MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, December 15, 2012

ကျပ် ၁ သိန်းခွဲအောက် 3G ဖုန်းတွေ လာမယ့်နှစ်ဆန်းပိုင်းမှာ ဖြန့်မယ်


 

ကျပ် ၁ သိန်းခွဲနဲ့အောက် မိုဘိုင်းဖုန်း ဆင်းကတ်တွေကို ၂၀၁၃ ခုနှစ်ဦးပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီးရဲ့  နေရာ ၁၈ နေရာမှာ အရောင်းဆိုင်တွေ ဖွင့်လှစ်  ရောင်းချမယ်လို့
 မြန်မာ့ဆက်သွယ်ေရးလုပ်ငန်းက အဆင့်မြင့်အရာရှိတဦးက ပြောပါတယ်။အခု အသစ်ရောင်းချမယ့် 3G/UMTS(Universal Mobile Telephone System) ဟာ လက်ရှိကမ္ဘာ့နိုင်ငံတွေမှာ အများဆုံးတွင်တွင်ကျယ်ကျယ် သုံးနေတဲ့ မိုဘိုင်းဖုန်းစနစ်ဖြစ်ပြီး ဟန်းဆက် အမျိုးအစား မြင့်ရင်မြင့်သလို အကျိုးရှိရှိသုံးနိုင်မယ်လို့ ဆိုပါတယ်။ကြေးနန်းဆက်သွယ်ရေးနဲ့စာတိုက် သင်တန်းကျောင်းရဲ့ ကျောင်းအုပ် ဦးကျော်စိုးက ပြောပါတယ်။“၁ သိန်းခွဲရယ်။ ၁ သိန်းခွဲအောက် ဈေးနှုန်းပေါ့။ အဲလို ကျနော်တို့ တင်ပြထားတာရှိပါတယ်။ ကျနော်တို့ စက်ပစ္စည်းတပ်ဆင်မှုတွေ လုပ်နေပါတယ်။ လာမယ့်နှစ်ဦးပိုင်းမှာ စမှာဖြစ်ပါတယ်။ လာမယ့်နှစ်ဦးပိုင်းက စက်ပစ္စည်းတွ တပ်ဆင်ပြီးရင် စမ်းသပ် လည်ပတ်ရပါမယ်။ စမ်းသပ်လည်ပတ်ကာလက ၂ ပတ်လောက်တော့ ကြာလေ့ရှိပါတယ်။ သေသချာချာ
စမ်းသပ်လည်ပတ်ရပါတယ်။ သေချာပြီဆိုမှ လူထုကို ကျနော်တို့ ထုတ်ရောင်းပါမယ်။” လို့ ပြောပါတယ်၊ကျန်တိုင်းနဲ့ပြည်နယ်တွေထဲက မန္တလေး၊ မော်လမြိုင်နဲ့ ဘားအံမြို့ တွေလည်း အစီအစဉ်မှာ ပါဝင်မယ်လို့ သူက ဆက်ပြောပါတယ်။SIM CARD ဆင်းကတ်တခုကို အိမ်နီးချင်း ထိုင်းနိုင်ငံမှာ အခမဲ့ဖြန့်တဲ့စနစ် ထွန်းကားနေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံက တယ်လီဖုန်း ဆင်းကဒ် တွေကေတာ့ ပေါ်ကာစက ဆင်းကတ်တခုကို ကျပ်ငွေသိန်း ၂၀ လောက်ထိ ဈေးမြှင့်ခဲ့ပြီး ဇိမ်ခံပစ္စည်းလိုဖြစ်ခဲ့တာပါ၊တဖြည်းဖြည်းနဲ့ ဈေးကျလာရာက လက်ရှိမှာ ဆင်းကတ်တခုကို ကျပ်ေငွ ၂ သိန်းနှုန်းနဲ့ အစိုးရက ရုံးဝန်ထမ်းတွေနဲ့ ကျေးရွာတွေကိုအကြွေးရောင်းနေပါတယ်။ဖုန်းဆင်းကတ်ဈေးနှုန်းကျဆင်းတာဟာ ဒီနှစ်ဆန်းပိုင်းတုန်းက ကုမ္မဏီတခုရဲ့ မန်းနေဂျင်းဒါရိုက်တာ တစ်ဦးက ဆင်းကတ်တခုကို ကျပ် ၅၀၀၀ နဲ့ ရောင်းမယ်လို့ ကြော်ငြာအပြီး မြန်မာ့ဆက်သွယ်ရေးဘက်က ဈေးချလာတာဖြစ်သလို သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် တန်ဖိုးနည်းဖုန်းတွေသုံးနိုင်အောင် စီမံမယ်ဆိုတာ ပြောခဲ့ပါတယ်။ဒါကြောင့် ဆင်းကတ်တစ်ခုကို ကျပ် ၅၀၀၀ နှုန်းနဲ့ ဘယ်တော့လောက် မြန်မာပြည်သူတွေ သုံးစွဲနိုင်မလဲလို့ မေးမြန်းရာမှာ ကုမ္မဏီတွေအပြိုင်အဆိုင်လုပ်ကိုင်ကြတဲ့ ခေတ်ေရာက်မှ ဈေးနှုန်းမျှော်မှန်းနိုင်မယ်လို့ ဆိုပါတယ်။“ကျနော်တို့ အခု ဈေးနှုန်းတွေ တဆင့်ပြီးတဆင့် လျော့ချနေတော့ လာမယ့် ဒီဇင်ဘာအကုန် ဇန်န၀ါရီလဆန်းပိုင်းမှာတော့ကျနော်တို့ ၁ သိန်းခွဲနဲ့ အောက်ကို ရောင်းနိုင်မှာဖြစ်ပါတယ်။ ဇန်န၀ါရီလလောက်မှာ ရောင်းနိုင်မယ်လို့ မှန်းပါတယ်။ ၅၀၀၀ တန် ကိစ္စကတာ့ ဒါမျိုးက ဘယ်အချိန်မှာဖြစ်တတ်သလဲ ဆိုတော့ ကုမ္မဏီတွေ အပြိုင်အဆိုင် ပေါ်လာတဲ့အချိန်မှာ သူတို့တွေကအပြိုင်အဆိုင်လုပ်ရင်းနဲ့ ဈေးတွေက နိမ့်ကျသွားမှာဖြစ်ပါတယ်။အပြိုင်အဆိုင် မရှိခင်ကာလမှာတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ၅၀၀၀ တန်ကမဖြစ်နိုင်သေးဘူးလို့ပဲ ကျေန်ာက သုံးသပ်ပါတယ်” လို့ ဖြေပါတယ်။မြ၀တီ သတင်းထုတ်ပြန်ချက်မှာတော့ လာမယ့် နှစ်ဆန်းကျရင် ရန်ကုန်တိုင်းဒေသကြီးမှာ  ဂျီအက်စ်အမ်သရီးဒီဖုန်း အလုံးရေ ၁ သန်း၊ မန္တလေးတိုင်းဒေသကြီးမှာ ၂ သိန်း၊ မော်လမြိုင်နဲ့ ဘားအံမှာ ၆ သောင်းချသွားပေးမယ်လို့ ဆက်သွယ်ရေးအရာရှိကို ကိုးကားရေးထားပါတယ်။

DVB News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။