MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, November 21, 2012

ဒေါ်အောင်ဆန်းစုကြည်ကို ကုလသမဂ္ဂ HIV နဲ့ AIDS ဆိုင်ရာ သံအမတ်အဖြစ် ခန့်အပ်

2012-11-20
ကုလသမဂ္ဂ က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို UNAIDS လို့ခေါ်တဲ့ ကုလသမဂ္ဂ HIV နဲ့ AIDS ကူးစက်ပျံ့ပွားမှု တားဆီးရေးဆိုင်ရာ ဂုဏ်ထူးဆောင် သံအမတ်ကြီးအဖြစ် မနေ့က ခန့်အပ်လိုက်ပါတယ်။ HIV/ AIDS ရောဂါ ကူးစက်ခံရသူတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ပပျောက်ရေးတာဝန်ကို ထမ်းဆောင်ဖို့အတွက် ခန့်အပ်တာဖြစ်ပါတယ်။

Photo: RFA/Moe Thu Aung
အမေရိကန်သမ္မတ ဘားရက်အိုဘာမားနဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင်တွေ့ရစဉ်
အခုလို ခန့်အပ်လိုက်တာနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က လူ့အဖွဲ့အစည်းနဲ့ ကင်းဝေးတဲ့နေရာတွေမှာ နေနေရပြီး၊ လူသားဂုဏ်သိက္ခာနဲ့ အခြေခံလူ့အခွင့်အရေး ရဖို့တွေအတွက် နေ့တဓူဝ ရုန်းကန်နေကြရသူတွေကို ကူညီဆောင်ရွက်ဖို့အတွက်
အခုလို ရွေးချယ်ခဲ့ရတဲ့အပေါ် အထူးပဲဂုဏ်ယူမိပါတယ်။ ပြောဆိုခွင့်မရသူတွေရဲ့ ကိုယ်စားပြောဆိုနိုင်သူတစ်ယောက် ဖြစ်ချင်ပါတယ်လို့ ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။
UNAIDS အဖွဲ့အမှုဆောင် ညွှန်ကြားရေးမှူး Michel Sidibe ကလည်း ဒီတာဝန်ကို ဒေါ်အောင်ဆန်းစုကြည် လက်ခံခဲ့တဲ့အတွက် အဖွဲ့အနေနဲ့ အလွန်တရာ ဂုဏ်ယူရပါတယ်။ ဒီကနေ့ကာလမှာ ရွာကလေးတွေကနေ မြို့ကြီးတွေအထိ၊ အာဖရိက ကနေ အာရှ အထိ လူတွေဟာ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ပြောဆိုနေကြတာပါ။ လူတွေကို လှုပ်ရှားသွားအောင် လုပ်ဆောင်နိုင်တဲ့ အစွမ်းသတ္တိ သူ့မှာရှိပါတယ်လို့ပြောဆိုပါတယ်။
ဒါ့အပြင် ကိုယ့်ကိုကိုယ် ရောဂါကူးစက်ခံရနိုင်တယ်လို့ သံသယရှိသူတွေအနေနဲ့ စောနိုင်သမျှစောစာ ပိုးရှိ မရှိ စစ်ဆေးသိရှိဖို့ အင်မတန်အရေးကြီးပါတယ်။ ဒါမှသာ နောက်ထပ် ကူးစက်မှု အသစ်တွေ ထပ်ဖြစ်မလာအောင် တားဆီးနိုင်မှာဖြစ်တဲ့အပြင်၊ လိုအပ်တဲ့အခါ အသက်ကယ်ကုသမှုတွေ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ် လို့ UNAIDS အဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူးကပြောဆိုပါတယ်။


RFA News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။