MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, October 23, 2012

ဒီမိုကရေစီရင့်သန်လာသည်နှင့်အမျှ လွှတ်တော်တွင်း တပ်မတော်၏ အခန်းကဏ္ဍ တဖြည်းဖြည်းလျော့သွားစရာရှိကြောင်း နိုင်ငံတော်သမ္မတပြောကြား

ဒီမိုကရေစီ ရင့်သန်လာသည်နှင့်အမျှ လွှတ်တော်တွင်း တပ်မတော်၏ အခန်းကဏ္ဍ တဖြည်းဖြည်း လျော့သွားစရာရှိကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။
Favourite News မှ အယ်ဒီတာချုပ် ဖိုးသောကြာ မေးမြန်းသည့် "တစ်ပါတီစနစ်အုပ်ချုပ်ရေး၊ ၁၉၄၇ခုနှစ် အခြေခံဥပဒေ၊ အစိုးရလမ်းစဉ်ပါတီနဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရ၊ ၁၉၈၈ ခုနှစ် စက်တင်ဘာလ အုပ်ချုပ်ရေးစနစ်များမှ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲကျင့်သုံးရန် ဆောင်ရွက်ရာတွင် ၂၀၀၈ ခုနှစ် မေလ ၁၉ ရက် ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်အတွက် တပ်မတော်၏ အင်အားကို ထိုစဉ်က အခြေအနေများအရ မုချလိုအပ်ချက်တစ်ခုအဖြစ် အချုပ်အခြာအာဏာကို ကျင့်သုံးရာတွင် ပါဝင်ရန် ထည့်သွင်းပြဌာန်းထားသည်ဟု နားလည်ကြပါတယ်။ သို့ပါ၍ ဒီမိုကရေစီစနစ်သို့ အလျှင်အမြန် ကူးပြောင်းလာသည်နှင့်အမျှ လွှတ်တော်အဆင့်ဆင့်တွင် အခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်းသော တပ်မတော်သား ကိုယ်စားလှယ်များက အလိုအလျောက် ပါဝင်မှုရာခိုင်နှုန်းကို တစ်ဆင့်ချင်းလျှော့ချပေးရန် အာဏာရ ပြည်ခိုင်ဖြိုးပါတီ၌ လည်းကောင်း၊ ပြည်ထောင်စုအစိုးရနှင့် လွှတ်တော်အဆင့်ဆင့်တွင် လည်းကောင်း စဉ်းစားနိုင်ပါမည်လား"
ဆိုသည့်မေးခွန်းကို ဖြေကြားရာ၌ ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
"လောလောဆယ်မှာတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကဏ္ဍမှာ တပ်မတော်ကို ကျွန်တော်တို့ပစ်ပယ်ထားလို့ မရပါဘူး။ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတို့၊ ဘာတို့ပြန်ကြည့်ရင် ဗိုလ်ချုပ်အောင်ဆန်းတို့က အစပေါ့လေ။ ဒီကနေ့ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နိုင်ငံရဲ့ဦးဆောင်မှု အပိုင်းကဏ္ဍမှာ တပ်မတော်ကိုလည်း ပါဝင်ခွင့်ပေးထားပါတယ်။ ယူနီဖောင်းကြီးနဲ့ လွှတ်တော်ထဲမှာ ၀င်ထိုင်နေတယ်ဆိုပြီးတော့ ဒီလိုကျွန်တော်တို့ မြင်ကြမှာပါ။ သို့သော်လည်းပဲ နိုင်ငံရေးရာကိစ္စတွေကို အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ကူညီပြီးတော့ ဆောင်ရွက်ပေးတဲ့ သဘောပဲဖြစ်ပါတယ်။ သူ့ကိုတော့ ဒီမိုကရေစီ ရင့်သန်လာတာနဲ့အမျှ တဖြည်းဖြည်းနဲ့ လျော့သွားစရာရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံတင်မဟုတ်ပါဘူး။ အင်ဒိုနီးရှားတို့၊ ဘာတို့လည်း ဒီအတိုင်းပဲ လုပ်သွားတာ ဖြစ်ပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောပါသည်။

News Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။