MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, October 23, 2012

လယ်သမားတွေ ၀ါဝါ၀င်း ကုမ္ပဏီကို ဆန္ဒပြ

2012-10-22
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အတွင်းပဒံ အပြင်ပဒံကျေးရွာက လယ်သိမ်းခံရတဲ့ လယ်သမား (၆၀) ကျော်ဟာ ရန်ကုန်မြို့ လသာမြို့နယ်မှာရှိတဲ့ ဝါဝါဝင်းကုမ္ပဏီ ရုံးချုပ်ရှေ့မှာ အောက်တိုဘာလ ၂၂ ရက်နေ့ ဒီကနေ့ မနက်ပိုင်းက သွားရောက် စုဝေးဆန္ဒပြခဲ့ကြပါတယ်။
၂၀၁၂ စက်တင်ဘာလ ၇ ရက်က ဆင်ဖုံကျေးရွာနှင့် သင်္ဃန်းကျွန်းကြီးကျေးရွာမှ လယ်သမားများ ထောက်ကြံ့မြို့ရှိ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ရုံးချုပ်ရှေ့တွင် ဆန္ဒထုတ်ဖော်နေစဉ်။

လျော်ကြေးငွေ ပေးအပ်ဖို့ ကုမ္ပဏီဘက်က တစုံတရာ အကြောင်းမပြန်မချင်း နောက်ရက်တွေမှာလည်း ဆက်လက်ဆန္ဒပြသွားမယ်လို့ အဲဒီဆန္ဒပြပွဲ မှာပါဝင်တဲ့ လယ်သိမ်းခံ တောင်သူတစ်ဦးက RFA ကို ပြောပါတယ်။ဝါဝါဝင်းကုမ္ပဏီ တာဝန်ရှိသူတွေနဲ့ ဆန္ဒပြပွဲ ဦးဆောင်သူ လယ်သမားတွေ  ဒီကနေ့
မနက်ပိုင်းက တွေ့ဆုံညှိနှိုင်းခဲ့ကြပေးမယ့် ပြေလည်မူမရရှိခဲ့ဘူးလို့လည်း သိရပါတယ်။
လယ်သမားတွေဘက်က အသိမ်းခံရတဲ့ လယ်တစ်ဧကအတွက် ကာလပေါက်ဈေးရဲ့ ၁၀ ရာခိုင်နှုန်း လျှော်ကြေးရလိုကြောင်း၊ ဒါမှမဟုတ် မိမိတို့ လယ်ယာမြေတွေပေါ်မှာ ပြန်လည်လုပ်ကိုင်ခွင့်ရလိုကြောင်း ကုမ္ပဏီနဲ့ ပထမအကြိမ် တွေ့ဆုံခဲ့စဉ်ကတည်းက တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ဆန္ဒပြပွဲအတွက် လသာမြို့နယ်ရဲစခန်းမှာ နှစ်ကြိမ်တိုင်တိုင် ကြိုတင်ခွင့်ပြုချက် တောင်းခံခဲ့ပေမယ့် အာဏာပိုင်တွေက ခွင့်ပြုချက် မပေးခဲ့ဘူးလို့ လယ်သမားတွေက ပြောပါတယ်။
ဝါ၀ါဝင်း ကုမ္ပဏီဟာ အနော်ရထာ စက်မှုဇုန်စီမံကိန်း အကောင်အထည် ဖော်ဖို့အတွက် လှိုင်သာယာမြို့နယ်က အတွင်းပဒံ၊ အပြင်ပဒံ၊ ကျွန်းကြီး ကျွန်းလေး စတဲ့ကျေးရွာတွေက လယ်ဧက ၇၀၀ ကျော်  ကို ၁၉၉၅-၉၆ ခုနှစ် အတွင်း သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။