MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, November 21, 2012

မြစ်သာယူနီတီ ရေနံတူးဖေါ်ရေး အလုပ်သမားသမဂ္ဂ ဖွဲ့စည်း ။

2012-11-20
မြစ်သာယူနတီလို့ အမည်ပေးထားတဲ့ ရေနံ အလုပ်သမားသမဂ္ဂကို ကလေးမြို့တောင်ပိုင်းဒေသမှာ တည်ရှိတဲ့ သဒွတ်ချောက်ရေနံမှော်ထဲမှာ နိုဝင်ဘာလ ၁၅ ရက်နေ့က ကော်မီတီအဖွဲ့ဝင် ၃၀ နဲ့ ယာယီ ဖွဲ့စည်းလိုက်ကြပြီး၊ နိုဝင်ဘာလ ၂၁ ရက်နေ့ မနက်ဖြန်မှာ အလုပ်သမားဝန်ကြီး ဌာနမှာ မှတ်ပုံတင်တော့မယ်လို့ သိရပါတယ်။
ကလေးမြို့နယ် ရေနံမှော်ထဲမှာ တပိုင်တနိုင်နဲ့ ရေနံတူးဖော်နေကြတဲ့ ရေနံလုပ်သားတွေဟာ ကုမ္ပဏီတွေရဲ့ ခေါင်းပုံဖြတ်မှုတွေ ခံနေရတာကြောင့် ဒီကိစ္စတွေကို ဖြေရှင်းညှိနှိုင်းပေးဖို့အတွက် ခုလို မြစ်သာယူနတီ ရေနံအလုပ်သမားသမဂ္ဂကို ဖွဲ့စည်းလိုက်ကြတာဖြစ်တယ်လို့ သမဂ္ဂခေါင်းဆောင်
တဦးဖြစ်တဲ့ ကိုစိုးနိုင်က RFA ကို ပြောပါတယ်။
ကလေးမြို့နယ်မှာ ဒေသခံအတော်များများဟာ တနိုင်တပိုင် ရေနံတူးဖေါ်ရောင်းချတဲ့ လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းနေကြရတာပါ။
ကလေးမြို့နယ်က ရေနံအလုပ်သမားတွေဟာ သူတို့တူးဖော်ရရှိတဲ့ ရေနံတွေကို ပြင်ပပေါက်ဈေး ရေနံ ဂါလံ ၅ဝ ဆံ့ ပေပါ တလုံးကို ကျပ် တစ်သိန်းသုံးသောင်း ပေါက်ဈေးရှိနေချိန်မှာ ချယ်ရီရိုးမ၊ မိုးအဲန်မိုး၊ ဖြူးချား၊ ဓနသဟာရ ကုမ္ပဏီတွေထံ ကျပ် ၇ သောင်း လောက်နဲ့ ပေးသွင်းနေကြရတယ်လို့ သိရပါတယ်။

RFA NEWS

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။