MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, October 23, 2012

နိုင်ငံတော်ပိုင် ရုပ်ရှင်ရုံများကို လွှဲပြောင်းရောင်းချခြင်းအား ထပ်မံပြုလုပ်မည် မဟုတ်ကြောင်း သိရ

ရုပ်ရှင်ရုံ နည်းပါးမှုပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတော်ပိုင် ရုပ်ရှင်ရုံများကို ပုဂ္ဂလိကရုံများ အဖြစ် လွှဲပြောင်းရောင်းချခြင်းအား ထပ်မံ ပြုလုပ်မည် မဟုတ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနမှ အကြောင်းကြား ထားသည်ဟု မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောကြားခဲ့သည်။
 ရုပ်ရှင်ရုံနည်းပါးမှု ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတော်ပိုင် ရုပ်ရှင်ရုံများကို လွှဲပြောင်းရောင်းချခြင်း မပြုရန်နှင့် ရုပ်ရှင်ရုံသစ်များ ထွက်ပေါ်လာစေရန် ရုပ်ရှင်အစည်းအရုံးမှ
တင်ပြတောင်းဆိုခဲ့ရာ၌ ယခုကဲ့သို့ အကြောင်းပြန်ကြားလာခြင်းဖြစ်သည်။
e831
“ရုပ်ရှင်ရုံတွေကိုထပ်မံလွှဲပြောင်း ရောင်းချခြင်းမပြုတော့ဘူးလို့ တရားဝင် အသိပေးအကြောင်း ကြားလာပါတယ်။ ဒီဝမ်းသာစရာ သတင်းကို ရုပ်ရှင်လောကသား အားလုံး သိနိုင်ဖို့ သတင်းစကား ပါးချင်တာပါ။ နောက်တစ်ဆင့်ဖြစ်တဲ့ ရုပ်ရှင်ရုံအသစ်တွေ ထပ်မံထွက်ပေါ်လာဖို့ ဆိုတာကတော့ နိုင်ငံတော်အဆင့် ပေါ်ထွက် လာရမယ့် အဆင့်ပါ။ အဲဒါကိုလည်း အဆင့်ဆင့်တင်ပြထားပါတယ်” ဟု ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်း ကရှင်းပြခဲ့သည်။
မြန်မာတစ်နိုင်ငံလုံးတွင် နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်နှင့် နှစ်ရှည်ငှား ရုပ်ရှင်ရုံ ၁၁၆ ရုံ ရှိသည်ဟု မြန်မာ့ရုပ်ရှင်လုပ်ငန်းတွင် ကောက်ယူထားသည့် စာရင်းများအရ သိရှိရသည်။ အဆိုပါ ရုပ်ရှင်ရုံများမှာ နိုင်ငံတော်ပိုင် ရုပ်ရှင်ရုံများအား ရုပ်ရှင်ရုံလုပ်ငန်း လုပ်ကိုင်ရန်အပြီး လွှဲပြောင်း ရောင်းချထားသည့် ရုပ်ရှင်ရုံ ၄၉ ရုံ၊ ပုဂ္ဂလိကပိုင် ရုပ်ရှင် ရုံ ၃၉ ရုံ၊ နိုင်ငံတော်မှ နှစ်ရှည်ငှားရမ်းထားသည့် ရုပ်ရှင်ရုံ ၂၈ ရုံဖြစ်သည်ဟု သိရှိရသည်။


News Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။