MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, October 24, 2012

ရခိုင်ပြည်နယ်မှာ မီးရှို့မှု ထပ်မံဖြစ်

2012-10-23
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ယိုင်သည်ကျေးရွာမှာ အောက်တိုဘာလ ၂၃ ရက်နေ့ ဒီကနေ့ မနက်ပိုင်းက အပြန်အလှန် နေအိမ်မီးရှို့အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့ညက မင်းပြားမြို့ ပိုက်သည်ရွာမှာစတင်ခဲ့တဲ့နေအိမ်မီးရှို့ အကြမ်းဖက်မှုတွေက မနေ့က အောက်တိုဘာ ၂၂ ရက်နေ့မှာ မင်းပြားမြို့နယ် သရက်အုပ်၊ စမ်းဘလီ၊ အောင်ဒိုင်ကျေးရွာတွေနဲ့ မြောက်ဦးမြို့နယ် ပရိန်ကုန်းကျေးရွာနဲ့ ဒီကနေ့  ယိုင်သည်ကျေးရွာအထိ ဆက်လက်ကူးစက်ဖြစ်ပွားခဲ့တာပါ။ရခိုင်ပြည်နယ်ဥပဒေချုပ်လည်းဖြစ်၊
 ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဌ ဦးလှသိန်းက ကျေးရွာ ၆ ရွာမှာ နေအိမ် အလုံးရေ ၆၆၀ လောက် လောင်ကျွမ်းခဲ့ပြီး သေဆုံးသူ
၃ ယောက်ရှိတယ်လို့ နောက်ဆုံးအခြေအနေကိုပြောပါတယ်။
အခုဖြစ်ပွားတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ဒဏ်ရာရသူတွေကို အတိအကျထုတ်ပြန်နိုင်ခြင်း မရှိသေးပေမယ့် ဒေသခံတွေ အဆိုအရ ဒီကနေ့ အချိန်အထိ ဒဏ်ရာရသူ ၂၀ ဦးခန့် ရှိနေတယ်လို့ ပြောပါတယ်။
မင်းပြားနဲ့ မြောက်ဦးမြို့နယ်တွေမှာ ဒေသအာဏာပိုင် တွေက မနေ့ညကစတင်ပြီး ပုဒ်မ-၁၄၄ ညမထွက်ရအမိန့်ကို မြို့နယ် ၂ ခုစလုံးမှာ ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိအခြေအနေမှာ မင်းပြားမြို့နယ်နဲ့ မြောက်ဦးမြို့နယ်တွေထဲက အပြန်အလှန်ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ နေရာတွေမှာ လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ်ချထားပါတယ်။ အလားတူပဲ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ မနေ့ကည ၁၀ နာရီလောက်မှာ လူမျိုး ၂ ခုအကြား နှစ်ဘက်တင်းမာမှုတွေဖြစ်ပွားခဲ့ပြီး မြို့ပေါ်မှာရှိတဲ့ ဗလီ ၁ လုံး မီးရှို့ခံခဲ့ရတယ်လို့သိရပါတယ်။ ဒီကနေ့ ညနေပိုင်းအထိ ကျောက်ဖြူမြို့ပေါ်မှာ နှစ်ဘက်တင်းမာမှုတွေ ဆက်လက်တိုးပွား လာနေပြီး လုံခြုံရေးတွေကို တိုးချထားဖို့ စီစဉ်နေတယ်လို့ အာဏာပိုင်တွေနဲ့ နီးစပ်သူတွေကဆိုပါတယ်။
ပြည်နယ်အစိုးရအနေနဲ့ ပဋိပက္ခအခြေအနေတွေ ထပ်ပြီးတော့ကြီးထွားလာမယ်ဆိုရင် အဓိကရုဏ်းနှိမ်းနင်းမှု ဥပဒေအတိုင်း ဒေသအာဏာပိုင်တွေနဲ့ ဆက်လက်ဆောင်ရွက်သွာဖို့ရှိတယ်လို့ သိရပါတယ်။

RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။