MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, November 21, 2012

ရခိုင်ပြည်နယ် အကြမ်းဖက်ပဋိပက္ခ နဲ့ ဆက်စပ်ပြီး စုံစမ်းစစ်ဆေးနေ

2012-11-20
ရခိုင်ပြည်နယ်ထဲဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေ အတွင်း ပြစ်မှုကျူးလွန်ခဲ့သူတွေကို ဥပဒေအရ စစ်ဆေးဆောင်ရွက်မှုတွေ စတင်နေပြီလို့ ပြည်ထောင်စု အစိုးရ နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက RFA ကိုပြောပါတယ်၊

Photo: RFA/Moe Thu Aung
ပြီးခဲ့သည့် ဇွန်လအတွင်းက စစ်တွေမြို့မှ နာဇီရွာမှ မွတ်စလင်ဒုက္ခသည်များကို လုံခြုံရေး အစောင့်အရှောက်ဖြင့် ဒုက္ခသည်စခန်းသို့ ပြောင်းရွှေ့ပေးစဉ်။
“လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးကိစ္စ အပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေ ရှိပါတယ်။ အဲဒီ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေအားလုံး တရားဥပဒေနဲ့ အညီ ဖြစ်ဖို့ဆိုပြီးတော့ ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်နေပါတယ်။ တရားဥပဒေ ပြင်ပကနေပြီးတော့
တယောက်နဲ့တယောက် အကြမ်းဖက် လုပ်ရပ်တွေမလုပ်ပဲနဲ့ တရားဥပဒေတွင်းကပဲ နေထိုင်ဖို့ဆိုတဲ့ ဒီအချက် ၂ ချက်ကိုပဲ ကျွန်တော်တို့ ဇောင်းပေးပြီး ထိန်းသိမ်းနေတဲ့ အနေအထားပဲ ဖြစ်ပါတယ်” လို့ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောပါတယ်။

နှစ်ကြိမ် ဖြစ်ခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရကြတဲ့ ဒုက္ခသည်ပေါင်း တစ်သိန်း တစ်သောင်း တစ်ထောင်ကျော်ရှိတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းက ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးရတဲ့ ဒုက္ခသည်တွေကို ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ပေးနိုင်ပြီ ဖြစ်ပေမယ့် မကြာသေးခင်ကမှ ထပ်တိုးလာတဲ့ ဒုက္ခသည်တွေအတွက်တော့ ပြန်လည်နေရာချထားနိုင်ဖို့ကိုပဲ ဦးစားပေးဆောင်ရွက်နေရသေးတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ ဖြစ်ခဲ့တဲ့ ပြသနာတွေရဲ့ အခြေခံထဲမှာ လူမျိုးစု ၂ခုကြား လူမျိုးစွဲ ဘာသာအစွဲနဲ့ သမိုင်းအစွဲတွေကြောင့် တွေ့ရတယ်လို့လည်း ၀န်ကြီး ပြောပါတယ်။ အစိုးရအနေနဲ့ကတော့  နောက်ထပ်ပြသနာတွေမဖြစ်အောင် တရားဥပဒေစိုးမိုးရေးကို ဦးစားပေးဆောင်ရွက်နေပြီး ပြဿနာရဲ့ ဇစ်မြစ်ကို ရှာဖွေနိုင်ဖို့အတွက် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေအရ စီစစ်ဆောင်ရွက်မှုတွေ စတင်နေပြီလိုလည်းပြောပါတယ်။

နယ်စပ်ရေးရာ ၀န်ကြီးဌာန၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကို RFA ၀ိုင်းတော်သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်ပါ။
အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။


RFA News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။