MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, December 30, 2012

ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်စဲဘို့ မင်းကိုနိုင် တိုက်တွန်း

ကချင်ပြည်နယ်မှာ စစ်ပွဲတွေအရှိန်မြင့်တက်နေတာဟာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့အပေါ် ပြည်သူတွေယုံကြည်မှုပျက်စေတဲ့အတွက် စစ်ပွဲတွေ ရပ်စဲကြဖို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားလိုက်ပါတယ်။
Photo courtesy of 88 Generation Students
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင်ကျင်းပသည့် လက်ပံတောင်းတောင်နှင့် ချင်းတွင်းအလှ သဘာဝ ကာကွယ်ထိန်းသိမ်းရေး နှီးနှောဖလှယ်ပွဲတွင် ကိုမင်းကိုနိုင် စကားပြောကြားနေစဉ်။
ပြီးခဲ့တဲ့ရက်တွေမှာ အထက်မြန်မာနိုင်ငံ မြို့ရွာတွေကို စာပေဟောပြောပွဲတွေသွားခဲ့တဲ့ အခါမှာ ကချင်ပြည်နယ်ကစစ်ပွဲနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စကို ဒေသခံတွေမေးမြန်း ကြတဲ့အကြောင်းနဲ့ သူ့သဘောထားပြန်လည်ပြောဆိုခဲ့တဲ့အကြောင်း ကိုမင်းကိုနိုင်က RFA ကို ပြောပါတယ်။ KIO

လက်ပန်းတောင်း အကြမ်းဖက်ခံရမှု တစ်လပြည့် အခမ်းအနား ကျင်းပ

2012-12-29
လက်ပန်းတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲမှု တစ်လပြည့်တဲ့အထိမ်းအမှတ်အဖြစ် ဒီကနေ့ မနက်ပိုင်းက လက်ပန်းတောင်းတောင်ခြေ ဆည်တဲရွာနဲ့ လက်ပန်းတောင်းတောင် ကြားမှာ ဒေသခံရွာသားတွေနဲ့ သံဃာတော်တွေ စုပေါင်းပြီး မေတ္တာပို့ဆုတောင်းခဲ့ကြပါတယ်။
Photo : RFA/San Oo
မန္တလေးမြို့မှ သံဃာတော်များ ထိုင်သပိတ်စတင်
အဲဒီ့မေတ္တာပို့ပွဲမှာ ဆေးကုသမှု ခံယူနေဆဲ သံဃာတော်တွေအတွက် ဗောဇ္ဈင်္ဂသုတ်ကိုလည်း ရွတ်ဖတ်ခဲ့တယ်လို့ မေတ္တာပို့ပွဲမှာ ပါဝင်ခဲ့တဲ့  လက်ပန်းတောင်းတောင်ခြေ ၊ ဇီးတောကျေးရွာ ၊ စမ်းမြဝတီကျောင်းတိုက် ဆရာတော် ဦးအာလောကက RFA ကို မိန့်ကြားပါတယ်။
ဒီကနေ့ ပြုလုပ်ခဲ့တဲ့ မေတ္တာပို့ပွဲကို ပခုက္ကူ ရှင်မတောင်ဆရာတော် ဦးဆောင်တဲ့ သံဃာတော် ငါးပါးနဲ့  လက်ပန်းတောင်ဒေသခံ (၂၆)ရွာက  ရွာသူရွာသား (၂၅၀) ကျော်တို့ စုပေါင်းပြီး

NLD ရဲ့ ပညာရေးကွန်ယက်ဖျော်ဖြေပွဲကနေ အလှုငွေ ၂၆၅၄ သိန်းကျော်ရရှိ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်ရဲ့ နှစ်ရက်ကြာကျင်းပခဲ့တဲ့ အခမဲ့ပညာဒါနကျောင်းများရန်ပုံငွေရှာဖွေရေး ဈေးရောင်းပွဲနဲ့ ဂီတပွဲတော်ကနေ အလှူငွေစုစုပေါင်း ငွေကျပ်သိန်း ၂၆၅၄ သိန်းကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။
Photo:RFA/Myo Zaw Ko
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်ရဲ့ အခမဲ့ပညာဒါနကျောင်းများရန်ပုံငွေရှာဖွေရေး ဈေးရောင်းပွဲနဲ့ ဂီတပွဲတော် နောက်ဆုံးရက်က လူရွှင်တော် မေတ္တာနှင့်အဖွဲ့ ဖျော်ဖြေနေကြစဉ်။
ဒီရန်ပုံငွေရှာဖွေပွဲမှာ ရရှိလာတဲ့ ရန်ပုံငွေတွေကို ပြည်သူလူထုအတွက် ပွင့်လင်းမြင်သာမှုရှိပြီး သိသာထင်ရှားမှုရှိအောင် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပညာရေးကွန်ရက်ရဲ့ ညှိနှိုင်းရေးမှူးတစ်ဦးဖြစ်တဲ့ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက RFA ကို ပြောပါတယ်။
မြန်မာပြည်ပညာရေးအဆင့် မြင့်မားဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ ပညာရေးကွန်ရက်ရဲ့ ဈေးရောင်းပွဲနဲ့ ဂီတပွဲတော်မှာ လွန်ခဲ့တဲ့နှစ် ၂၀ကျော်တုန်းက ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင်ထိုးထားတဲ့

အစိုးရစစ်တပ်နဲ့ကေအိုင်အိုနှစ်ဖက် တိုက်ပွဲ ပြင်းထန်

(Photo: Kachin News Group
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ လက်ရှိ ဌာနချုပ်တည်ရာ လိုင်ဇာမြို့ စစ်ရေးပြ အခမ်းအနားတခုတွင် လက်နက်ကိုင် ကချင်စစ်သည်များကို တွေ့ရသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: Kachin News Group)
ကေအိုင်အို ရဲ့ အဓိကစခန်းဖြစ်တဲ့ လဂျားယန်စခန်းကို အစိုးရတပ်က မနေ့က ဂျက်တိုက် လေယာဉ်တွေနဲ့ အပြင်းအထန်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဒီနေ့မနက်ပိုင်းက စပြီး ခြေလျင်တပ် အင်အားအများအပြားနဲ့ ထိုးစစ် ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ 
ဒီနေ့မနက် ၇ နာရီလောက်ကနေ စတင်ပြီးတော့  ကေအိုင်အို ဌာနချုပ်နဲ့ ၇ မိုင်လောက်ဝေးတဲ့ လန်ဂျားယန်စခန်းကို ဒေါ့ဖုန်းယန် အခြေစိုက် အစိုးရ အမြောက်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်သလို မြေပြင်တပ်တွေကလဲ အများအပြား ထိုးစစ်ဆင်လာတဲ့ အတွက်  တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတယ်လို့ အဲဒီ စစ်မြေပြင်မှာ ရောက်နေတဲ့ ABSDF မြောက်ပိုင်းတပ်ဖွဲ့ရဲ့ ခေါင်းဆောင်

Saturday, December 29, 2012

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း ရပ်ဆိုင်းထားရန် တောင်းဆို



မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တစ်ခုလုံး၏ လိုအပ်ချက်များကို မဖြေရှင်းနိုင်သေးချိန်တွင် စီမံကိန်းရပ်ဆိုင်းထားရန် မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စောင့်ကြည့်ရေးကော်မတီမှ တောင်းဆိုလိုက်သည်။ 
”ဒေသဆိုင်ရာ အာဏာပိုင် များနဲ့ အစိုးရတာဝန်ရှိသူတွေဟာ ဒေသခံ ပြည်သူလူထုဘက်မှာမရှိဘဲ ဖြစ်နေတာကို ဝမ်းနည်းစွာ တွေ့မြင် ရပါတယ်။ ဒေသခံ ပြည်သူေ တွရဲ့ အခက်အခဲတွေ မပြေလည်သေး ခင်မှာ စီမံကိန်းကို ရပ်ဆိုင်းထားဖို့ တောင်းဆိုပါတယ်”
ဟု အဆိုပါ ကော်မတီဥက္ကဋ္ဌ ဦးတင်သစ်က ပြောသည်။ဒီဇင်ဘာ ၂၃ ရက်ေ န့၌ ရန် ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ယင်း ကော်မတီ၏ အစည်းအဝေးပွဲအပြီး နိုဝင်ဘာ၊ ဒီဇင်ဘာ နှစ်လအတွင်း တွေ့ရှိချက်များအပေါ် အစီရင်ခံစာ တစ်ရပ် ထုတ်ပြန် ခဲ့ရာ ၄င်းအစီရင်ခံ စာအရ အထက်ပါအတိုင်း သဘော ထား ထုတ်ပြန်ခဲ့ကြောင်း ၄င်းက ဆက်ပြောသည်။၎င်းထုတ်ပြန်ချက်တွင် EIA လေ့လာဆန်းစစ်ချက် ပြုလုပ် ခဲ့ သော ထိုင်းကုမ္ပဏီ၏

အခွန်တိုးမြှင့်လိုက်ခြင်းကြောင့် တရားမဝင် ဆေးတင်သွင်းမှု များလာ

ဆေးဝါးတင်သွင်းမှုတွင် ကုန်သွယ်လုပ်ငန်းခွန် ၁ဝ ဆတိုးမြင့်လာခြင်းကြောင့် တရားမဝင်တင်သွင်းသူ များပြားလာကြောင်း ဒေါက်တာစောလှက ပြောသည်။ယခင်က ကုန်သွယ်လုပ်ငန်း ခွန် ပေးဆောင်ရမှုမှာ ဝ ဒသမ ၅ ရာခိုင်နှုန်းသာဖြစ်ပြီး ယခုနှစ်တွင် အခွန် ၅ ရာခိုင်နှုန်းသို့ တိုးမြှင့်လိုက် ခြင်းကြောင့် အခွန်ရှောင်လွှဲကာ တရားမဝင်တင်သွင်းမှု များပြား လာခြင်းဖြစ်ကြောင်း ၄င်းက ပြော သည်။ ”၁ဝ ဆတက်သွားတဲ့အခါ အကျိုးသက်ရောက်မှုက စားသုံးသူ တွေ ဈေးကြီးပေးရတာပဲ   မှောင်ခို တွေ များလာတာပေါ့”ဟု ၄င်းက ပြောသည်။အခွန်ရှောင်ကာ တရားမဝင် တင်သွင်းလာသောကြောင့် ဆေး ဝါးများတွင် ဆေးဝါးအတုများ၊ အာနိသင်မပြည့်ဝေ သာ ဆေးများ၊ အာမခံချက်မပေးနိုင်သော ဆေးဝါး များဝင်ရောက်လာကြောင်း ထို့ အတွက်ကြောင့် ဆေးဝါးတင်သွင်းမှုကုန်သွယ်လုပ်ငန်းခွန်အား သင့်

အကယ်ဒမီပွဲပြီးမှ ဒူဘိုင်းကို ဟန်းနီးမွန်းထွက်မယ့် ချောရတနာတို့ ဇနီးမောင်နှံ

ကြည်နူးပျော်ရွှင်မှုများစွာနဲ့ဒီဇင်ဘာ ၁ရက်နေ့ မှာ မင်္ဂလာဆောင်ခဲ့တဲ့ ကိုကျော်လင်းနဲ့ မချောရတနာတို့ကို ပရိသတ်တွေက စိတ်ဝင်တစားရှိ လှပါတယ်။ “အဖေ့ကျောင်း” ဇာတ်ကားမိတ်ဆက်ပွဲမှာ ညီမဖြစ်သူ သန္တာဗို နဲ့အတူ တက်ရောက်လာတဲ့ ချောရတနာက.. “အခု လောလောဆယ် ရိုက်ကွင်းခဏနားထားတယ်။ သရုပ်ဆောင်မှု အပိုင်းကို အရင်တုန်းကလောက် လုပ်ဖြစ်တော့ မှာမဟုတ်ဘူး။ အကျိုးပြု ဇာတ်လမ်းတို့၊ လူမှုရေး ဇာတ် လမ်းတို့လောက်ပဲ ရိုက်ကူးဖြစ်တော့မယ်။ အခုဟာက အိမ်ထောင်သည် ဖြစ်သွားတဲ့အတွက် ကိုယ်တစ်ယောက်တည်း စိတ်နဲ့ နေလို့မရတော့ဘူး။ ကိုယ့်ရဲ့ခင်ပွန်းဖြစ်သူနဲ့ ညှိညှိ နှိုင်းနှိုင်း၊ တိုင်တိုင်ပင်ပင် လုပ်ရမယ်။ တစ်ယောက်တည်းစိတ်နဲ့ သွားလို့မရတော့ နှစ်ယောက်ပေါင်းပြီး စိတ်တစ်ခုနဲ့မှ အဆင်ပြေမှာလေ။ အခုလောလောဆယ် အကယ်ဒမီပွဲပြီးရင်ဟန်းနီးမွန်း ခရီး ထွက်ဖို့ စီစဉ်နေပါတယ်။ ဒူဘိုင်းကို သွားဖြစ်ဖို့များတယ်” လို့ ပြောပါတယ်။ အကယ်ဒမီ ရင်ခုန်သံနဲ့ပတ်သက်ပြီး ချောရတနာက “ဒီနှစ်

သော့ဝိဇ္ဇာရှိုးဂန်း အချုပ်မှ ဖောက်ပြေး လွတ်မြောက်နေစဉ် မန်းတွင် သိန်းတစ်ရာကျော်ဖိုး ဖောက်ထွင်းခဲ့ဟုဆို

မင်္ဂလာတောင်ညွန့် တရားရုံးတွင် ချုပ်ရမန် ရယူနေစဉ် ထွက်ပြေး သွားသည့် သော့ဝိဇ္ဇာ ရှိုးဂန်းသည် လွတ်မြောက်နေစဉ် ကာလ အတွင်း မန္တလေး၌ ကျပ်သိန်း တစ်ရာကျော်ဖိုးဖောက်ထွင်းခဲ့သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သံသယ ရှိကြောင်း သိရသည်။
ရှိုးဂန်း(ခ) စံလင်းအောင် (ခ)ဟာမစ် အသက် ၂၇ နှစ်နှင့် အတူ ၄င်းနှင့်တွဲဖက် ကျော်ဇေယျာလင်း အသက်၂၇ နှစ်လည်း လွတ်မြောက်ခဲ့ခြင်း ဖြစ်ပြီး လွတ်မြောက် နေ စဉ် မန္တလေးသို့ ရောက်ရှိကာ ကျွဲဆည်ကန် လူထု တည်းခိုခန်းတွင် တည်းခိုပြီး ချမ်းအေးသာဇံမြို့ နယ်ရှိ တိုက်ခန်း တစ်ခန်းမှ ငွေ ကျပ်သိန်း ၆ဝ နှင့် ရွှေထည် ၁၂ မျိုး စုစုပေါင်း ကျပ် ၁ဝ၇ သိန်းဖိုး ဖောက်ထွင်း ခဲ့သည်ဟု ဆိုကာ မန္တလေး အမှတ် (၈) ရဲစခန်းမှ ပ-၂၂/၂ဝ၁၂ ပြစ်မှု ပုဒ်မ ၃၈ဝ ဖြင့် အမှုဖွင့်ထားကြောင်း သိရ သည်။
ရန်ကုန်တိုင်း ဒေသကြီး ဒုစရိုက် နှိမ်နင်းရေး ဌာနစုမှ ၄င်းတို့ နှစ်ဦးအား ပထမအကြိမ် အောက်တိုဘာ ၂၅

အခွန် လျှော့ပေါ့ သက်သာခွင့်ပြုရန် လုပ်ငန်းရှင် အချို့တင်ပြ

ပြည်သူ့လွှတ်တော် ဘဏ်များ နှင့် ငွေကြေး ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီသို့ အခွန်နှင့် ပတ်သက်သည် များ ပြန်လည် ပြင်ဆင်ပေးရန် အတွက် UMFCCI မှ ညီနောင် အသင်းများက တင်ပြ တောင်းဆို ထားကြောင်း သိရသည်။ကုန်သွယ် လုပ်ငန်းခွန်နှင့် ဝင် ငွေခွန်ကောက်ခံမှု များကို လက်ရှိ ဖြစ်ပေါ်နေသော စီးပွားရေး အခြေ အနေများအရ လျှော့ပေါ့ ကောက် ခံပေးရေး ဆိုင်ရာ ကိစ္စရပ် များကို အသင်းတာဝန်ရှိ သူများနှင့် လုပ်ငန်းရှင် များက တင်ပြ တောင်းဆိုထားခြင်း ဖြစ်ကြောင်း သိရသည်။ သစ်လုပ်ငန်းရှင်များ အသင်းမှ အထွေထွေ အတွင်းရေးမှူး (၁) ဦး အောင်နိုင်ဦး ကမူ သစ်ခွဲသားများ ပြည်ပ တင်ပို့မှုတွင် ကောက်ခံသော ကုန်သွယ် လုပ်ငန်းခွန် ၅ဝ ရာခိုင်နှုန်း ကို လက်ရှိ သစ်စက်များ မဖွံ့ဖြိုးခင်၌ အချိန်ကာလ တစ်ခုအထိ အခွန်လျှော့ ပေါ့ သက်သာခွင့်ပြုရန် တောင်းဆို

အကယ်ဒမီ ပေးပွဲကို အနောက်တိုင်းဝတ်စုံနဲ့ ပွဲတက်မယ့် ဖြိုးငွေစိုး

ဖြိုးငွေစိုးကခိုင်သင်းကြည်နဲ့အတူ“ကေရိုး” ရုပ်ရှင်ဇာတ်ကားကို ပြဇာတ်ပုံစံမျိုးနဲ့ Sedona Hotel မှာ သရုပ်ဆောင်ပြသမှာ ဖြစ်ပါတယ်။ ဒီပြဇာတ်အတွက်ဘာတွေကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားလဲဆိုတာကိုဖြိုးငွေစိုးက “ကျွန်တော်ခရီးသွားနေတဲ့ အချိန်မှာ အိမ်ကို ကြိုပြောထားတယ်။ ပြန်ရောက်မှ အဲဒီအတွက် ဓာတ်ပုံတွေ သွားရိုက်တယ်။ ကောင်းပါတယ်။ ကျွန်တော်တစ်ခါမှ မလုပ် ဖူးတဲ့ပုံစံမျိုးပါ။ ဇာတ်လမ်းကို ကြိုက် တာထက် “ကေရိုး”နေရာကို ကြိုက်တယ်။ ဇာတ်လမ်း အတိုလေးကို သရုပ်ဆောင်ရမှာ ၂၉၊၃ဝရက် လောက်တော့ အဲဒီအတွက် ဇာတ် တိုက်ရမယ်။ ကြော်ငြာရိုက်တဲ့ နေ့ကတော့ နည်းနည်းပါးပါး ဇာတ်တိုက် ထားတာ ရှိတယ်။ အဲဒါကြောင့် Happy New Yearက အဲဒီမှာရှိမယ်လို့ ပြောပါတယ်။ ဒီနှစ် အကယ်ဒမီပေးပွဲကို အနောက်တိုင်း ဝတ်စုံနဲ့ပွဲ တက်မှာ ဖြစ်ကြောင်း ဖြိုးငွေစိုးက ပြောပါတယ်။ အနောက်တိုင်း ဝတ်စုံကို

စင်ကာပူ အိမ်အကူ တရားမဝင်သဖြင့် ဥပဒေ၏ အကာအကွယ်မဲ့

စင်ကာပူနိုင်ငံသို့ အိမ်အကူ အဖြစ် တရားဝင် သွားရောက် လုပ်ကိုင်ရန် ခွင့်ပြုထားခြင်း မရှိသောကြောင့် မြန်မာ အမျိုးသမီး များသည် ဥပဒေအရ အကာ အကွယ်ပေးမှု မရရှိကြောင်း ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေ သူများက ပြောသည်။
”ဒီက သွားကတည်းက တရားဝင် မဟုတ်တဲ့ အတွက် ဟိုကိုလည်းရောက်ရော အနှိပ်စက် ခံရတာတွေ၊ မတရားစေခိုင်း ခံရတာတွေ ဖြစ်တဲ့အခါ ဥပဒေအရ အကာ အကွယ် မရတော့ဘူး”ဟု စင်ကာပူ အခြေစိုက်ရွှေ့ပြောင်း အလုပ်သမား ကူညီပေးရေးအဖွဲ့ အစည်းဖြစ်သည့် Home မှ ဒေါက်တာ သိန်းသန်းဝင်းက ပြောသည်။၎င်းတို့သည် စင်ကာပူမှ အိမ်အကူ အမျိုးသမီးများ အတွက်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆွယ်တာကို ကျပ်သိန်း(၄၁၅)သိန်းနဲ့ ရွှေ FM က ဝယ်ယူ

2012-12-28
လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်က ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင်ထိုးထားတဲ့ ဆွယ်တာတစ်ထည် ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပညာရေးကွန်ရက်အဖွဲ့ရဲ့ ဒုတိယအကြိမ် ပညာရေးရန်ပုံငွေ ဂီတပွဲတော် ပထမနေ့ မှာ လေလံတင်ခဲ့ရာမှာ ရွှေ FM ရေဒီယို ဥက္ကဋ္ဌ ဒေါ်နန်းမောက်လောဆိုင်း က ကျပ်ငွေ ၄၁၅ သိန်းနဲ့ ဝယ်ယူသွားပါတယ်။
Photo: RFA/Zarni Phyo Wai
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးရန်ပုံငွေရှာဖွေရေးဂီတပွဲမှာ လေလံတင်မယ့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ထိုးထားတဲ့ဆွယ်တာကို သရုပ်ဆာင် ပြေတီဦးက ပြသနေစဉ်
ဒီဆွယ်တာကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ထိုးခဲ့တာမို့ တန်ဖိုးဖြတ်လို့မရဘူးလို့ ဆွယ်တာဝယ်ယူသွားတဲ့ ဒေါ်နန်းမောက်လောဆိုင်း (Nan Mauk Lao Sai) က ပြောပါတယ်။ ရွှေ FM ရေဒီယိုဟာ  Sky Net TV ကို ပိုင်ဆိုင်တဲ့ ရွှေသံလွင်ကုမ္ပဏီရဲ့

မြန်မာနိုင်ငံမှာ အဆိုတော် ဒေါ်မာမာအေး က ဖျော်ဖြေပွဲ ကျင်းပမည်

2012-12-28
အမေရိကန်ပြည်ထောင်စုမှာ ဆယ်နှစ်ကျော်နေထိုင်ခဲ့ပြီး မြန်မာပြည် ကို အလည်အပတ် ရောက်ရှိလာတဲ့ အဆိုတော် ဒေါ်မာမာအေးရဲ့ ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး ဒီကနေ့ ရန်ကုန်မြို့၊ ဘားလမ်းမှာရှိတဲ့ စီးတီးစတား ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
Photo:RFA/Nay Myo Htun
ရန်ကုန်မြို့ ဘားလမ်းက စီတီးစတားဟိုတယ်တွင် အဆိုတော် ဒေါ်မာမာအေးက ယင်းရဲ့ဖျော်ဖြေပွဲနဲ့ ပက်သက်ပြီး သတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်စဉ်။
ပြည်သူချစ်သော မာမာအေး ရသနှလုံးသားပေးဆပ်ပွဲ ဆိုတဲ့ အမည်နဲ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်မာမာအေးက ပရိသတ်အားလုံးကို မေတ္တာစေတနာနဲ့ သီဆိုဖျော်ဖြေပေးချင်တဲ့အတွက် ကျန်းမာရေး မကောင်းတဲ့ကြားက မြန်မာပြည်ကိုရောက်အောင်
 ပြန်လာခဲ့တာဖြစ်တယ်လို့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အဆိုတော် ဒေါ်မာမာအေးရဲ့ ဖျော်ဖြေပွဲမှာ ဂီတမှူးအဖြစ် တာဝန်ယူဆောင်ရွက်ပေးမယ့် စန္ဒရားဆရာ မောင်လှအေးက တီးခတ်ပေးမှာ ဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်တာဝန်ခံအဖြစ်

တရုတ်သံရုံးနား ဆန္ဒပြသူတွေကို ရုံးတင်စစ်ဆေး

2012-12-28
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း အကြမ်းဖက်ဖြိုခွင်းခံခဲ့ရတဲ့ သံဃာတော်တွေအရေးနဲ့ ပတ်သက်ပြီး ဒီဇင်ဘာလ (၁) ရက်နေ့က တရုတ်သံရုံးနားအထိ ဆန္ဒဖော်ထုတ်ရာမှာ ပါဝင်ခဲ့လို့ တရားစွဲဆိုခံထားရတဲ့ ကိုဒီငြိမ်းလင်း၊ ကိုမိုးသွေး၊ ကိုအောင်မျိုးဦး ၊ မသန္တာတို့အပါအ၀င် (၆) ဦးကို ကြည့်မြင်တိုင် နဲ့ အလုံမြို့နယ် တရားရုံးတွေမှာ ဒီကနေ့ ပထမအကြိမ် တရားရုံးတင် စစ်ဆေးခဲ့ပါတယ်။
Photo: RFA
လက်ပန်းတောင်းတောင်အရေး ရန်ကုန်မှာ ဆန္ဒပြခဲ့သူတွေကို ဒီဇင်ဘာ ၃ ရက်နေ့က တရားရုံးတင် စစ်ဆေးစဉ်
တရားစွဲဆိုခံထားရသူ ( ၆ )ဦးဟာ ကြည့်မြင်တိုင် ၊ အလုံ၊ စမ်းချောင်း၊ ဒဂုံ အစရှိတဲ့ မြို့နယ်ရဲစခန်းတွေက တရားမ၀င် စီတန်းလှည့်လည်မှုအရ ပုဒ်မ (၁၈)နဲ့ တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။
ဒီကနေ့ ရုံးချိန်းမှာ အလုံမြို့နယ်နဲ့ ကြည့်မြင်တိုင်မြို့နယ်တရားရုံးတွေက တရားစွဲဆိုခံထားရသူ တစ်ဦးကို ကျပ် ၃ သိန်းစီ စုစုပေါင်း ကျပ် ၆ သိန်းနဲ့ အာမခံကြေး ပေးဆောင်ခဲ့ရတယ်လို့

ကြေးနီစီမံကိန်းကြောင့် ဒေသတွင်းထိခိုက်မှု ပညာရှင်များအဖွဲ့ စတင်လေ့လာ။

2012-12-28
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် ဒေသတွင်းထိခိုက် မှုတွေကို ပညာရှင် ၁၂ဦးပါဝင်တဲ့ အဖွဲ့က စတင် လေ့လာလျက်ရှိနေပြီလို့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့က ပြောပါတယ်။
လေ့လာသုတေသနပြုမဲ့ ပညာရှင် ၁၂ ဦး ပါဝင်တဲ့ MEI မြန်မာ့ပတ်ဝန်းကျင်သိပ္ပံအဖွဲ့ကို တာဝန်ပေးအပ်ထားပြီးတော့ အဲဒီ့ပညာရှင်တွေက ဒေသတွင်း သဘာဝပတ်ဝန်းကျင်ထိခိုက်မူ၊ လူမူဘဝအကျိုးသက်ရောက်မူ စတဲ့ ဖြစ်ပျက်မူများ အကျိုးဆက်များစတဲ့ ဘာသာရပ် ၁၁မျိုးကို လေ့လာသုသေတနပြုမှာဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ပုလဲမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က ပြောပါတယ်။
ပညာရှင်အဖွဲ့ဟာ သီးခြားလွတ်လပ်တဲ့အဖွဲ့ဖြစ်ပြီး တွေ့ရှိချက်ပဏာမအစီရင်ခံစာကို ၂ပတ်အတွင်း

ပုဂ္ဂလိက နေ့စဉ်သတင်းစာများ ဧပြီလ ၁ ရက်နေ့ ထွက်နိုင်မည်

2012-12-28
သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသက်တမ်း နှစ်နှစ်ပြည့်တဲ့ လာမယ့် ဧပြီလ ၁ ရက်နေ့ကစပြီး လွတ်လပ်တဲ့ပုဂ္ဂလိက နေ့စဉ်သတင်းစာတွေ ထုတ်ဝေခွင့်ပြုတော့မှာဖြစ်တဲ့အတွက် နေ့စဉ်သတင်းစာ ထုတ်ဝေလိုသူတွေအနေနဲ့ ဖေဖော်ဝါရီလဆန်း ကစပြီး လျှောက်ထားနိုင်ပြီလို့ ပြန်ကြားရေးဝန်ကြီးဌာနက ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Photo: AFP
၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကျင်းပမည့် အစီအစဉ်ကို မြန်မာစစ်အစိုးရက ၂၀၀၈ ဖေဖော်ဝါရီ ၁၀ရက်နေ့တွင် မမျှော်လင့်ပဲ ကြေညာလိုက်သည့်သတင်းကို လမ်းဘေး လက်ဖက်ရည်ဆိုင်တခုတွင် ဖတ်ရှုနေသူများပုံ
ဒီလို ပုဂ္ဂလိက နေ့စဉ်ထုတ်သတင်းစာတွေ ထုတ်ဝေခွင့်ပြုတာဟာ ဒီမိုကရေစီစံနှုန်းတစ်ခုကို စတင်ခြေလှမ်းလိုက်တာ ဖြစ်တယ်လို့ နေ့စဉ်ထုတ်သတင်းစာထုတ်ဝေဖို့ ပြင်ဆင်ထားတဲ့ Eleven Media Group က အယ်ဒီတာချုပ် ဦးဝေဖြိုးက RFA ကို ပြောပါတယ်။
လတ်တလောအတွင်း စာနယ်ဇင်းကောင်စီက ရေးဆွဲနေတဲ့ စာနယ်ဇင်းဥပေဒလည်း အပြီးသတ်ထွက်ရှိလာခြင်း မရှိသေးတာတွေ့ရပါတယ်။ စာနယ်ဇင်းသမားတချို့ကတော့ စာနယ်ဇင်းဥပဒေမရှိဘဲ လွတ်လွတ်လပ်လပ် ထုတ်ဝေခဲ့တဲ့

မိဘမဲ့ကလေးတွေအတွက် CDP ရံပုံငွေပွဲ ထားဝယ်မှာပြုလုပ်

2012-12-28
မိဘမဲ့ကလေးတွေ ပညာရေး၊ ကျန်းမာရေးအတွက် ကလေးသူငယ် ဖွံ့ဖြိုးရေးအစီအစဉ် CDP ရန်ပုံငွေပွဲအဖြစ် ပထမအကြိမ် ထားဝယ်ရိုးရာ ဝတ်စားဆင်ယင်ပြိုင်ပွဲနဲ့ အနုပညာစွမ်းရည်ပြိုင်ပွဲကို ထားဝယ်မြို့နယ်ခန်းမမှာ ဒီကနေ့ စတင်ကျင်းပပြီး အဲဒီပွဲကို ဒီဇင်ဘာလ ၃ဝ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပပြုလုပ်သွား မှာဖြစ်ပါတယ်။
(Photo: AFP)
၂၀၀၈ ခုနှစ် နာဂစ် လေမုန်တိုင်း ဒုက္ခသည် ကလေးသူငယ်များ ဖြစ်ပါသည်။ မုန်တိုင်းဒဏ်သင့် မိဘမဲ့ ကလေးသူငယ်များအား စစ်သား စုဆောင်းမှု၊ လူကုန်ကူးမှု စသော အခွင့်အရေး ချိုးဖောက်ပြီး မတရား ပြုလုပ်မှု အန္တရာယ်များ ရှိနေပါသည်။ (Photo: AFP)
ဒီပွဲပြုလုပ်တာဟာ လူငယ်တွေမှာ လူမှုရေးစိတ်ဓာတ်တွေ ဖြစ်ပေါ်စေဖို့နဲ့ ထားဝယ်ရိုးရာယဉ်ကျေးမှုကိုလည်း ထိမ်းသိမ်းနိုင်ဖို့ အဓိကရည်ရွယ်ပြီး ကျင်းပတာလို့ CDP အဖွဲ့ရဲ့

မြန်မာနိုင်ငံသားတွေ သေဆုံးမှု ထိုင်း ၄ ဦး ကို ထောင်ဒဏ်ချမှတ်

2012-12-28
ပြီးခဲ့တဲ့ ၂ဝဝ၈ ခုနှစ်က ထိုင်းနိုင်ငံထဲကို ခိုးသွင်းလာတဲ့ မြန်မာနိုင်ငံ သားတွေ သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး ထိုင်းလူမျိုး ၄ ယောက်ကို သူတို့နိုင်ငံတရားရုံးက ဒီကနေ့ ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။
Photo: AFP
ထိုင်းနိုင်ငံ ရနောင်းခရိုင်အတွင်း အအေးခန်းကွန်တိန်နာ ကုန်ကားပေါ်တွင် အသက်ရှုကြပ်ပြီး သေဆုံးသွားခဲ့ရသော မြန်မာရွေ့ပြောင်း အလုပ်သမား ၅၄ ဦးရဲ့ ရုပ်အလောင်းများကို ဧပြီ ၁၀ ရက်နေ့က ထိုင်းကယ်ဆယ်ရေးဝန်ထမ်းများ စစ်ဆေးကြည့်ရှုနေပုံ
အဲဒီ လူမှောင်ခိုကုန်ကူးသူ ထိုင်းနိုင်ငံသား ၄ ဦး က   တရားမဝင် မြန်မာနိုင်ငံသား ၁၂၁ ယောက်ကို ထိုင်းနိုင်ငံတောင်ပိုင်း Phuket ဒေသကို   အလုံပိတ်ပစ္စည်းတင် ကွန်တိန်နာကားထဲမှာ အပြည့်အကြပ်တင်ပြီး သွားပို့ခဲ့တုန်းမှာ လေပေးစက်ပျက်ပြီး အဲဒီအထဲက လူတဝက်နီးပါးလောက်

လူ့ဘောင်သစ်ပါတီ ကိုယ်စားလှယ် နဲ့ ရွေးကောက်ပွဲကော်မရှင် တွေ့ဆုံ




ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ဟာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးဦးဆောင်တဲ့ အဖွဲ့ဝင်တွေ၊ အစိုးရဝန်ကြီးတွေ ဒီဇင်ဘာလ ၂၆ ရက်နဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ ဒီနေ့မှာပါ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေး ခဲ့ကြတယ်လို့သိရပါတယ်။
Photo: Democratic Party for a New Society
၂၀၁၂ ခုနှစ် ဇွန်လ ၂၅ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်အဖွဲ့တို့ ဒုတိယအကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးနေစဉ်။
ရွေးကောက်ပွဲကော်မရှင်နဲ့တွေ့ဆုံစဉ် လူ့ဘောင်သစ်ပါတီ ပြည်တွင်းမှာ တရားဝင် ပြည်လည်ထူထောင်ရေးကိစ္စ ဆွေးနွေခဲ့ပါတယ်။ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းတို့နဲ့တော့ အစိုးရနဲ့ပါတီနှစ်ဘက် သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်မယ့် အစီအစဉ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဦးငွေလင်းက RFA ကိုပြောပါ

သိန်းနီမြို့၊ သစ်တောဘိနယ် စခန်းရုံး လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရ


281

လားရှိုးမြို့နယ် သစ်တောဦးစီးဌာန၊ သိန်းနီသစ်တောဘိနယ် စခန်းရုံးတွင် ဒီဇင်ဘာလ (၂၇) ရက်နေ့နံနက် (၀၂း၀၀) နာရီ အချိန်က လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။
သိန်းနီသစ်တောဘိနယ် စခန်းရုံးအတွင်းသို့ လက်ပစ်ဗုံး (၂) လုံးဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး ဗုံးပစ်ခတ်မှုကြောင့် တောအုပ်ဦးလှမင်းဦး၏ ညာဘက်ခြေသလုံးဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး၊ ဘိနယ်စခန်းအတွင်း ရပ်ထားသော မော်တော်ဆိုင်ကယ်နှင့် အဆောက်အဦအတွင်းနှင့် ကြမ်းခင်းများ

တတိယအကြိမ် စီမံကိန်းကော်မရှင် အစည်းအဝေးတွင် စီးပွားရေးနှင့်လူမှုရေး ပြုပြင်ပြောင်းလဲမှုများအတွက် အခြေခံမူဘောင် ၁၀ချက် ဆွေးနွေးအတည်ပြုခဲ့

ဒီဇင်ဘာ ၂၆ရက်နှင့် ၂၇ရက်နေ့တို့တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် တတိယအကြိမ် စီမံကိန်းကော်မရှင် အစည်းအဝေးတွင် စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများအတွက်  အခြေခံမူဘောင် ၁၀ချက်ကို ဆွေးနွေး အတည်ပြုခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။                                     
အဆိုပါ အစည်းအဝေးသို့ စီမံကိန်းကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အပါအ၀င် အစိုးရအဖွဲ့တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။                       
    အစည်းအဝေးတွင် အတည်ပြုခဲ့သည့် အခြေခံမူဘောင်များမှာ (၁)  ဘဏ္ဍာရေးနှင့် အခွန်စနစ် ပြုပြင်ပြောင်းလဲမှုများ (၂)ငွေကြေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ (၃) ကုန်သွယ်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် ဖြေလျော့မှုများ (၄) ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ချက်များ (၅)

မြို့နယ်စည်ပင်သာယာရေး လုပ်ငန်းများအား မြို့နယ်လူထုက ရွေးကောက်တင်မြှောက်သည့် ကိုယ်စားလှယ်များဖြင့် ဆောင်ရွက်နိုင်ရေး ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ပြောကြား

မြို့နယ်စည်ပင်သာယာရေး လုပ်ငန်းများအား မြို့နယ်လူထုက ရွေးကောက်တင်မြှောက်သည့် ကိုယ်စားလှယ်များဖြင့် ဆောင်ရွက်နိုင်ရေး ဥပဒေနည်းဥပဒေများ ပြင်ဆင်ဆောင်ရွက်ရန်
 နိုင်ငံတော်သမ္မတက ဒီဇင်ဘာ ၂၆ ရက်က နေပြည်တော်၌ ကျင်းပခဲ့သည့် အစိုးရအဖွဲ့ တာဝန်ရှိသူများအား လမ်းညွှန်မိန့်ကြားသည့်  အခမ်းအနားတွင် ထည့်သွင်းပြောကြားသွားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “၁၈၉၈ ခုနှစ်၊ မြန်မာနိုင်ငံ အက်ဥပဒေ အမှတ် ၃ အရ ပြဋ္ဌာန်းခဲ့တဲ့ မြူနီစီပါယ် အက်ဥပဒေဟာ ၁၉၉၃ ခုနှစ်အထိ တည်ရှိခဲ့ပြီး မြူနီစီပါယ် ကော်မတီမှာ ပြည်သူလူထု အတွင်းက ရွေးကောက်တင်မြောက်ထားတဲ့ ကိုယ်စားလှယ်များနဲ့ စည်ပင်သာယာရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သလို မြို့နယ်များမှာ စည်ပင်သာယာရေး ကော်မတီကို မြို့နယ်လူထုအတွင်းက ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက် ပါဝင်ဖွဲ့စည်းမှုနဲ့ သီးခြားရပ်တည်ပြီး ပြုပြင်ပြောင်းလဲ ဆောင်ရွက်နိုင်အောင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ လေ့လာသုံးသပ် ပြင်ဆင်ဆောင်ရွက်ကြဖို့ မှာကြားလိုပါတယ်”

အပြီးသတ် အစီရင်ခံစာ တင်သွင်းရန် ရခိုင်ပြည်နယ်သို့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ၂၀၁၃ ခုနှစ် ပထမအပတ်အတွင်း ထပ်မံသွားရောက်မည်

ရခိုင်ပြည်နယ် ပဋိပက္ခများ အပြီးသတ် အစီရင်ခံစာ တင်သွင်းနိုင်ရန် စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ပထမအပတ်အတွင်း ရခိုင်ပြည်နယ် ဒေသများသို့ သွားရောက်ပြီး လိုအပ်သော အချက်အလက်များ ကောက်ယူမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက် အမှတ် (၃) အရ သိရသည်။စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့်
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် နိုင်ငံတော်သမ္မတထံသို့ ကြားဖြတ်အစီရင်ခံစာ တစ်စောင်ကို ပေးပို့တင်ပြခဲ့ပြီး ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် နောက်ဆုံးအပြီးသတ် တင်သွင်းရမည့် အစီရင်ခံစာကို ၂၀၁၃ ခုနှစ် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား တင်ပြရန်လည်း နိုင်ငံတော်သမ္မတက ရက်တိုးမြှင့် ပေးထားကြောင်းလည်း

ထိုင်းနိုင်ငံပိုင် Krung Thai Bank မြန်မာနိုင်ငံအတွင်း ပူးတွဲဖက်စပ် လုပ်ကိုင်မည့်သူကို ရှာဖွေနေ

ထိုင်းနိုင်ငံပိုင် Krung Thai Bank (KTB) သည် မြန်မာနိုင်ငံအတွင်း ပူးတွဲလုပ်ကိုင်မည့် လုပ်ငန်းရှင်ကို ရှာဖွေလျက်ရှိကြောင်း ထိုင်းနိုင်ငံ သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။
၎င်းတို့ဘဏ်သည် မြန်မာနိုင်ငံအတွင်း ကိုယ်စားလှယ်ရုံးခန်းကို မကြာသေးမီက ဖွင့်လှစ်ခဲ့ပြီး ဖက်စပ်လုပ်ငန်း လုပ်ကိုင်ရန် စီးပွားရေးတွဲဖက်ကို ရှာဖွေနေခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားငွေကြေး အဖွဲ့အစည်းများ အနေနှင့်  ကိုယ်စားလှယ် ရုံးခန်းဖွင့်လှစ်ခြင်း၊ ပြည်တွင်းငွေကြေး ၀န်ဆောင်မှု အဖွဲ့အစည်း တစ်ခုနှင့် ပူးတွဲဖက်စပ် လုပ်ကိုင်ခြင်း၊ ပင်မဘဏ်၏ ဘဏ်ခွဲအဖြစ် ဖွင့်လှစ်ခြင်း စသည့်အဆင့်များကို လုပ်ဆောင်ရမည်ဖြစ်သည်။
“ပူးတွဲဖက်စပ်လုပ်ကိုင်မယ့် သူကို ရှာရတဲ့အဆင့်က အချိန်ပိုယူမယ့် သဘောရှိပါတယ်။ မြန်မာအစိုးရရဲ့ အတည်ပြုမှုနဲ့ ကျွန်တော်တို့လုပ်ငန်း လည်ပတ်ရမှာပါ။ ဒါပေမယ့် နောက်ငါးနှစ်အတွင်းမှာတော့

ရခိုင်အမျိုးသား အလုပ်ရုံဆွေးနွေးပွဲကို ထိုင်းနိုင်ငံတွင် ပြုလုပ်မည်

ထိုင်းနိုင်ငံအခြေစိုက် အဖွဲ့စည်းများမှ ကြီးမှူး၍ အဖွဲ့အစည်းပါင်းစုံ ပါဝင်မည့် ရခိုင်အမျိုးသား အလုပ်ရုံဆွေးနွေးပွဲကို ဇန်န၀ါရီ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်မည့် ရခိုင်အမျိုးသားကွန်ယက်မှ သိရသည်။အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်တွင်းပြည်ပရှိ နိုင်ငံရေးပါတီများ၊ ရဟန်းရှင်လူ ကျောင်းသားလူငယ်များ၊ အမျိုးသမီး အဖွဲ့အစည်းများ၊ လူုထုအခြေပြု အဖွဲ့အစည်းများနှင့် တတ်သိပညာရှင်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။အလုပ်ရုံဆွေးနွေးပွဲကို ပြည်တွင်းပြည်ပရှိ
 နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ တတ်သိပညာရှင်များ အချင်းချင်း စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် အမျိုးသားရေး ရပ်တည်ချက် ဘုံလမ်းစဉ်များကို ချမှတ်နိုင်ရန်၊

 လက်ပံတောင်းတောင်ဖြစ်စဉ်နှင့် ပတ်သက်၍ မည်သူ့ကိုမျှ မီးလောင်ဗုံးမဟုတ်ဘဲ မီးခိုးဗုံးဟု ပြန်လည်ပြောကြားခဲ့ခြင်းမရှိကြောင်း ဓာတုဗေဒပညာရှင် ဒေါက်တာခင်မောင်ညို ပြောကြား

လက်ပံတောင်းတောင် ဖြစ်စဉ်နှင့် ပတ်သက်၍ မည်သူ့ကိုမျှ မီးလောင်ဗုံးမဟုတ်ပဲ မီးခိုးဗုံးဟု ပြန်လည်ပြောကြားခဲ့ခြင်းမရှိကြောင်း ဓာတုဗေဒပညာရှင် ဒေါက်တာခင်မောင်ညိုက ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ပြောကြားခဲ့သည်။ဓာတုဗေဒပညာရှင်ဒေါက်တာ ခင်မောင်ညိုက'' Myanmar Express က ဒေါက်တာခင်မောင်ညို ၀န်ခံပြီဆိုပြီး ပြောတားတယ်။ Myanmar Express က တာဝန်မယူတတ်တဲ့ ၀က်ဘ်ဆိုဒ်ပေါ့လေ။ဘာမှ တာဝန်မယူပဲနဲ့ လုပ်ချင်ရာလုပ်၊ဖြစ်ချင်ရာဖြစ် ပြောတဲ့ဝက်ဘ်ဆိုဒ်ပေါ့။
နာမည်ကြီးတဲ့ ပုဂ္ဂိုလ်တွေကို တိုက်ခိုက်ပြီး လုပ်သမျှ တာဝန်မယူနိုင်တဲ့ ၀က်ဘ်ဆိုက်တစ်ခုပါ။ ကျွန်တော်သိသလောက်တော့ Myanmar Express ကနေ ကျွန်တော်ဆီ ဆက်သွယ်မေးမြန်းတာ မရှိပါဘူး။အခြားနည်းလမ်းနဲ့ ဆက်သွယ် လာတာမျိုးတွေရှိလည်း မီးခိုးဗုံးမဟုတ်ဘူး မီးလောင်ဗုံးပဲ။မီးလောင်ဗုံး မဟုတ်ဘူး မီးခိုးဗုံးပဲဆိုတာ တစ်ခါမှမပြောပါဘူး။ဖြစ်တဲ့ကိစ္စတွေကိုပဲ ကျွန်တော်ပြောပါတယ်။ဘယ်သူကိုမဆို အမှန်အတိုင်း ဖြစ်နေပျက်နေတာတွေကိုပဲ ကျွန်တော်ပြော ပါတယ်။Chemistry Point of View ကနေ စဉ်းစားဆင်ခြင်နိုင်ဖို့ ပြောတာပါ။ဒေါ်စုတို့ အလုပ်လုပ်ရလွယ်အောင်လို့ ဘာတွေဖြစ်တယ်ဆိုတာ သူတို့စုံစမ်းသင့်တယ်ဆိုတဲ့ အကြောင်းပဲ

စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်

စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနှင့် လက်တွဲ၍ ပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး၏ ဒီဇင်ဘာ ၂၇ ရက်က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားမှုအရ သိရသည်။ ထို့ပြင် ဒီမိုကရေစီရေး၊ တိုင်းရင်းသား တန်းတူညီရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များ စသည်တို့ကိုလည်း တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီ အင်အားစုများနှင့် KNU အဖွဲ့တို့ လက်တွဲပူးပေါင်း
 ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ပါဝင်သည်။ KNU အဖွဲ့၏တွဲဖက်အတွင်းရေးမှူး (၂) ပဒိုမန်းမန်းက ''ငြိမ်းချမ်းရေးကိစ္စမှာ KNU အဖွဲ့နှင့် မြန်မာအစိုးရအကြား အပစ်အခတ်ရပ်စဲရေး ကိစ္စအား ပိုမိုခိုင်မာစေရေး ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန်
ကျန်ရှိနေသေးကြောင်း နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေမှာ တိုင်းရင်းသား တပ်ပေါင်းစုများနဲ့ ဒီမိုကရေစီ

မီဒီယာများ၌ ဖော်ပြနေကြသည့် GSM မိုဘိုင်းဖုန်း ဈေးနှုန်းများနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးမှ လတ်တလော အတည်ပြုပြောကြားခြင်း မရှိဟု သိရ

ယခုရက်ပိုင်း မီဒီယာများတွင် ဖော်ပြနေသော ဇန်န၀ါရီလအတွင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ခွင့်ပြုရောင်းချပေးမည့် မိုဘိုင်းဖုန်းများ၏ ဈေးနှုန်းများနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ လက်ရှိအချိန်အထိ သတင်းထုတ်ပြန်ထားခြင်း မရှိသေးကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ဒီဇင်ဘာ ၂၈ ရက်က  ပြောသည်။
ဆက်လက်၍ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးဌေးဝင်းက “ကျွန်တော်တို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ခုအချိန်ထိ ဘယ်သတင်းဌာနကိုမှ ဘယ်လောက် ဈေးနှုန်းနဲ့ ရောင်းချမယ်ဆိုတာ အတိအကျ မထုတ်ပြန်ရသေးပါဘူး။ အပြင်မှာ ထွက်နေတဲ့ သတင်းတွေက ကောလဟာလတွေပါ” ဟု ပြောသည်။
ထို့ပြင် ဌာနမှ ထုတ်ပြန်ခြင်းပင် မရှိသည့် ဈေးနှုန်းများကို သတင်းဌာနများမှ သိနေခြင်းအပေါ် ၎င်းမှ မပြောတတ်တော့ကြောင်း၊ ဌာနအနေနှင့် ခွင့်ပြုရောင်းချတော့မည်ဆိုက မီဒီယာများကို တစ်ပတ်ကြိုကာ

ပြည်တွင်းစစ်များပိုမိုပြင်းထန်လာ။လိုင်ဇာမြို့အနီး ဒေါ့ဖုန်းယန်နှင့် လဂျားယန် ဒေသတစ်ဝိုက် တိုက်ပွဲများပြင်းထန်နေ၊ အရပ်သားတစ်ဦးသေ (၃) ဦး ဒဏ်ရာရ

292
မြစ်ကြီးနားမြို့ပေါ်တွင် စစ်ရဟတ်ပျံသန်းနေမှုကို ဒီဇင်ဘာလအတွင်းက တွေ့မြင်ရစဉ်
ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့နယ်အတွင်းရှိ ဒေါ့ဖုန်းယန်မြို့နှင့် လဂျားယန် ဒေသတစ်ဝိုက်တွင် အစိုးရတပ်များနှင့် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သတင်းရရှိသည်။ဒီဇင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင် အစိုးရတပ်များနှင့် ကေအိုင်အေတို့ အပြန်အလှန် ပစ်ခတ်မှုကြောင့် နန်းလုံချောင်းအနီးတွင် အခင်းလုပ်နေကြသော အမျိုးသားတစ်ဦး သေဆုံးပြီး (၃) ဦးဒဏ်ရာရရှိကာ ဒဏ်ရာရရှိသော အမျိုးတစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေဖြင့် လိုင်ဇာဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာလ ၂၇ ရက်နေ့တွင်လည်း လဂျားယန် အနီးတစ်ဝိုက်တွင် ကေအိုင်အေတပ်များ
 လေကြောင်းတိုက်ခိုက် ခံရသည်ဟု ကေအိုင်အေ ဌာနချုပ်မှ ပြောကြားချက်အရ သိရှိရသည်။
''ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက် ၆ နာရီဝန်းကျင် လောက်ကတည်းက အစိုးရတပ်က

Friday, December 28, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေး ရန်ပုံငွေ ဈေးရောင်းပွဲတော်ကျင်းပ

2012-12-27
ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ ပြည်သူ့ရင်ပြင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်ရဲ့ (၂)နှစ်ပြည့် အထိမ်းအမှတ် ရန်ပုံငွေ ဈေးရောင်းပွဲနဲ့ ဂီတပွဲတော်ဖွင့်ပွဲအခမ်းအနားကို ဒီကနေ့ ကျင်းပခဲ့ပါတယ်။
Photo:RFA/Kyaw Zawe Win
ဒီဇင်ဘာ ၂၇ ရက်နေ့က ရန်ကုန်မြို့၊ပြည်သူ့ရင်ပြင်တွင် ကျင်းပသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပညာရေးရန်ပုံငွေ ဈေးရောင်းပွဲတော်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားစဉ်။မြန်မာနိုင်ငံရဲ့ ပညာရေးမြင့်တက်လာဖို့အတွက် 
ရည်ရွယ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
သဘာဝသယံဇာတပေါများပြီး ဆင်းရဲနိမ့်ပါးနေတဲ့ မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံအဖြစ်
 ပြုပြင်ပြောင်းလဲနိုင်ဖို့ ပညာရေးဟာ အဓိကကျတယ်လို့ အဖွင့်မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က

KNU က ကြေညာချက်ထုတ်ပြန်

2012-12-27
KNU ကရင်အမျိုးသား အစည်းအရုံးက စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက်တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနဲ့ လက်တွဲ ဆောင်ရွက်သွားမယ်လို့ ဒီဇင်ဘာလ ၂၆ ရက်နေ့ မနေ့ကျင်းပပြီးစီးသွားတဲ့ ၁၅ကြိမ်မြောက် ညီလာခံအပြီးဒီကနေ့နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်
Photo:Karen Information Centre
ကရင်အမျိုးသား အစည်းအရုံးရဲ့ ၁၅ ကြိမ်မြောက် ညီလာခံ ကျင်းပနေစဉ်
တစ်လကြာကျင်းပခဲ့တဲ့ ညီလာခံကဟာ KNU တပ်မဟာ၇ နယ်မြေမှာကျင်းပခဲ့တာဖြစ်ပြီး ကိုယ်စားလှယ် ၁၇၁ဦးတက်ရောက်ခဲ့ပါတယ်။ညီလာခံမှာဖွဲ့စည်းလိုက်တဲ့ ဗဟိုကော်မတီအသစ်ကို လျှိုဝှက်မဲပေးစနစ်နဲ့ ရွေးချယ်ခဲ့ပြီး ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဥက္ကဌ အဖြစ်ပါဝင်တဲ့ ၁၁ဦးပါ ဗဟိုကော်မတီအသစ်ကို ဖွဲ့စည်းလိုက်သလို KNLA ကရင် အမျိုးသားတပ်မတော် ရဲ့စစ်ဦးစီးချုပ်အဖြစ်

မိုးလေဝသ ခန့်မှန်းနိုင်မယ့် ရေဒါစနစ် တိုးချဲ့တပ်ဆင်သွားမည်

2012-12-27
ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် JICA က မြန်မာနိုင်ငံမှာ ဒုတိယမြောက် မိုးလေဝသ ကြိုတင်ခန့်မှန်း တွက်ချက်နိုင်မယ့် ရေဒါစနစ် တည်ဆောက်မှာကို ကူညီသွားမယ်လို့ သိရပါတယ်။
(Photo: AFP)
အောက်ူမန်မိာိုံင်ငံတငြ် မိုးသည်းထန်စြာ ႟ြာသနြ်းနေပုံဖစ်ပၝသည်။ (Photo: AFP)
လာမယ့် ၂၀၁၃ ခုနှစ် အစောပိုင်းမှာ လက်ရှိ ရှိပြီးသား မိုးလေဝသခန့်မှန်း တိုင်းထွာရေး ရေဒါစနစ် ပိုကောင်းလာအောင် JICA က ကူညီမှာဖြစ်ပြီး ရေဒါစနစ်ကို ရန်ကုန်၊ မန္တလေး အပြင် ရခိုင်ပြည်နယ်က ကျောက်ဖြူမြို့မှာပါ တပ်ဆင်သွားမယ်လို့ သိရပါတယ်။
ဒီနှစ်မြန်မာနိုင်ငံမှာ မုန်တိုင်းဝင်ရောက် တိုက်ခတ်မှု နည်းသွားပေမယ့်၊နိုင်ငံတောင်ပိုင်းမှာ ရေလွှမ်းမိုးမှုတွေ မကြာခဏ ဖြစ်ခဲ့ပြီး နိုင်ငံရဲ့မြောက်ပိုင်းမှာတော့ မိုးခေါင်ရေရှားမှုနဲ့ ကြုံရတာကြောင့် သီးနှံထွက်ရှိမှု

လမ်းဘေးဈေးသည် ၁၁ ဦးကို တရားရုံးက ဒါဏ်ငွေပြစ်ဒဏ်ချမှတ်

2012-12-27
ရန်ကုန်တိုင်း အင်းစိန်မြို့နယ် အင်းစိန်ပန်းခြံအနီးမှာ ပြီခဲ့တဲ့ သြဂုတ်လ (၆)ရက်နေ့က ဈေးရောင်းချခွင့်ရရှိရေးနဲ့ ပတ်သက်ပြီး တောင်းဆိုဆန္ဒပြခဲ့ကြတဲ့ လမ်းဘေးဈေးသည် (၁၁) ဦးကို အင်းစိန်မြို့နယ် တရားရုံးမှာ ဒီကနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ဈေးသည်တစ်ဦးကို ဒဏ်ငွေကျပ် (၁) သောင်းနှုန်းနဲ့ နောက်ဆုံးစီရင်ချက် ချမှတ်ခဲ့ပါတယ်။
တရားစွဲခံထားရတဲ့ ဈေးသည်တစ်ဦးဖြစ်သူ ကိုခင်ဇော်က ဒီကနေ့ တရားရုံးချိန်းအပြီးမှာ RFA ကို အခုလို ပြောပါတယ်။" ပျံကျဈေးသည်ဆိုရင် ဥပဒေတစ်ခုတည်းကိုပဲဖြစ်စေချင်ပါတယ်၊ သူတို့ ပိုက်ဆံယူးထားတဲ့ သူတွေကိုကျတော့  ရောင်းခိုင်းတယ် ကျွန်တော်တို့ လိုလမ်းဘေးဈေးသည်လေးတွေကိုကျတော့ လိုက်ဖမ်းတယ် အဲ့ဒါမျိုးတွေမဖြစ်သင့်ပါဘူး၊  စည်ပင်သာယာ

လယ်သမားတွေက စစ်တပ်ကို စပါးပေးဖို့ ငြင်းဆန်

2012-12-27
ရခိုင် ပြည်နယ် မြောက်ဦးမြို့နယ်မှာ ကျေးရွာ ၃ ရွာခန့် ပါဝင်တဲ့ နတ်ချောင်း ကျေးရွာအုပ်စုက လယ်မြေဧက ၁၇၀ ကျော်အတွက် မနေ့က စတင်ပြီး စစ်တပ်က သီးစားခစပါးတွေ အဓမ္မလာရောက် ကောက်ခံ နေတယ်လို့ သိရပါတယ်။
AFP
လယ်ကွင်းတစ်ခုအတွင် လယ်သူမများ စပါးပျိုးပင်များ စိုက်ပျိုးနေပုံ ဖြစ်ပါသည်။ (Photo: AFP)
အမ်းမြို့မှာ အခြေစိုက်တဲ့ ခမရ- ၃၇၁ တပ်ရင်းက မနေ့က သီးစားခ စပါးတွေ လာရောက် ကောက်ခံရာမှာ စစ်တပ်က စာရွက်စာတမ်းတွေ မပြနိုင်တဲ့အတွက် ဒေသခံတောင်သူတွေက စပါးပေးဖို့ ငြင်းဆန်ခဲ့တယ်လို့ နတ်ချောင်းကျေးရွာအုပ်စုက လယ်သမားတစ်ဦးက RFA ကို ပြောပါတယ်။
"မနေ့က ခမရ ၃၇၁ က သစ်ပင်တွေနဲ့ စားကျက်မြေဖျက်တဲ့အမိန့်စာရွက်မပါလို့ တောင်သူတွေက မပေးဘူးပြောတော့ ငါတို့ကိုနိုင်ငံတော်က ပေးထားတာ မပေးလို့ မရဘူးလို့ပြောတယ် "
မနေ့က အဲဒီလို စစ်တပ်က သီးစားခ ကောက်ခံလာမှုအပေါ် လယ်သမားတွေက ငြင်းဆန်ခဲ့ကြတဲ့အတွက်

မှုးယစ်ဆေးဝါး နှိမ်နှင်းရေး အကြောင်းပြပြီး စစ်တပ်တွေ နေရာယူမှာ SSA စိုးရိမ်

2012-12-27
ရှမ်းပြည်တောင်ပိုင်းမှာ မကြာခင် ချမှတ်လုပ်ဆောင်တော့မယ့် မူးယစ်ဆေးဝါးနှိမ်နင်းရေး စီမံချက်နဲ့ပတ်သက်လို့ အစိုးရဘက်က လုံခြုံရေးပိုင်းဆိုင်ရာကိစ္စမှာ RCSS/SSA တောင်ပိုင်းအဖွဲ့ကို ပါဝင်ခွင့်မပေးဘူး ဆိုတဲ့အတွက် ရှမ်းအဖွဲ့က သူတို့နယ်မြေအတွင်းမှာ အစိုးရစစ်တပ်တွေ နေရာယူလာမှာကို စိုးရိမ်နေတယ်လို့သိရပါတယ်။
RFA
ထိုင်း-မြန်မာနယ်စပ်အနီး SSA နှင့် UWSA တပ်များ စခန်းချလှုပ်ရှားရာ နေရာတ၀ိုက်တွင် စောင့်ကြပ်နေသော SSA တပ်သားတစ်ဦးကို တွေ့ရပုံ။
ရှမ်းပြည်တောင်ပိုင်းမှာ မကြာခင် ချမှတ်လုပ်ဆောင်တော့မယ့် မူးယစ်ဆေးဝါးနှိမ်နင်းရေး စီမံချက်နဲ့ပတ်သက်လို့   အစိုးရဘက်က လုံခြုံရေးပိုင်းဆိုင်ရာကိစ္စမှာ RCSS/SSA တောင်ပိုင်းအဖွဲ့ကို ပါဝင်ခွင့်မပေးဘူး ဆိုတဲ့အတွက် ရှမ်းအဖွဲ့က သူတို့နယ်မြေအတွင်းမှာ အစိုးရစစ်တပ်တွေ
 နေရာယူလာမှာကို  စိုးရိမ်နေတယ်လို့သိရပါတယ်။ရှမ်းပြည်တောင်ပိုင်းမိုင်းဆတ်နဲ့

မိုးညှင်းဘူတာနားမှာ ဗုံးပေါက်ကွဲ

ကချင်ပြည်နယ် ၊ မိုးညှင်းမြို့အဝင် မိုးညှင်းဘူတာနားက တံတားအမှတ်(၅၈၇) မှာ မန္တလေးဘက်ကနေ ခုတ်မောင်းလာတဲ့ ရထား ဖြတ်သန်းနေချိန်အတွင်း ဒီဇင်ဘာလ ၂၆ ရက်နေ့ မနေ့ ည ၁၀ နာရီအချိန်က ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပါတယ်။

Photo:RFA/Kyaw Myo Min
မြစ်ကြီးနားမြို့မှ မန္တးလေးမြို့ကို စုန်ဆင်းလာသည့် အမြန်ရထားတစ်စင်းအား ကချင်ပြည်နယ်အတွင်းရှိ ဘူတာတစ်ခုတွင် တွေ့ရစဉ်။
မိုးညှင်းမြို့အဝင် ၊ အုတ်ကျင်းရပ်ကွက်ထိပ်၊ တံတားအမှတ် ၅၈၇၊ ကြေး နန်းတိုင် ၆၃၂/၁၈ ကို ရှေ့ပြေးရထား ဖြတ်သန်းချိန်မှာ ဗုံးပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ အစိုးရတပ်သားတွေ လိုက်ပါတဲ့ ရှေ့ပြေးလုံခြုံရေး ရထား နဲ့ ခရီးသည်တင် ရထားတွဲကြားမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်ပြီး ခရီးသည်တင် ရထားတွဲကတော့ တစ်စုံတစ်ရာ ထိခိုက်ပျက်စီးမှု မရှိဘူးလို့ သိရပါတယ်။
ဗုံးပေါက်ကွဲသံ ကြားပြီးနောက်မှာ သေနတ်ပစ်ခတ်သံတွေ ကြားခဲ့ရပြီး ပေါက်ကွဲမှုကြောင့် ပျက်စီးသွားတဲ့ ရထားသံလမ်းကို ညတွင်းချင်း ပြင်ဆင်တဲ့အသံတွေ ကြားရတယ်လို့ မိုးညှင်းဒေသခံ ဦးစိုင်းထွန်းက RFA ကို ပြောပါတယ်။အခုရက်ပိုင်းအတွင်း ကချင်ပြည်နယ် မိုးညှင်းမြို့ဘက်မှာ ရထားလမ်း ဗုံးပေါက်ကွဲမှု ၂

နှစ်ပေါင်းလေးဆယ်ကြာ မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့သော တေးသံရှင် လားရှိုးသိန်းအောင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး နယ်လှည့်ဖျော်ဖြေပွဲများပြုလုပ်ရန် စီစဉ်ထား


ha-edit-1 

နှစ်ပေါင်းလေးဆယ်ကြာ မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့သော တေးသံရှင် လားရှိုးသိန်းအောင်သည် ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၀င်ပေါက်ရှိ Friendship စားသောက်ဆိုင်၌ ပြုလုပ်ခဲ့သည်။ အဆိုတော်လားရှိုးသိန်းအောင်သည် မြန်မာနိုင်ငံတွင် လေးလနီးပါးခန့် နေထိုင်ရန် စီစဉ်ထားပြီး ယင်းကာလတွင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ လားရှိုး၊ နေပြည်တော် စသည့်မြို့ကြီးများတွင် နယ်လှည့်ဖျော်ဖြေပွဲများ ပြုလုပ်ရန်စီစဉ်ထားသည်ဟု သိရှိရသည်။
“ကျွန်တော်စထွက်သွားတဲ့ နေ့ကတည်းက မြန်မာနိုင်ငံကို ပြန်လာချင်ခဲ့တာပါ။ ညတိုင်းလည်းမျက်ရည်ကျရတဲ့နေ့တွေ မနည်းပါဘူး။ ကျွန်တော်အခြေအနေ အကြောင်းအရ မြန်မာနိုင်ငံကို ခွဲခွာသွားပေမယ့် မြန်မာမြေကို ချစ်ပါတယ်။ မြန်မာပရိသတ်ကို လွမ်းပါတယ်။ အခုတော့ ကျွန်တော်ပြန်လာခွင့်ရပါပြီ။ မြန်မာနိုင်ငံမှာ နေစဉ်အချိန်အတွင်းမှာ ကျွန်တော်တတ်စွမ်းတဲ့

Air Bagan လေယာဉ်မယ်မခိုင်စုနိုင်၏ လေယာဉ်ပျက်ကျမှု ကိုယ်တွေ့အဖြစ်အပျက်အား ပြန်လည်ရှင်းလင်း ပြောပြချက်

thn-26-12-12-10
 မခိုင်စုနိုင် (အကြီးတန်းလေယာဉ်မယ်၊ Air Bagan) က သူမကြုံတွေ့ခဲ့ရသည်များကို မီဒီယာများအား ရှင်းပြနေစဉ်
'ဟဲဟိုးလေဆိပ်ကို ဆင်းသက်ဖို့အတွက် ကပ္ပတိန်ရဲ့ ညွှန်ကြားချက်ရလို့ ခရီးသည်တွေထိုင်ခုံမှာ လူစုံရှိ၊ မရှိ လေယာဉ်တံခါးတွေ ဖွင့်ထားလား၊ ပြီးတော့ အိမ်သာထဲမှာ လူရှိ၊ မရှိစတဲ့ စစ်ဆေးရမယ့်အရာတွေကို သေချာစစ်ပြီးမှ အားလုံး Clear  ဖြစ်တယ်ဆိုမှ Captain ကို
နောက်တော့ ကျွန်မဘက်ကတံခါးက ဖွင့်လို့ရသွားပြီး ခရီးသည်တွေကို လေယာဉ်ရဲ့ ဟိုဘက်တစ်ယောက် ဒီဘက်တစ်ယောက် ထွက်လို့ရအောင် စီစဉ်ပေးခဲ့တယ်။ တဖြည်းဖြည်းနဲ့ လေးဖက်ထောက်ပြီး ထွက်လာတဲ့ ခရီးသည်တွေကို တွေ့လာရတယ်။ လေယာဉ်မောင်လည်း အတူပါလာတယ်။ လေယာဉ်မောင်ထွက်လာပြီး နောက်လေယာဉ်မယ်တစ်ဦးက လေးဖက်ထောက်ပြီး

 အဲပုဂံလေယာဉ်ပျက်ကျမှုကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကုသမှုခံယူခဲ့ရသည့် ဧည့်လမ်းညွှန် ကိုစိုးမိုးသူမှာ ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့


 thn-26-12-12-8









 လေယာဉ်ပျက်ကျမှုကြောင့် ဒဏ်ရာရသူများအား တောင်ကြီးစ၀်စံထွန်းဆေးရုံမှ ရန်ကုန်ပြည်သူ့ဆေးရုံသို့ သယ်ဆောင်ရန် ဟဲဟိုးလေဆိပ်ရှိ လေယာဉ်ပေါ်တွင် တင်ဆောင်ထားသည်ကို ဒီဇင်ဘာလ ၂၅ ရက်က တွေ့ရစဉ်
Air Bagan လေယာဉ်ပျက်ကျမှုကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသမှုခံယူခဲ့ရသည့် ဧည့်လမ်းညွှန် ကိုစိုးမိုးသူ (၃၄နှစ်) မှာ ၎င်း၏ကျန်းမာရေး အခြေအနေကောင်းမွန်မှုကြောင့် ဒီဇင်ဘာလ ၂၇ ရက်နေ့ နေ့လည်တွင် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ကျော်က အတည်ပြု ပြောကြားခဲ့သည်။သို့ဖြစ်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဧည့်လမ်းညွှန် ၃ ဦး၊
 လေယာဉ်နှင့်ဆိုင်ကယ် ထိခိုက်မှုတွင် ဒဏ်ရာရခဲ့သူ ၁ ဦးနှင့် လေယာဉ်မှူး ၂ ဦး စုစုပေါင်း အတွင်းလူနာ ၆ ဦးမှာ ဆက်လက်ကုသမှု ခံယူနေဆဲဖြစ်ကြောင်း သိရသည်။''ဧည့်လမ်းညွှန်တစ်ဦးဖြစ်တဲ့
ကိုစိုးမိုးသူက ဆေးရုံကဆင်းခွင့်ရတဲ့အတွက် ဒီနေ့မှာ ဆေးရုံကဆင်းသွားပြီ ဖြစ်ပါတယ်။ အခြားကျန်ရှိနေတဲ့ ကျွန်မတို့လေကြောင်းလိုင်းရဲ့ ပိုင်းလော့ ၂ ဦးနဲ့ ခရီးသည် ၁ ဦးနဲ့ ဧည့်လမ်းညွှန် ၃

စင်္ကာပူသို့ လာရန်ကြိုးစားနေသူများနှင့်အလုပ်ရှာနေသူများ မည်သည့်အေးဂျင့်/မိတ်ဆွေမှ မယုံပါနှင့်။

Wednesday, December 26, 2012

Air Bagan လေယာဉ်ပျက်ကျမှုတွင် စက္ကန့် 90 အတွင်း ခရီးသယ် ၉၀ အားကယ်တယ်နိုင်ခဲ့။


ဘက်စုံမြင်ကွင်း ကုမ္ပဏီမှ မေတ္တာလှိုင်း (၁) ယာဉ်လိုင်းအပြင် ယာဉ်လိုင်းသစ် ၅ လိုင်း ထပ်မံတိုးချဲ့ လိုင်းပြေးဆွဲရန် တင်ပြထား


25.03 

ဘက်စုံမြင်ကွင်း ကုမ္ပဏီမှ မေတ္တာလှိုင်း (၁) ယာဉ်လိုင်းအပြင် နောက်ထပ် ခရီးသည်တင် ယာဉ်လိုင်းသစ် ၅ လိုင်း ထပ်မံပြေးဆွဲရန်အတွက် တင်ပြထားကြောင်း မထသ(ဗဟို)မှ သိရသည်။
ထပ်မံပြေးဆွဲရန် တင်ပြထားသည့် ယာဉ်လိုင်းများမှာ မေတ္တာလှိုင်း (၂)၊ (၃)၊ (၄)၊ (၅)၊ (၆) တို့ဖြစ်ပြီး မေတ္တာလှိုင်း (၂) ယာဉ်လိုင်းအတွက် ယာဉ် ၁၈ စီး၊ မေတ္တာလှိုင်း (၃) ယာဉ်လိုင်းအတွက် ယာဉ် ၅ စီး၊ မေတ္တာလှိုင်း (၄) ယာဉ်လိုင်းအတွက် ယာဉ် ၅ စီး၊ မေတ္တာလှိုင်း (၅) ယာဉ်လိုင်းအတွက် ယာဉ် ၄ စီးနှင့် မေတ္တာလှိုင်း (၆) ယာဉ်လိုင်းအတွက် ယာဉ် ၅ စီးတို့မှာ CNG လျှောက်ထားဆဲဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မေတ္တာလှိုင်း (၁) ယာဉ်လိုင်းသည် စတင်ပြေးဆွဲလျှက်ရှိပြီး မေတ္တာလှိုင်း (၂) မှာ  ဒဂုံတောင်-ကျောက်လမ်းဆုံ ဂိတ်ရင်းမှ ၅၆ လမ်းဆုံ - စက်မူဇုန် - ဆောက်လုပ်ရေး - ကျောက်တိုင် - ဗလီထိပ် - မင်္ဂလာဈေး - လမ်း၃၀ - ကျုံးကြီး ခရီးစဉ်တစ်ခုနှင့် ကျောက်လမ်းဆုံ ဂိတ်ရင်းမှ ၅၆ လမ်းဆုံ - စက်မူဇုန် -ဆောက်လုပ်ရေး - ကျောက်တိုင် - ဂန္ဒီ - လမ်း ၃၀ - ကျုံးကြီးသို့လည်းကောင်း

 သီရိလင်္ကာတွင် အွန်လိုင်းမှတစ်ဆင့် ငွေလိမ်သူ တရုတ်နိုင်ငံသား ၁၀၀ ကျော် အဖမ်းခံရ


ha-26-12-6
သီရိလင်္ကာရဲများက တရုတ်နိုင်ငံသားများကို ဒီဇင်ဘာလ ၂၂ ရက်က ဖမ်းဆီးခေါ်ဆောင်လာစဉ်
သီရိလင်္ကာနိုင်ငံတွင် အင်တာနက်မှတစ်ဆင့် ငွေလိမ်ယူနေသော တရုတ်နိုင်ငံသား ၁၀၀ ကျော်ကို ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဖမ်းမိခဲ့ကြောင်း သီရိလင်္ကာရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။
သီရိလင်္ကာ ဗီဇာကိုင်ထားသော ယင်းတရုတ်နိုင်ငံသားတို့သည် တရုတ်နိုင်ငံတွင်းရှိ ကွန်ပျူတာများ၏ အချက်အလက်များကို ခိုးယူကာ သီရိလင်္ကာရှိ ဘဏ်စာရင်းများထံ ငွေလွှဲပေးရန် လိမ်လည်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
တရုတ်ရဲများက သီရိလင်္ကာရဲတပ်ဖွဲ့ကို အကူအညီတောင်းပြီး မြို့တော်ကိုလံဘိုဝန်းကျင်တွင် ဒီဇင်ဘာ ၂၁

ရွှေခုံတိုင်ခုံးကျော်တံတား ဆောက်လုပ်ရန် မလွတ်ကင်းသည့်အတွက် ကမ္ဘာအေးစေတီလမ်းပေါ်ရှိ အမြင့်ပေ ၄၀ ကျော်ရှိ သက်တမ်းရင့် ကညင်ပင်ကြီးကို ခုတ်လှဲမည်


25.1.1

ရန်ကုန်မြို့၊ ရွှေဂုံတိုင်ခုံးကျော်တံတား စီမံကိန်းနှင့် မလွတ်ကင်းသည့် ကမ္ဘာအေးစေတီလမ်းပေါ်ရှိ အမြင့်ပေ ၄၀ ကျော်ခန့်ရှိသော သက်တမ်းရင့် ကညင်ပင်ကြီးအား ခုတ်လှဲသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ သိရသည်။
အဆိုပါ ကညင်ပင်ကြီးမှာ သက်တမ်းရင့်ဖြစ်သည်နှင့်အတူ ရာသီဥတုဒဏ်ကြောင့် သစ်ငုတ်ထိပ်မှ အပင်ခြေအထိ တောက်လျှောက် အခေါင်းပေါက်ဖြစ်နေသော်လည်း ရှင်သန်နေဆဲအပင်ကြီး ဖြစ်ကြောင်း၊ သက်တမ်းရင့်နေသည့်အပြင် ကြံ့ခိုင်မှုအားနည်းကာ ပြိုလဲနိုင်သည့် အန္တရာယ်လည်း ရှိနေကြောင်း၊ ရွှေဂုံတိုင် ခုံးကျော်တံတား စီမံကိန်းတွင် တံတားချဉ်းကပ်လမ်း တည်ဆောက်ရာ၌ လုံးဝမလွတ်ကင်းသည့်အတွက်  ခုတ်လှဲရမည်ဖြစ်ကြောင်း ယင်းဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ကညင်ပင်ကြီးအား ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ တာဝန်ယူခုတ်လှဲမည်ဖြစ်ပြီး

မီးလောင်ပျက်စီးသွားသော လေယာဉ်မှ ပျံသန်းမှု မှတ်တမ်းသေတ္တာအား ရှာဖွေတွေ့ရှိပြီဖြစ်ပြီး စင်ကာပူသို့ ပို့ဆောင်ကာ စစ်ဆေးသွားမည်

 
မီးလောင်ပျက်စီးသွားသော Air Bagan လေယာဉ်မှ Black Box (လေယာဉ်ပျံသန်းမှု မှတ်တမ်းသေတ္တာ) အားရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ပြီး စင်ကာပူ နိုင်ငံသို့ ပို့ဆောင်ကာ လေယာဉ်ပျက် ကျမီးလောင်မှု ဖြစ်ပွားခဲ့ရသည့် အဓိကအကြောင်းအရင်းကို စုံစမ်းဖော်ထုတ်သွားမည်ဟု Air Bagan လေကြောင်းလိုင်းမှ သတင်းထုတ်ပြန်ခဲ့ပါသည်။အဆိုပါ Black Box (လေယာဉ် ပျံသန်းမှုမှတ်တမ်းသေတ္တာ)အား
 လေယာဉ်ပျက်ကျ မီးလောင်မှုဖြစ်ပွား ပြီး နာရီပိုင်းအတွင်း ရှာဖွေတွေ့ရှိခဲ့ ခြင်းဖြစ်ကြောင်း ယင်းလေကြောင်းလိုင်းမှ သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
Air Bagan လေကြောင်းလိုင်းသည် နိုင်ငံခြားသားခရီးသည်များ အတွက် ယင်းတို့၏ သက်ဆိုင်ရာနိုင်ငံများ၏ သံရုံးများနှင့်ပူးပေါင်းလျက် ခရီးသည်များ၏ နိုင်ငံကူးလက်မှတ်များ အမြန်ဆုံး ပြန်လည်ရရှိရေး အတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိ ရပါသည်။
Air Bagan လေကြောင်းလိုင်း သည် လေကြောင်းလိုင်းပိုင်ရှင်၏ဆန္ဒ အရ မြန်မာ့အာမခံလုပ်ငန်းမှ ပြည်ပ၌

လေယာဉ်ပျက်ကျမှုတွင် သေဆုံးခဲ့သည့် ဧည့်လမ်းညွှန် မနွယ်လင်းရှိန်၏ မောင်ဖြစ်သူ ကိုလှကျော်ရှိန်နှင့် မေးမြန်းခြင်း


39074_1434712420999_6460181_nလေယာဉ်ပျက်ကျမှုတွင် သေဆုံးခဲ့သည့် ဧည့်လမ်းညွှန် မနွယ်လင်းရှိန်

ဒီဇင်ဘာ ၂၅ ရက် နံနက် ၈ နာရီ ၅၀ မိနစ်အချိန်ခန့်က AirBagn လေကြောင်းလိုင်းမှ ခရီးစဉ်အမှတ် W 9-011 လေယာဉ် XY - AGC လေယာဉ်အမျိုးအစား F-100 သည် မန္တလေးလေဆိပ်မှ ဟဲဟိုးလေဆိပ်သို့ ဆင်းသက်စဉ် လေယာဉ်ပြေးလမ်းနှင့် နှစ်မိုင်ခန့်အကွာ အရှေ့အနောက် ကန့်လန့်ဖြတ် သွယ်တန်းထားသော ကလော-အောင်သပြေ (၆၆) ကေဗွီ ဓာတ်အားလိုင်းနှင့် လေယာဉ်အောက်ပိုင်း တိုက်မိပြီး သစ်ပင်များနှင့် ထပ်မံတိုက်မိခဲ့သည်။
ယင်းနောက် လေယာဉ်တောင်ပံနှစ်ဖက်ကျိုးကာ မြေပြင်ပေါ်သို့ ပျက်ကျပြီး ပေ ၁၀၀၀ ၀န်းကျင်ခန့် ဒရွတ်တိုက်ဖြစ်သွားကာ မီးလောင်သွားသော ဖြစ်စဉ်တွင် ဧည့်လမ်းညွှန်တစ်ဦးဖြစ်သည့် မနွယ်လင်းရှိန် (၃၄) နှစ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့ ဈေးတန်းရပ်ကွက် နေထိုင်သူမှာ သေဆုံးသွားခဲ့သည်။

အဲပုဂံလေယာဉ်ပျက်ကျရာတွင် သေဆုံးခဲ့သည့် ဆိုင်ကယ်စီးသူ၏ ရုပ်အလောင်းအား ဒီဇင်ဘာ ၂၆ ရက်နေ့တွင် မီးသဂြိုလ်ပြီးစီး


thn-26-12-12-7


ဒီဇင်ဘာ ၂၅ရက် နံနက် ၈ နာရီ ၅၀ မိနစ်အချိန်က အဲပု ဂံလေကြောင်းလိုင်းမှ ခရီးစဉ်အမှတ်  W9-011 လေယာဉ်သည် မန္တလေးလေဆိပ်မှ ဟဲဟိုးလေဆိပ်သို့ ဆင်းသက်စဉ် လေယာဉ်ပြေးလမ်းနှင့်
 နှစ်မိုင်ခန့်အကွာ ပျက်ကျမှုကြောင့် သေ ဆုံးခဲ့သည့် ဆိုင်ကယ်စီးသူ၏ ရုပ်အလောင်းအား ဒီဇင်ဘာ ၂၆ ရက်နေ့တွင် မီးသဂြိုလ်လိုက်ကြောင်း သိရသည်။
လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့ရသည့် မောင်သိန်းတန်(ခ) မောင်ပြား၏ ရုပ်အလောင်းကို တောင်ကြီးဆေးရုံမှ တောင်ကြီး တိုင်း ရင်းသားပေါင်းစုံ သုသာန်သို့ ပို့ဆောင်ပြီး ဒီဇင်ဘာ

အဲပုဂံလေယာဉ်ပျက်ကျမှုတွင် ဒဏ်ရာရရှိခဲ့သည့် လူနာကိုးဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းခဲ့ရာ ခုနှစ်ဦးကို အတွင်းလူနာအဖြစ် လက်ခံကုသနေ


အဲပုဂံလေကြောင်းလိုင်း၏ လေယာဉ်မတော်တဆမှုတွင် ပါဝင်ခဲ့ပြီး တောင်ကြီးစပ်စံထွန်းဆေးရုံသို့ ပို့ဆောင်ကုသခဲ့သည့် ခရီးသည်ကိုးဦးအား ဒီဇင်ဘာလ၂၅ရက်နေ့၊ ညနေက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသခဲ့ကြောင်း သိရသည်။ အဆိုပါခရီးသည် ကိုးဦးအနက် မြန်မာနိုင်ငံသား ခုနစ်ဦးပါဝင်ပြီး ပြင်သစ်နိုင်ငံသား နှစ်ဦးပါဝင်ခဲ့ကြောင်းနှင့် လက်ရှိတွင် မြန်မာနိုင်ငံသား ခုနစ်ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် လက်ခံကုသပေးနေပြီး
 ပြင်သစ်နိုင်ငံသား နှစ်ဦးကိုမူ ပြင်ပလူနာအဖြစ် ကုသပေးခဲ့ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ကျော်က ဒီဇင်ဘာလ ၂၆

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိနေသည့် သံဃာတော်လေးပါးအနက် နှစ်ပါးကို အရေပြားအစားထိုး ခွဲစိတ်ကုသပေးခဲ့ရာ ကျန်းမာရေး ကောင်းမွန်လျက်ရှိ

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် လက်ပံတောင်းတောင် ဒဏ်ရာရ သံဃာတော်လေးပါးအနက် နှစ်ပါးကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ဒီဇင်ဘာ ၂၄ ရက်က အရေပြားအစားထိုး ကုသမှုခံယူခဲ့ရာ လက်ရှိတွင် ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ကျော်က ပြောသည်။
ထိုနေ့က အရေပြားအစားထိုး ခွဲစိတ်ကုသမှု ခံယူခဲ့သည့် သံဃာတော်နှစ်ပါးမှာ မန္တလေးမြို့၊ ဘုရားကြီးအလယ်တိုက်မှ ဆရာတော် ဦးဝိသုဒ္ဓနှင့် ပခုက္ကူ အလယ်တိုက် ဆရာတော် ဦးစန္ဒောဘာသ တို့ဖြစ်သည်။“ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ သံဃာလေးပါးအနက် ဦးသုစိတ္တဟာ မန္တလေး ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူချိန်ကတည်းက အရေပြား အစားထိုးကုသမှု ပြုလုပ်ပြီးမှ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးကို ရောက်လာတာပါ။ အခုအစားထိုး ကုသပေးထားတဲ့ သံဃာနှစ်ပါးကို

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနှင့် လူမှုဘ၀ အကျိုးသက်ရောက်မှုကို မြန်မာ့ပတ်ဝန်းကျင်သိပ္ပံမှ ၁၄ရက်အတွင်း စုံစမ်းစစ်ဆေးရေးကော်မရှင်သို့ တင်ပြမည်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအကဲဖြတ်နိုင်ရန်နှင့် လူမှုဘ၀အကျိုးသက်ရောက်မှုကို အကဲဖြတ်နိုင်ရန်အတွက် မြန်မာ့ပတ်ဝန်းကျင်သိပ္ပံမှ ၁၄ ရက်အတွင်း လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်သို့ တင်ပြမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ထုတ်ပြန်သည့်    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက် ၄/၂၀၁၂ တွင် ဖော်ပြထားသည်။
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အကဲဖြတ်နိုင်ရန်နှင့် လူမှုဘ၀ အကျိုးသက်ရောက်မှုကို အကဲဖြတ်နိုင်ရန်အတွက် မြန်မာ့ပတ်ဝန်းကျင်သိပ္ပံအား တာဝန်ပေးအပ်ခဲ့ကြောင်း၊

ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ဖြစ်ထွန်းတိုးတက်စေရေး လာဘ်ပေးလာဘ်ယူမှုများအား ထိထိရောက်ရောက် တားဆီးထိန်းသိမ်းရန် နိုင်ငံတော်သမ္မတ ပြောကြား

ကောင်းမွန်သောအုပ်ချုပ်မှုစနစ် ဖြစ်ထွန်းတိုးတက်စေရေး လာဘ်ပေးလာဘ်ယူမှုများအား ထိထိရောက်ရောက် တားဆီးထိန်းသိမ်းရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လက်ရှိအစိုးရအဖွဲ့ နိုင်ငံအုပ်ချုပ်ရေး တာဝန်ယူခဲ့သည့် တစ်နှစ်နှင့် ကိုးလခန့်အကြာတွင် ပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတက ဒီဇင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၌ ပြုလုပ်ခဲ့သည့် အစိုးရဌာနအဖွဲ့အစည်းများ၏ စီမံအုပ်ချုပ်မှုစနစ် တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများအား လမ်းညွှန်မိန့်ကြားသည့် အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “နိုင်ငံတကာက မြန်မာနိုင်ငံအပေါ်မှာ ကောင်းမွန်သော အုပ်ချုပ်မှု ရှိမရှိ တိုင်းတာသောစံများအရ

Air Bagan လေကြောင်းလိုင်းမှ လေယာဉ်မတော်တမှုဖြစ်ရပ်နှင့်ပတ်သက်၍ ရှင်းလင်းပွဲပြုလုပ် လေယာဉ်ပျက်ကျမှုဖြစ်ပွားရသည့် အဓိကအကြောင်းရင်းအား စုံစမ်းစစ်ဆေးရေးကော်မရှင်မှသာ သတင်းထုတ်ပြန်သွားမည်ဟုဆို

 
Air Bagan လေကြောင်းလိုင်းမှ ဒီဇင်ဘာလ ၂၅ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေယာဉ်မတော်တဆမှု ဖြစ်ရပ်နှင့် ပတ်သက်၍ စာနယ်ဇင်း ရှင်းလင်းပွဲတစ်ရပ်အား ဒီဇင်ဘာလ ၂၆ရက်နေ့ ညနေက ရန်ကုန်မြို့ရှိ၊ ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်တွင် ပြုလုပ်ခဲ့ပါသည်။
အဆိုပါရှင်းလင်းပွဲသို့ Air Bagan လေကြောင်းလိုင်းမှ ဦးထူးထက်ထွေး(MD)၊ လေယာဉ် မတော်တဆမှုဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် လေယာဉ်မယ် မခိုင်စုနိုင်နှင့် Bagan လေကြောင်းလိုင်းမှ တာဝန်ရှိသူများ၊ ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။
''ကျွန်တော်တို့လေကြောင်းလိုင်းရဲ့ အပြင်းထန်ဆုံး Accident တစ်ခုပါ။ ၀န်ထမ်းတွေကို အကောင်းဆုံး လေ့ကျင်သင်ကြားပေးခဲ့အတိုင်း စွမ်းဆောင်နိုင်ခဲ့လို့သာ ခရီးသည်တွေရဲ့ အသက်အန္တရယ်ကို ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်'' ဟု Air Bagan လေကြောင်းလိုင်းမှ MD ဖြစ်သူ

တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့အကြား တိုက်ပွဲများ အရှိန်မြင့်လာ မြစ်ကြီးနား-ဗန်မော်လမ်းကြောင်းရှိ KIA တပ်များအားလုံး ဒီဇင်ဘာလ ၂၅ ရက် နောက်ဆုံးထား ရုပ်သိမ်းပေးရန် တပ်မတော်မှ အကြောင်းကြားချက်အပေါ် KIO ကန့်ကွက်


ha-26-12-1
ဒီဇင်ဘာလ ၂၅ ရက်နေ့ (ခရစ်စမတ်) ည ၉ နာရီဝန်းကျင်အချိန်က မြစ်ကြီးနားမြို့တွင်း တစ်နေရာ
တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ­­­­­­်မတော်(KIA) တို့အကြား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်မှစတင်ကာ တိုက်ပွဲများ အရှိန်မြင့်လာကြောင်း သိရှိရသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖော်ဆောင်ရေးအဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာက “၂၃ ရက်ကစပြီး နှစ်ဖက်တိုက်ပွဲ အရမ်းပြင်းထန်လာတဲ့ သဘောရှိတယ်။ ကြားရတဲ့အခြေအနေအရ တပ်မတော်က KIA စစ်ဌာနချုပ်ရှိတဲ့လိုင်ဇာကို သိမ်းဖို့အတွက် အဓိက စစ်ရှိန်မြှင့်တယ်လို့ သိရပါတယ်။ အခု လိုင်ဇာကိုသိမ်းဖို့ လဂျားယန်မှာ တိုက်ပွဲပြင်းထန်နေတဲ့ ပုံစံဖြစ်ပါတယ်။ တပ်မတော်က လဂျားယန်ကို ကျော်လို့မရသေးဘူးလို့ ကြားရပါတယ်။ ဒီနေ့ (ဒီဇင်ဘာလ ၂၅ ရက်) နေ့မှာ ဗန်းမော်ဘက်ကို စစ်ကားအစီးရေ ၂၀ ထပ်တက်သွားတယ်လို့ ကြားရပါတယ်” ဟု ဒီဇင်ဘာလ ၂၅

RNDP ကို ရွေးကောက်ပွဲကော်မရှင်က သတိပေး

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ချောင်းဝကျေးရွာမှာ မသီတာထွေးရဲ့ ကောင်းမှုအဖြစ် ဆောက်လုပ် လှူဒါန်းမယ့် အလယ်ကျောင်း ရံပုံငွေအတွက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က မသီတာထွေး ရုပ်ပုံနဲ့ ပြက္ခဒိန်တွေ ထုတ်ဝေ ရောင်းချခဲ့မှုအပါအဝင် ကိစ္စတချို့အတွက် RNDP ပါတီ တာဝန်ရှိသူတွေ ကို ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်က နေပြည်တော်မှာ မနေ့က ခေါ်ယူသတိ ပေးလိုက်ပါတယ်။
Facebook
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မနေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့နဲ့တွေ့ဆုံ ဆွေးနွေးရာမှာ ပါဝင်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)က ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်

မိန်းမပျို ရောင်းစားနေတဲ့ မြန်မာ ၂ ဦး ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး

ထိုင်းမြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ စံခလဘူရီမြို့မှာ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေရတဲ့ အသက် ၁၈ နှစ် မပြည့်သေးတဲ့ အမျိုးသမီး ၃ ယောက် အပါအဝင် မြန်မာအမျိုးသမီး ၁၈ ယောက်နဲ့အတူ လူပွဲစား မြန်မာနိုင်ငံသား ၂ ယောက်ကို ဒီဇင်ဘာ၂၅ ရက်နေ့ညက ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးနိုင် ခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ ဘုရားသုံးဆူမြို့နယ်ဖက်ကနေ တရားမဝင်ခေါ်သွင်းလာတဲ့ မြန်မာအမျိုးသမီးတွေကို ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် စံခလဘူရီမြို့နယ်မှာ ပြည့်တန်ဆာအလုပ်လုပ်ကိုင်နေရကြောင်း ဘန်ကောက်အခြေစိုက် ထိုင်းလူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ကို တိုင်ကြားလာတဲ့အတွက် ကွင်းဆင်းစုံစမ်းမှုတွေ ပြုလုပ်ပြီးနောက် အခုလို ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ်လို့ ထိုင်းလူကုန်ကူးမှု

ဆင်ဘိုမြို့က လူငယ်သုံးယောက် တရုတ်ပြည်မှာ ရောင်းစားခံရ

အခုဒီဇင်ဘာလအတွင်းမှာ ကချင်ပြည်နယ် ဆင်ဘိုမြို့က ဆယ်ကျော်သက်လူငယ် ၃ ယောက် တရုတ်ပြည်မှာလူကုန်ကူးခံရပြီး အဲဒီအထဲက မိန်းကလေးတစ်ယောက်ကတော့ တရုတ်အမျိုးသားနဲ့ အိမ်ထောင်ပြုလိုက်ရတယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ တပတ်လောက်က ကချင်ပြည်နယ် ဆင်ဘိုမြို့ အောင်မင်္ဂလာ ရပ်ကွက်က နှစ်ယောက်နဲ့ ဧရာဦး ရပ်ကွက်က တစ်ယောက် သူတို့ကို အမျိုးသမီးတစ်ယောက်က အလုပ်ရှာပေးမယ်ဆိုပြီး တရုတ်နိုင်ငံကို ခေါ်သွားတဲ့အကြောင်း အဲဒီကလေးတွေရဲ့အရေးကို လိုက်လံဆောင်ရွက်ပေးနေတဲ့ ဆင်ဘိုမြို့ခံတစ်ယောက်က RFA ကို ပြောပြပါတယ်။
"ဆန်းလွင်ဦး ၁၈ နှစ် ဆိုတဲ့ ကောင်လေးတစ်ယောက်ရယ်၊   ကြူကြူမြင့်ဆိုတဲ့ ကောင်မလေး ၁၇ နှစ်ရယ်၊ ကျော်ဝင်းအောင်ဆိုတဲ့ကောင်လေး ၁၈ နှစ်ရယ်၊ ရွှေလီဘက်ကို ခေါ်သွားတာ အဲဒီ ၃ယောက်ကို မိန်းမကြီးတယောက်ကခေါ်သွားတာ၊ လွန်ခဲ့တဲ့ တပတ်လောက် ခုလ ၁၈ ရက်၊ ၁၉ ရက်လောက်က အဲဒီမှာ သူက အလုပ်ကောင်းကောင်းရမယ်လို့ ပြောသွားတာပေါ့ ကောင်မလေးကိုလဲ

ရှမ်းပြည်မြောက်ပိုင်းဒေသ အစိုးရတပ် အများအပြား အင်အားဖြည့်

အခုပွင့်လင်းရာသီမှာ ကချင်ပြည်နယ် အတွင်းမှာ တပ်တွေ တိုးချထားပြီး ကေအိုင်အိုတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေချိန်မှာ ရှမ်းပြည်မြောက်ပိုင်းဒေသမှာလဲ မြန်မာအစိုးရ တပ်တွေက တပ်အင်အားထောင်နဲ့ချီပြီး ဖြည့်တင်း တိုးချဲ့နေတယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ လေးငါးရက်လောက်က စတင်ပြီးတော့ ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အို တပ်မဟာ ၄ ဒေသနဲ့ ပလောင်ဒေသတွေမှာ အစိုးရတပ်တွေ အများအပြား တိုးချလာတယ်လို့ ပလောင်တပ်မှုး တာ့ဖုန်းကျော်က ပြောပါတယ်။
"များတော့များတယ်ဗျ စကခ ၁ နဲ့ စကခ ၁၆ သိန္နီ၊ ဒီဘက်ကွတ်ခိုင်ဘက်မှာရော ၊ မန်တုံဘက်ရော၊ နမ့်ခမ်းဘက်ရော၊ နမ့်ဆန်ဘက်ရော နမ့်ဆန်ဘက်မှာတက်လာတာက ခန့်မှန်းခြေ ၄၀၀ နဲ့ ၅၀၀ ကြားလောက်ရှိမယ်၊ မန်တုံနဲ့နမ့်ခမ်းဝန်းကျင်လဲ ၃၀၀ ၀န်းကျင်လောက်ရှိမယ်၊ ကွတ်ခိုင်ဘက်ကလဲ လောလောဆယ် ၃၀၀ ၀န်းကျင်လောက်ရှိမယ်၊ လောလောဆယ်တော့ ဘာတိုက်ပွဲမှ မရှိဘူး လေးရက်ငါးရက်ရှိပြီ သူတို့တပ်တွေ ဟိုဘက်ရွှေလိုက် ဒီဘက်ရွှေလိုက်"
အရင်တုန်းက အဲဒီဒေသမှာ အခုလောက် တပ်အင်အားတွေများများစားစားနဲ့ လှုပ်ရှားတာမရှိဘူး။

ကချင်ဒုက္ခသည်တွေကို SNLD သိန်း ၁၇၀ လှူ

ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်က ဒုက္ခသည်စခန်း အချို့က စစ်ဘေးရှောင်ပြည်သူတွေကို ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က ဒီကနေ့မနက်ပိုင်းမှာ သွားရောက်တွေ့ဆုံခဲ့ ပြီး ငွေကျပ်သိန်း ၁၂၀ နဲ့ ဆေးဝါးပစ္စည်းတန်ဖိုး သိန်း ၅၀ အပါအဝင် စုစုပေါင်း ကျပ်သိန်း ၁၇၀ လှူဒါန်း ခဲ့တယ်လို့ သိရပါတယ်။

Photo:RFA/Kyaw Myo Min
ကချင်ဒုက္ခသည်စခန်းတစ်ခုအတွင်းက ဒုက္ခသည်စခန်းတစ်ခုကို တွေ့မြင်ရစဉ်။

ဒီကနေ့ လာရောက်လှူဒါန်းချိန်မှာ စစ်ဘေးရှောင်စခန်းတွေရဲ့လက်ရှိအခြေအနေတွေကို မြင်တွေကြားသိခဲ့ရတာ နဲ့ ပတ်သက်ပြီး SNLD ပါတီရဲ့ တွဲဘက်အတွင်းရေးမှူး ဦးစိုင်းလိတ်က RFA ကို အခုလိုပြောပါတယ်။
"ကျွန်တော်တို့ ဒီနေ့ မနက်သွားရောက်လှူဒါန်းတဲ့ cmap က သုံးခပေါ့နော်။ကျွန်တော့်အမြင်က ကချင်ပြည်နယ်၊ကချင်တိုင်းရင်းသားတွေပဲ ဒုက္ခရောက်နေလားလို့ပေါ့နော်။တကယ်တမ်းကျတော့ ကချင်မဟုတ်သော ရှမ်းနီ၊ရှမ်းကြီး နောက်ခရစ်ယာနန်ဘာသာကိုးကွယ်တဲ့ လီဆူးတိုင်းရင်းသားတွေက

Air Bagain လေယာဉ်စီးကြမယ်....



ဒီဇင်ဘာ ၂၅ ရက်နေ့ ၂၀၁၂ တွင်ပျက်ကျခဲ့သောလေယာဉ်အားတွေ့ ရစဉ်

ပျက်ကျပြီး မီးလောင်ကျွမ်းပြီးအခြေအနေ

လေယာဉ်ပျက်ကျပြီးနောက် မြင်ကွင်း


လေယာဉ်ပန်ကာ အစိတ်အပိုင်းများ။









အဲယားပုဂံလေယာဉ် စက်ချို့ယွင်းမှုကြောင့် လူနှစ်ဦးသေဆုံး

2012-12-25
နိုင်ငံခြားခရီးသည်တွေ အပါအဝင် ခရီးသည် ၆၅ ယောက် တင်ဆောင် သွားတဲ့ မန္တလေး- ဟဲဟိုး ခရီးစဉ် အဲယားပုဂံလေယာဉ် တစ်စီးဟာ စက်ချို့ယွင်းမှု ဖြစ်ပွားပြီး ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ ဒီကနေ့ အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။

Photo : RFA/ Kyaw Myo Htun
ဒီဇင်ဘာ ၂၅ ရက်နေ့မနက်ပိုင်းက ဟဲဟိုးလေဆိပ်သို့အဆင်း Air Bagan လေယာဉ် စက်ချို့ယွင်းမှုဖြစ်ပွားပြီး ပျက်ကျသွားပြီးနောက် အပျက်အစီးများကို တွေ့ရစဉ်
လေယာဉ် ပျံသန်းချိန်အတွင်း စက်ချို့ယွင်းခဲ့တဲ့အတွက် ရှမ်းပြည်နယ် အရှေ့ပိုင်း ဟဲဟိုးလေယာဉ်ကွင်းနဲ့ ၂ မိုင်အကွာမှာ အရေးပေါ်ဆင်းသက်ခဲ့တာလို့ သိရပါတယ်။
ဒီ ဖြစ်ရပ်ကြောင့် လူ ၂ ဦး သေဆုံးခဲ့ရပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ လေကြောင်းလိုင်းက သတင်းထုတ်ပြန်ပါတယ်။သေသူနှစ်ဦးထဲက တဦးဟာ လေယာဉ်ပေါ် လိုက်ပါသွားတဲ့ နိုင်ငံခြားဧည့်လမ်းညွှန် မနွယ်လင်းရှိန်ဖြစ်ပြီး လေယာဉ်ထိုးဆင်းရာမှာ ထိခိုက်ဒဏ်ရာရပြီး  သေဆုံးခဲ့ရကြောင်း၊ နောက်တဦးကတော့  လေယာဉ် အရေးပေါ် ဆင်းသက်ချိန်မှာ မြေပြင်က မော်တော်ဆိုင်ကယ် တစီးနဲ့ တိုက်မိပြီး

Saturday, December 22, 2012

အီတလီနိုင်ငံသား New Disc Jockey နှင့် MTS Online Radio တေးချစ်ပရိတ်သတ်များအားမိတ်ဆက်ခြင်း















အီတလီနိုင်ငံသား
John Paul ဟုခေါ်သောလူငယ်တစ်ဦးသည် မြန်မာသံစဉ်များနှင့် မြန်မာဘာသာစကားစိတ်ဝင်စားသော တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်ပြီး သူရဲ့ အားလပ်ချိန်များမှာ Club များတွင် ဒီဂျေလုပ်ခြင်း။တီးလုံးများဖန်တီးခြင်း ၊ အခြားသော အင်္ဂလိပ်သီချင်းများထုတ်လွှင့်သော ရေဒီယိုများတွင် ပါဝင်ခဲ့ဖူးသူတစ်ဦးဖြစ်သည်။

MTS Online Radio တွင် 22-Dec-2012 တွင် စတင်ပြီးအင်္ဂလိပ်သီချင်းများကို အပတ်စဉ် စနေနေ့တိုင်းထုတ်လွှင့်ပေးသွားမှာဖြစ်ပြီး နောက်ပိုင်းတွင်လည်း အခြားသော MTS DJs Members များ၏အကူအညီများဖြင့်မြန်မာသီချင်းကြီး။ခေတ်ပေါ်သီချင်းနှင့် အခြားသော ကမ္ဘာတ၀ှမ်းလူကြိုက်များသော သီချင်းများကိုပါ MTS Online DJ အဖြစ် မေတ္တာဖြင့်ပါဝင်ကူညီပေးသွား
မှာဖြစ်ပါတယ်။

အပတ်စဉ်စနေနေ့တိုင်းတွင် အင်္ဂလိပ်သီချင်းနှင့် သီချင်းမြူးမြူးကြိုက်တတ်သောလူငယ်များအကြိုက်သီချင်းများကို ထုတ်လွှင့်ပေးသွားမှာဖြစ်ပါသည်။ ထုတ်လွှင့်ချိန်မှာ ဒီဂျေများအားလပ်ချိန်နှင့် တပြေးညီ သီချင်းများထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။
မိမိကြိုက်နှစ်သက်သော အင်္ဂလိပ်သီချင်းများကို တောင်းဆိုလိုသော MTS Online Radio ပရိတ်သတ်များက mts4u@myittarshin.comသို့ အပတ်စဉ်သောင်္ကြာနေ့ ညပိုင်းနောက်ဆုံးထား
အီးမေးပေးပို့ပြီး ထားနိုင်ပါသည်။

MTS Online Radio တေးချစ်ပရိတ်သတ်များ အဝေးရောက်ရွှေမြန်မာများနှင့် ပြည်တွင်း ပြည်ပမှမြန်မာပြည်သူပြည်သားများအတွက် ၂၄ နာရီပတ်လုံး သီချင်းများ၊ တရားတော်များ ထုတ်လွှင့်ပေးလျှက်ရှိပါသည်။ MTS Online Radio တွင် ဒီဂျေများအား စေတနာမေတ္တာဖြင့်

အလုပ်သမား မှတ်ပုံတင်ရက်တိုးပေးဖို့ ထိုင်းဝန်ကြီးချုပ်ကို မြန်မာတိုက်တွန်းခဲ့

ထိုင်းဝန်ကြီးချုပ် ယင်လတ် က ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမားတွေ ကို နိုင်ငံသားအသိအမှတ်ပြုကဒ်ပြား လျှောက် ထားရေးအတွက် နောက်ထပ်သက်တမ်း ၃ လ တိုးပေးဖို့ သဘောတူခဲ့ကြောင်း သိရပါတယ်။

Photo : Yingluck Shinawatra's facebook
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို လာရောက်ကြည့်ရှုတဲ့ ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ထရာကို သမ္မတဦးသိန်းစိန်နဲ့အတူ တွေ့ရစဉ်
မြန်မာပြည်ကို ပြီးခဲ့တဲ့ တနင်္လာနေ့သွားရောက်ခဲ့စဉ်မှာ မြန်မာအလုပ်သမားဝန်ကြီးရဲ့ တိုက်တွန်းချက်အရ ထိုင်းဝန်ကြီးချုပ် က အဲဒီလိုကတိပေးခဲ့တာဖြစ်ကြောင်း မြန်မာအလုပ်သမားရေးရာဌာန ညွန်ကြားရေမှူးချုပ် ဦးမျိုးအောင်က ထိုင်းနိုင်ငံ အလုပ်သမားရေးရာဌာန ညွန်ကြားရေးမှူးချုပ်  ပရာဗစ် Pravit ကို ပြောဆိုခဲ့တယ်လို့ ထိုင်းနိုင်ငံမှာ ဒီကနေ့ စနေနေ့ ထုတ်ဝေတဲ့ Bangkok Post

ဗိုလ်ချုပ်မူတူးစေးဖိုးကို ကေအဲန်ယူ ဥက္ကဌသစ်အဖြစ် ရွေးချယ်

ကရင်အမျိုးသား အစည်းအရုံး ကေအဲန်ယူရဲ့  (၁၅)ကြိမ်မြောက် ညီလာခံကနေ ဥက္ကဌ၊ အထွေထွေအတွင်းရေးမှူး စတဲ့ ထိပ်ပိုင်း (၅)နေရာကို လူသစ်တွေနဲ့ သောကြာနေ့က အစားထိုးရွေးချယ်တင်မြောက်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
RFA
ကရင်အမျိုးသားအစည်းအရုံး KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် သမ္မတ ဦးသိန်းစိန်တို့ ၂၀၁၂ ခုနှစ် ဧပြီလ ရ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံနေကြစဉ်။
ပြီးခဲ့တဲ့  နိုဝင်ဘာ ၂၆ရက်ကနေ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လေးဝါးတပ်စခန်းမှာ  စတင်ကျင်းပတဲ့ ညီလာခံကနေ ကေအဲန်ယူရဲ့ထိပ်ပိုင်းခေါင်းဆောင်အဆင့်နေရာ ၅ နေရာမှာ တာဝန်ထမ်းဆောင်ဖို့ လူသစ်တွေကို  ရွေးချယ်တင်မြောက်ခဲ့ကြောင်း ညီလာခံကို တက်ရောက်နေတဲ့ ဗဟိုကော်မတီဝင်

၈၈ အင်အားစုည်ီလာခံ ကျင်းပဖို့ ဆုံးဖြတ်ကြေညာ

၈၈မျိုးဆက်ကျောင်းသားတွေ၊ ABSDF အင်အားစုတွေ၊ လူ့ဘောင်သစ် အင်အားစုတွေ အပါအဝင် ၈၈ အရေးတော်ပုံကာလမှာ ပါဝင်လှုပ်ရှား ခဲ့တဲ့ ၈လေးလုံးအင်အားစုတွေစုစည်းပြီး ၂ဝ၁၃ ခုနစ် ဇွန်လ နောက်ဆုံးထားကာ ညီလာခံတရပ်ကျင်းပ သွားမယ်လို့ တာဝန်ရှိသူတွေက ဒီကနေ့ ပြောကြား လိုက်ပါတယ်။
Photo: RFA
၈၈မျိုးဆက်ကျောင်းသားများရုံးခန်းတွင် ၈၈မျိုးဆက်ကျောင်းသားတွေ၊ ABSDF အင်အားစုတွေနဲ့ လူ့ဘောင်သစ်အင်အားစုတွေ တွေ့ဆုံပွဲတွင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို တွေ့ရစဉ်
၈ လေးလုံးအင်အားစုတွေဟာ မနေ့ မနက်ပိုင်းက သင်္ကန်းကျွန်းမြို့နယ် မှာရှိတဲ့ ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ ရုံးခန်းမှာ တွေ့ဆုံခဲ့ကြပြီးနောက်မှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းက မီဒီယာသမားတွေကို အဲဒီလို ညီလာခံကျင်းပမယ့်အကြောင်း

မန္တလေး - မြစ်ကြီးနား ကုန်တင်ရထား မိုင်းဗုံးဒဏ်ကြောင့် တိမ်းမှောက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို ဦးတည်ခုတ်မောင်းလာတဲ့ မန္တလေး - မြစ်ကြီးနားသွား အမှတ် ၉၃၇ အဆန်ကုန်တင်ရထားဟာ မိုးညှင်းမြို့နယ်၊ နမ္မားဘူတာနဲ့ မြို့သစ်ကလေး ဘူတာအကြား မိုင်တိုင် အမှတ် ၆၄၃ အနီးမှာ ဒီကနေ့ မနက်အစောပိုင်း ၁နာရီ ကျော်လောက်က မီးရထားသံလမ်း မိုင်းပေါက်ကွဲမှုကြောင့် ကုန်တင်ရထားရဲ့ ကုန်တွဲ ၄ တွဲ လမ်းချော် တိမ်းမှောက်ပြီး ရထားစက်ခေါင်းမောင်းသူ အပါအဝင် မီးရထားဝန်ထမ်း ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Photo: RFA/Kyaw Min
မြန်မာ့သယ်ယူပို့ဆောင်ရေးမှ မီးရထားတစ်စင်းကို တွေ့ရစဉ်
ဒီလို မိုင်းခွဲခံရလို့ မီးရထားသံလမ်း ပျက်ဆီးသွားပေမယ့် မန္တလေး - မြစ်ကြီးနား မီးရထားခရီးစဉ်တွေကို ရပ်ဆိုင်းမှာမဟုတ်ဘဲ ပုံမှန်အတိုင်း ခုတ်မောင်းသွားမှာ ဖြစ်ပြီး သံလမ်းမိုင်းပေါက်ကွဲမှု ဖြစ်ပွားရာ အနီးအနားကနေ ခရီးသည်တွေကို ရထားဟိုဘက်ဒီဘက် ကူးပြောင်းစီစဉ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။  ဒဏ်ရာရမီးရထားဝန်ထမ်း ၃ ဦးကို အခုအခါ မြစ်ကြီးနားဆေးရုံမှာကုသဖို့

အိန္ဒိယရောက် သမ္မတဦးသိန်းစိန် ကို မြန်မာနိုင်ငံသားတွေ ဆက်လက်ဆန္ဒပြ

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ အိန္ဒိယ-အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက်နေတဲ့ သမ္မတဦးသိန်းစိန်ကို မြန်မာနိုင်ငံ တိုင်းရင်းသားဒေသတွေက တိုက်ပွဲတွေ ရပ်စဲပေးဖို့၊ ဖြိုခွင်းခံခဲ့ရတဲ့ သံဃာတော်တွေကို တောင်းပန်ဖို့နဲ့ လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းပစ်ဖို့အတွက် အဲဒီမှာရှိကြတဲ့ မြန်မာနိုင်ငံသားတွေက ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
Photo: President office's website
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ အိန္ဒိယ-အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက်နေတဲ့ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်ကို တွေ့ရစဉ်
လူအင်အား ၅ဝ ကျော်လောက်က  ဆန္ဒပြသူတွေက သံဃာတော်တွေကို တောင်းပန်ရေး၊ လက်ပန်းတောင်းတောင်စီမံကိန်း ချက်ချင်းရပ်၊ ဦးပိုင်ကုမ္ပဏီ အလိုမရှိ၊ ဖမ်းခံထားရသူတွေ လွှတ်ပေး စတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး ဦးဆောင်သူတဦးဖြစ်တဲ့ ရွှေဝါရောင်ကျောင်းတိုက်ဆရာတော် ဦးပညာဇောတက RFA ကို အခုလို မိန့်ကြားပါတယ်။
" ဦးသိန်းစိန်အစိုးရကို ဘာဖြစ်လို့ ဦးဇင်းတို့ ဆန္ဒပြရသလဲဆိုလို့ရှိရင် နိုဝင်ဘာ ၂၉ ရက်နေ့က လက်ပန်းတောင်းတောင်ပရောဂျက် သံဃာတော်တွေ ငြိမ်းချမ်းစွာ ဆန္ဒပြတာကို မီးလောင်ဗုံးတွေနဲ့ ပစ်ခွဲခဲ့တဲ့အတွက် ဒီဦးသိန်းစိန်အစိုးရဟာ ဘာတွေပဲ ပြောင်းလဲနေတယ်ပဲပြောပြော အရင်စစ်အစိုးရရဲ့ အမူအကျင့်တွေ အတိုင်းပဲ၊ ပြည်သူတွေအပေါ်မှာ ရက်စက်တုန်းဆိုတာ ရက်ရက်စက်စက် ဖြိုခွင်းတဲ့အကျင့်တွေ ရှိနေတုန်းဆိုတာကို  ဒီမှာလာပြောတာပါ"
အိန္ဒိယ-အာဆီယံ ထိပ်သီးအစည်းအဝေးပွဲ ဒုတိယနေ့မှာ အိန္ဒိယသမ္မတ (Pranab Mukherjee) ပရာနက် မူခါဂျီ ကိုယ်တိုင်တက်ရောက်မှာ ဖြစ်ပါတယ်။ အစည်းအဝေးပွဲ ပထမရက်မှာ အိန္ဒိယဝန်ကြီးချုပ်

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။