MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, November 21, 2012

ရခိုင်ပြည်နယ် အကြမ်းဖက်မှု ဒေသဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ချို့ ပတ်သက်မှုရှိ

2012-11-18
ရခိုင်ပြည်နယ်က အကြမ်းဖက် ပဋိပက္ခတွေအတွင်း တစ်ချို့ဖြစ်ရပ်တွေမှာ ဒေသဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့တစ်ချို့က မူဆလင်တွေကို သတ်ဖြတ်မှုတွေ ရှိခဲ့ကြောင်း၊ မီးလောင်ရာ ကျေးရွာတွေက ထွက်ပြေး သူတွေကိုလည်း တိုက်ခိုက်မှုတွေရှိခဲ့ကြောင်း အမေရိကန်နိုင်ငံ အခြေစိုက် HRW အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းမှာ နိုဝင်ဘာလ ၁၈ ရက်နေ့က ဖေါ်ပြလိုက်ပါတယ်။
ကျောက်ဖြူမြို့က အကြမ်းဖက်မှုတွေမှာဆိုရင် ကမန် မူဆလင်တွေကို ဒေသခံတွေက တိုက်ခိုက်မှုမှာ အစိုးရ လုံခြုံရေးတပ်တွေက ကာကွယ်တားဆီးမှု ပျက်ကွက်ခဲ့တယ်လို့ HRW အဖွဲ့က
ထုတ်ပြန်ချက်ကို အေအက်ဖ်ပီ သတင်းဌာနက ရေးသားထားပါတယ်။

ရခိုင်ပြည်နယ်က အကြမ်းဖက်မှုမှာ မီးလောင်ပျက်စီးသွားတဲ့ မူဆလင် ရိုဟင်ဂျာတွေ အများစု နေထိုင်တဲ့ ကျေးရွာအတော်များများရဲ့ ဓါတ်ပုံတွေကို ဂြိုလ်တုကနေတဆင့် ရိုက်ကူးယူထားတာကိုလည်း HRW အဖွဲ့က ဖေါ်ပြထားကြောင်း HRW အဖွဲ့ရဲ့ ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။

တစ်ချိန်တည်းမှာလည်း သမ္မတ အိုဘားမား သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါ ရခိုင်ပြည်နယ် အရေးကိစ္စကို ထည့်သွင်းဆွေးနွေးပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

HRW အဖွဲ့ရဲ့ ကြေငြာချက်နဲ့ ပတ်သက်ပြီး အာရှဒေသဆိုင်ရာ အကြီးအကဲတစ်ဦးဖြစ်တဲ့ Phil Robertson ကို ဆက်သွယ်မေးမြန်းထားတာကို RFA ၀ိုင်းတော်သား ဦးဝင်းနိုင် တင်ပြထားပါတယ်။
အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။


RFA News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။