MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, October 23, 2012

ဆိုမာလီ ပင်လယ်ဓါးပြမှု လျော့ပါး

အိန္ဒိယသမုဒ္ဒရာထဲမှာ ခုတ်မောင်းနေတဲ့ နိုင်ငံတကာသင်္ဘောတွေကို ဆိုမာလီပင်လယ်ဓါးပြတွေက ပစ်မှတ်ထား ပြန်ပေးဆွဲထားမှုတွေဟာ  ၂၀၀၉ ခုနှစ်က စတင်ပြီး ကျဆင်းသွားခဲ့ပေမယ့်၊ အာဖရိကတိုက် ဂီနီပင်လယ်ကွေ့ (Gulf of Guinea) မှာတော့ သင်္ဘောတွေကို ပြန်ပေးဆွဲမှုတွေကတော့ ပိုများလာတယ်လို့၊  မနေ့က တနင်္လာနေ့က လန်ဒန်အခြေစိုက် နိုင်ငံတကာရေကြောင်းသွားလာမှုဗျူရို (International Maritime Bureau) ကနေ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖေါ် ပြထားပါတယ်။
ဒီနှစ်မှာ ဇန်န၀ါရီလကနေ စက်တင်ဘာလထိ ကိုးလတာကာလအတွင်း ဆိုမာလီ ပင်လယ်ဓါးပြတွေရဲ့ နိုင်ငံတကာသင်္ဘောတွေကို စီးနင်း ပြန်ပေးဆွဲမှုပေါင်း (၇၀) ရှိခဲ့ပြီးတော့၊ မနှစ်က ၂၀၁၁ ခုနှစ်ရဲ့ ပထမ ကိုးလတာ ကာလအတွင်းမှာတော့ (၁၉၉)မှု ရှိခဲ့တယ်လို့၊ ဒီအစီရင်ခံစာက ဆိုပါတယ်။

ဒီနှစ် ဇူလိုင်လနဲ့ စက်တင်ဘာလအတွင်း ဆိုမာလီ ပင်လယ်ဓါးပြတွေရဲ့ နိုင်ငံတကာသင်္ဘောတွေ ကို ပြန်ပေးဆွဲမှု တစ်မှုသာရှိခဲ့ပြီးတော့၊ ၂၀၁၁ ခုနှစ် ဇူလိုင်လနဲ့ စက်တင်ဘာလအတွင်းမှာ (၃၆) မှုရှိခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ဆိုမာလီပင်လယ်ဓါးပြတွေက နိုင်ငံတကာသင်္ဘောတွေကို ပစ်မှတ်ထား ပြန်ပေးဆွဲ ထားမှု တွေ လျော့ကျလာရတဲ့ အဓိက အကြောင်းရင်းဟာ၊ နိုင်ငံတကာရေတပ်တွေရဲ့ ကင်းလှည့် ကာကွယ်စောင့်ရှောက်နေမူကြောင့် ဖြစ်တယ်လို့၊ နိုင်ငံတကာရေကြောင်း သွားလာမှုဗျူရို IMB ရဲ့ ညွှန်ကြားရေးမှူး ပေါ့တယ်န်ဂယ်လ် မူကွန်ဒန် (Pottengal Mukundan)က ပြောကြားခဲ့ပါတယ်။ 
 
VOA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။