MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, October 23, 2012

ဗိုလ်တစ်ထောင် ဆိပ်ကမ်း၌ ရေပေါ်ဟိုတယ်ဧရိယာ တည်ဆောက်ခွင့် တင်ဒါခေါ်ယူရာတွင် ပုလဲမြေကုမ္ပဏီမှ တစ်လလျှင် ကျပ်သိန်းတစ်ထောင်ဖြင့် မြေငှားရမ်းခအများဆုံး ပေးဆောင်သည့် ကုမ္ပဏီဖြစ်ကြောင်း သိရ

ဗိုလ်တစ်ထောင်ဆိပ်ကမ်း ၌ ရေပေါ်ဟိုတယ်ဧရိယာ တည်ဆောက်ခွင့် တင်ဒါခေါ်ယူရာတွင် ပုလဲမြေ ကုမ္ပဏီမှ တစ်လလျှင် ကျပ်သိန်းတစ်ထောင်ဖြင့် မြေငှားရမ်းခအများဆုံး ပေးဆောင်သည့် ကုမ္ပဏီဖြစ်ကြောင်း သိရသည်။ တင်ဒါရွေးချယ်ရာတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ ပေးဆောင်မည့် မြေငှားရမ်းခ နှုန်းထားအပေါ် မူတည်၍အများဆုံး ပေးဆောင်နိုင်သူ ၃ဦးအား ဆက်လက်ရွေးချယ် သွားမည်ဖြစ်သည့် အတွက် ပုလဲမြေကုမ္ပဏီသည် လုပ်ငန်းလုပ်ကိုင်ခွင့် ရနိုင်ခြေရှိနေကြောင်းလည်း သိရသည်။
“ဗိုလ်တစ်ထောင်ဆိပ်ကမ်း ကြီးသာယာလှပပြီး၊ နိုင်ငံတကာ အဆင့်မီ အပန်းဖြေဆိပ်ကမ်းကြီး တစ်ခုအဖြစ် အောင်မြင်အောင် လုပ်ဆောင်သွားနိုင်မယ်လို့ ယုံကြည်လို့ အခုလို တင်ဒါအောင်မြင်အောင်
ကြိုးစားခဲ့တာပါ” ဟုမြေငှားရမ်းခ အများဆုံးပေးဆောင်ပြီး လုပ်ငန်း လုပ်ကိုင်ခွင့် ရနိုင်ခြေရှိနေသည့် ပုလဲမြေကုမ္ပဏီမှ မန်းနေဂျင်းဒါရိုက်တာဦးသူရစိုးက ပြောကြားခဲ့သည်။
ဗိုလ်တစ်ထောင်ဆိပ်ကမ်းရှိ ကမ်းပါးထိန်း ရေကာတံတိုင်းအား မြစ်ဘက်သို့ တိုးချဲ့တည်ဆောက် ခြင်း၊ မြေဖို့ခြင်းနှင့် ယင်းမြေပေါ်တွင် အပန်းဖြေအနားယူနိုင်ရေးနေရာများ၊ အဆောက်အုံများနှင့် ဆိုင်ခန်းများတည်ဆောက်ရန်အ တွက် အိတ်ဖွင့်တင်ဒါပုံစံများကို ၂၀၁၂ခုနှစ်၊ သြဂုတ်လ ၂၃ရက်နေ့ နှင့် ၂၄ရက်နေ့များတွင် မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်မှ ရောင်းချ ခဲ့သည်။ အဆိုပါအိတ်ဖွင့်တင်ဒါ ပုံစံများအား တစ်စောင်လျှင် အမေရိကန် ဒေါ်လာ ၁၀၀ ဖြင့်ရောင်းချခဲ့ရာ  တင်ဒါ ပုံစံ ၆၅စောင်အား ကုမ္ပဏီ အဖွဲ့အစည်းအသီးသီးမှ လာရောက်ဝယ်ယူခဲ့ ကြသည်ဟု သိရသည်။
ယင်းအိတ်ဖွင့်တင်ဒါပုံစံများ အတွက် တင်ဒါပုံစံလုံခြုံမှု အာမခံ စပေါ်ငွေ မြန်မာကျပ်ငွေ သိန်း၅၀၀ အား မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ အောက်တိုဘာလ ၁၀ရက်နေ့မှ ၁၅ ရက်နေ့အတွင်း လက်ခံခဲ့ရာ ကုမ္ပဏီ အဖွဲ့အစည်း ၇ခုမှ ပေးသွင်းခဲ့ကြောင်း သိရသည်။ အဆိုပါ အာမခံစပေါ်ငွေ ငွေကျပ်သိန်း ၅၀၀အား တင်ဒါ အောင်မြင်ခြင်းမရှိသည့် ကုမ္ပဏီ များအား ပြန်လည် ထုတ်ယူခွင့်ပြုသွားမည်ဟုလည်း သိရသည်။
အဆိုပါကုမ္ပဏီ အဖွဲ့အစည်း ၇ခုမှာ လှလှပပကုမ္ပဏီ၊ တောင် ပြာတန်းကုမ္ပဏီ၊ Kispa Nadi Express ၊ ပုလဲမြေကုမ္ပဏီ၊ Lion Myanmar Int'l ကုမ္ပဏီ၊ Mahn Star ဆောက်လုပ်ရေးကုမ္ပဏီနှင့် Lotus Crown ကုမ္ပဏီတို့ဖြစ်သည်။
အဆိုပါအိတ်ဖွင့်တင်ဒါ ပုံစံများအား အောက်တိုဘာလ ၁၆ရက်နေ့ နေ့လည်၁နာရီက မြန်မာ့ ဆိပ်ကမ်းအာဏာပိုင် ရုံးချုပ်တွင် ဖွင့်ဖောက်စစ်ဆေး၍ စိစစ်ရွေးချယ်ခဲ့ ပါသည်။ ယင်းသို့စိစစ်ရွေးချယ်ရာ တွင် ပထမအဆင့်အနေဖြင့် တင်ဒါ စည်းကမ်းတွင် ပါဝင်သော အချက် ၇ချက်ဖြင့် ပဏာမစိစစ်ရွေးချယ်ခဲ့ ခြင်းဖြစ်သည်။
ယင်းနောက်ဒုတိယအဆင့် အနေဖြင့် စိစစ်ရွေးချယ်ရာတွင် မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်သို့ ပေးဆောင်မည့် မြေငှားရမ်းခနှုန်းထားအပေါ် မူတည်၍အများဆုံးပေးဆောင်နိုင်သူ ၃ဦးအား ဆက်လက်ရွေးချယ်ခဲ့ပါသည်။ ဒုတိယအဆင့် တင်ဒါ အောင်မြင်သူ၃ဦး၏ အသေးစိတ် အချက်အလက်များ ဖြစ်သည့် ငွေ ကြေးခိုင်မာမှု အထောက်အထား၊ ရင်းနှီးမြုပ်နှံမည့် ပမာဏ၊  ပုံစံဒီဇိုင်း နှင့်စံချိန်စံညွှန်းများကို ဆက်လက် စိစစ်ပြီး နောက်ဆုံးအဆင့် တင်ဒါ အောင်မြင်သည့် ကုမ္ပဏီအား ထုတ်ပြန်ကြေညာ သွားမည်ဖြစ်သည်။
ဗိုလ်တစ်ထောင်ဆိပ်ကမ်းတင်ဒါ အောင်မြင်သည့် ကုမ္ပဏီများ၏ အဆင့်သတ်မှတ်ချက်စာရင်း
စဉ်     တင်ဒါသွင်းသည့် ကုမ္ပဏီ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်သို့ တစ်လလျှင်ပေးဆောင်မည့် မြေငှားခနှုန်းထား
ပုလဲမြေကုမ္ပဏီ                    ကျပ် သိန်း ၁၀၀၀
Lion Myanmar Int'lကုမ္ပဏီ          ကျပ် သိန်း ၃၆၀
တောင်ပြာတန်းကုမ္ပဏီ            ကျပ် သိန်း ၃၀၀
လှလှပပကုမ္ပဏီ                  ကျပ် သိန်း ၂၅၀
Mahn Star ဆောက်လုပ်ရေးကုမ္ပဏီ          ကျပ် သိန်း ၂၀၅.၈
Kispa Nadi Express ကုမ္ပဏီ          ကျပ် သိန်း ၂၀၀
Lotus Crown ကုမ္ပဏီ               ကျပ် သိန်း ၂၀

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။