MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, October 23, 2012

သြစတီးယန်းနိုင်ငံသား စွန့်စားသူ ဘွမ်ဂါ့တ်နာ အာကာသတွင်းမှ မြေပြင်ပေါ်သို့ အလွတ်ခုန်ချပြီး ကမ္ဘာ့စံချိန်သစ်တင်


smt2
အာကာသအတွင်း ရောက်ရှိချိန်တွင် ချိတ်ဆက်အခန်းငယ်မှ ခုန်ချရန်ပြင်ဆင်နေစဉ်

သြစတီးယန်းနိုင်ငံသား စွန့်စားသူ ဖီးလစ်ဘွမ်ဂါ့တ်နာသည် အာကာသတွင်းမှ မြေပြင်သို့ အလွတ်ခုန်ချမှု ကမ္ဘာ့စံချိန်သစ်တင်နိုင်ရေးအတွက် အောက်တိုဘာလ ၁၄ ရက် နေ့တွင် ဒုတိယအကြိမ်မြောက် ကြိုးပမ်းမှု အောင်မြင်ခဲ့သည်။ဘွမ်ဂါ့တ်နာသည် အမြင့်ပေ ၁၂၈၀၉၇ ပေ မှ ၄ မိနစ် ၁၉ စက္ကန့်ကြာ အလွတ်ခုန်ဆင်းခဲ့ပြီးမှ လေ ထီးဖွင့်ခဲ့ခြင်းဖြစ်သည်။ ယခုကြိုးပမ်းမှုတွင် အမြင့်ဆုံး အလွတ်ခုန်ချမှု၊ လူသားတစ်ဦးအတွက် အမြင့်ဆုံးအမြန်နှုန်း၊ အသံ၏ အမြန်နှုန်းကို ချိုးဖျက်နိုင်မှု စံချိန် များတင်နိုင်ခဲ့သော်လည်း ဆင်းလာသည့်အချိန် မြန်ဆန်ခြင်းကြောင့် အချိန်အကြာဆုံး အလွတ်ခုံစံချိန်ကိုမူ
လက်လွှတ်ခဲ့ရသည်။
ငါးမိနစ်ကြာ အလွတ်ခုန်ချပြီး ယင်းစံချိန်ကိုပါရယူရန် ရည်ရွယ်ထားခဲ့သော်လည်း မူလသတ်မှတ်ထားသည့် အမြင့်ပေ ၅၀၀၀ ရောက်မှသာ လေထီးဖွင့်မည့်အစီအစဉ်ထက် ပိုစောပြီး လေထီးဖွင့်ခဲ့ခြင်းကြောင့် ဟု ယူဆရသည်။

smt3
 မြေပြင်သို့ လေထီးဖြင့် ဆင်းသက်အပြီး

ပြီးခဲ့သည့်အပတ်က လေတိုက်နှုန်းကြောင့် စံချိန်တင်ရန်ကြိုးပမ်းမှုကို နောက်ဆုံးမိနစ်တွင်မှ ပယ်ဖျက်ခဲ့ရသည့် အသက် ၄၃ နှစ်အရွယ် ဘွမ်ဂါ့တ်နာသည် ဟီလီယမ်ဓာတ်ငွေ့ ကုဗပေ သန်း ၃၀ ထည့်ထားသည့် မိုးပျံပူဖောင်းကြီးဖြင့် ဆွဲသော ၁ ဒသမ ၃ တန်လေးသည့် အခန်းငယ်ဖြင့် လိုက်ပါသွားခဲ့ခြင်းဖြစ်သည်။
ဘွမ်ဂါ့တ်နာရင်ဆိုင်ရမည့် အကြီးမားဆုံးအခက်အခဲမှာ အမြန်နှုန်း နှင့် အားများကြောင့် သိစိတ် ပျောက်ကာ မေ့မျောသွားနိုင်ခြေမှာ စိုးရိမ်စရာဖြစ်ခဲ့သော်လည်း ကျော်လွှားနိုင်ခဲ့သည်။ အနုတ် ၉၀ ဒီဂရီမျှသာရှိသော အပူချိန်မှာလည်း အထူးပြု လုပ်ထားသည့် အာကာသယာဉ်မှူး ၀တ်စုံနှင့်တူသော ၀တ်စုံကြောင့် ပြဿနာမရှိခဲ့ပေ။

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။