း မဆုံးဖြတ်ဘူး၊ တိုင်းရုံးကနေပြီးတော့ ရဲချုပ်ထံတင်ပြပြီးတော့မှ ရဲချုပ်ကနေပြီးတော့ လူသတ်မှုဖွင့်ပါတော့ဆိုပြီး ညွှန်ကြားလိုက်တယ်၊ ဒါပဲ ကျွန်တော်တို့က လုပ်ထုံးလုပ်နည်းအတိုင်းပဲ လုပ်ပေးတာပါ” ဟု တောင်ငူ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဦးဝင်းစိန်က ပြောကြားပါသည်။

News Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။