MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, October 24, 2012

 Miss International ပြိုင်ပွဲ၏ နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြုအလှမယ် နန်းခင်ဇေယျာ Miss Internet ဆု ဆွတ်ခူးရရှိ

 Miss Internet ဆုကို နန်းခင်ဇေယျာက လက်ခံရယူနေစဉ်

22mt2
Miss International ပြိုင်ပွဲ၏ နောက်ဆုံးအဆင့်ပြိုင်ပွဲကို အောက်တိုဘာလ ၂၁ ရက်နေ့တွင် ဂျပန်နိုင်ငံ စံတော်ချိန် ညနေ ၅ နာရီ (မြန်မာ စံတော်ချိန်မွန်းလွဲ ၂ နာရီခွဲဝန်းကျင်) ၌ ဂျပန်နိုင်ငံအိုကီနာဝါမြို့တွင် ကျင်းပ ပြုလုပ်ခဲ့ရာ မြန်မာကိုယ်စားပြုအလှမယ် နန်းခင်ဇေယျာသည် အင်တာနက်မှတစ်ဆင့် မဲပေးရွေးချယ်ခဲ့သည့် Miss Internet ဆုကို ဆွတ်ခူးရရှိခဲ့သည်ဟု သတင်းရရှိသည်။
အဆိုပါ နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် နိုင်ငံအသီးသီးမှ အလှမယ် ၆၈ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပထမဦးစွာ အဖွင့်နှုတ်ဆက်ယှဉ်ပြိုင်မှုတွင် မြန်မာကိုယ်စားပြုအလှမယ် နန်းခင်ဇေယျာက မြန်မာရိုးရာ ထိုင်မသိမ်းဝတ်စုံဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။ ဆက်လက်၍ှSwin Suit ၀တ်ဆင်၍ ယှဉ်ပြိုင်စေမှု၊
ညနေခင်းဝတ်စုံဖြင့် ယှဉ်ပြိုင် စေမှုများကို ပြုလုပ်ပြီးနောက်ပြိုင်ပွဲ အားခေတ္တအနားပေးခဲ့ပါသည်။ ပြန်လည်စတင်ချိန်တွင် Title ဆုများ အားကြေညာခဲ့ရာ အင်တာနက်မှ တစ်ဆင့်မဲပေးရွေးချယ်ခဲ့သည့် Miss Internet ဆုကို မြန်မာကိုယ်စားပြု အလှမယ် နန်းခင်ဇေယျာက ဆွတ်ခူး ရရှိခဲ့ခြင်းဖြစ်သည်။ Miss Internet ဆုသည် Miss International  ပြိုင်ပွဲ ၏ တရားဝင်ဆုတစ်ဆုဖြစ်ပြီးအောက် တိုဘာလ ၈ ရက်နေ့မှ ၁၉ ရက်နေ့ အထိ ပရိသတ်များအား မဲပေးရွေး ချယ်စေရာတွင် မြန်မာကိုယ်စားပြုအလှမယ် နန်းခင်ဇေယျာသည် ဆန္ဒမဲအရေအတွက် သန်း၂၀ကျော်ဖြင့် အများဆုံးရရှိကာ Miss Internet ဆွတ် ခူးရရှိခဲ့ခြင်းဖြစ်သည်။
အခြားသော Title ဆုများကို ကြေညာအပြီးတွင် နောက်ဆုံးဆန်ခါတင်စာရင်းဝင် ၁၅ ဦးကို ကြေညာ ခဲ့ရာ မြန်မာကိုယ်စားပြုအလှမယ် နန်းခင်ဇေယျာ ပါဝင်ခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။ ယင်းအတွက် မြန်မာ ကိုယ်စားပြုအလှမယ် နန်းခင်ဇေယျာသည် Miss International ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့ရာ၌ အင်တာ နက်မှတစ်ဆင့် လူကြိုက်အများဆုံး ဆုကို မဲပေးရွေးချယ်ခဲ့သည့် Popular Choice Award နှင့် အင်တာနက်မှ တစ်ဆင့်ပင် မဲပေးရွေးချယ်ခဲ့သည့် Miss Internet ဆုနှစ်ဆုကို ဆွတ်ခူးရရှိခဲ့ပါသည်။ မြန်မာအလှမယ် နန်းခင် ဇေယျာသည် နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် ပါဝင်ခဲ့ခြင်းမရှိသောကြောင့်  မကြာမီရက်ပိုင်းအတွင်း မြန်မာနိုင်ငံ သို့ ပြန်လည်ထွက်ခွာလာရန် စီစဉ်ထားသည်ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးဖြိုးဝေ ရာဇာက ရှင်းပြခဲ့ပါသည်။
''ကျွန်တော်တို့ မြန်မာကိုယ်စားပြုအလှမယ်က နောက်ဆုံးအဆင့်ထိ ပါဝင်နိုင်ခဲ့ခြင်းမရှိဘူးဆိုပေမယ့် ဆုနှစ်ဆုတောင်ဆွတ်ခူးခဲ့တာဟာ ၀မ်းသာဂုဏ်ယူစရာပါ။ ကမ္ဘာမှာ မြန်မာဆိုတာကို ထင်ထင်ရှားရှားပြသနိုင် ခြင်းက နောက်ဆုံးအဆင့်ပါဝင်ခြင်း မပါဝင်ခြင်းထက်ပိုပြီး ဂုဏ်ယူစရာ ကောင်းပါတယ်''ဟု မြန်မာနိုင်ငံခရီး သွားလုပ်ငန်းအဖွဲ့ချုပ်မှ ဦးဖြိုးဝေရာဇာက ဆက်လက်ရှင်းပြခဲ့သည်။
Miss International ပြိုင်ပွဲသို့ မြန်မာနိုင်ငံအနေဖြင့် နှစ်ပေါင်းငါးဆယ်ကြာမြင့်ပြီးမှ ပထမဆုံး ပြန် လည်ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီးနောက် မြန်မာကိုယ်စားပြုအလှမယ် နန်းခင် ဇေယျာသည် ပရိသတ်ကြိုက်နှစ်သက်မှုဖြင့် ရွေးချယ်ရသည့် Miss Internet ဆုနှင့် Popular Choice Award တို့ကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာကိုယ်စားပြုအနေဖြင့် ဆုနှစ်ဆုရရှိခဲ့ခြင်းအပေါ် သရုပ်ဆောင်ချစ်သုဝေ ကလည်း ''နှစ်ပေါင်းငါးဆယ်လောက် ကြာပြီးမှ မြန်မာကိုယ်စားပြုအနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်နိုင်တာဖြစ်သလို ပရိသတ်အကြိုက်ဆုံးလို့ ဆိုလို့ရမယ့် Title ဆုတွေရခဲ့တာဆိုတော့ အရမ်းဝမ်းသာဂုဏ်ယူတယ်လို့ ထရီဇာက တော့ပြောချင်ပါတယ်။ မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ ဒါကဂုဏ်ယူစရာကောင်းတဲ့ အခြေအနေပဲလေ။ နယ်ပယ်တစ်ခုမှာ ထူးချွန်ပြောင်မြောက်တာဖြစ်တဲ့အပြင် မြန်မာကိုယ်စားပြု ဖြစ်တဲ့အတွက် ထရီဇာအရမ်းဂုဏ် ယူတယ်လို့ ပြောချင်ပါတယ်''ဟု သူ၏ အမြင်အားပြောပြခဲ့သည်။
ဂျပန်နိုင်ငံတွင် Miss International ၀င်ရောက်ယှဉ်ပြိုင်နေသော နန်းခင်ဇေယျာနှင့် ပတ်သက်ပြီး စိုင်း စိုင်းခမ်းလှိုင်ကလည်း ''မြန်မာကိုယ်စားပြု သွားပြိုင်တာဖြစ်တဲ့အတွက် ကျွန်တော်လည်းသူ့ကို တောက်လျောက် အားပေးနေခဲ့တာပါ။ ဆုနှစ်ဆုရခဲ့ တယ်ဆိုတဲ့အတွက် ၀မ်းသာဂုဏ်ယူ ပါတယ်''ဟု ပြောကြားခဲ့သည်။
Miss International ပြိုင်ပွဲကို ၁၉၆၀ ပြည့်နှစ်တွင် ကယ်လီဖိုးနီးယား၌ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၁၉၇၂ ခုနှစ်မှစတင်ကာ ဂျပန်နှင့် တရုတ်နိုင်ငံများတွင် ပြောင်းလဲကျင်းပ ခဲ့သည်။          

News Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။