MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, December 26, 2012

Air Bagan လေကြောင်းလိုင်းမှ လေယာဉ်မတော်တမှုဖြစ်ရပ်နှင့်ပတ်သက်၍ ရှင်းလင်းပွဲပြုလုပ် လေယာဉ်ပျက်ကျမှုဖြစ်ပွားရသည့် အဓိကအကြောင်းရင်းအား စုံစမ်းစစ်ဆေးရေးကော်မရှင်မှသာ သတင်းထုတ်ပြန်သွားမည်ဟုဆို

 
Air Bagan လေကြောင်းလိုင်းမှ ဒီဇင်ဘာလ ၂၅ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေယာဉ်မတော်တဆမှု ဖြစ်ရပ်နှင့် ပတ်သက်၍ စာနယ်ဇင်း ရှင်းလင်းပွဲတစ်ရပ်အား ဒီဇင်ဘာလ ၂၆ရက်နေ့ ညနေက ရန်ကုန်မြို့ရှိ၊ ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်တွင် ပြုလုပ်ခဲ့ပါသည်။
အဆိုပါရှင်းလင်းပွဲသို့ Air Bagan လေကြောင်းလိုင်းမှ ဦးထူးထက်ထွေး(MD)၊ လေယာဉ် မတော်တဆမှုဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် လေယာဉ်မယ် မခိုင်စုနိုင်နှင့် Bagan လေကြောင်းလိုင်းမှ တာဝန်ရှိသူများ၊ ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။
''ကျွန်တော်တို့လေကြောင်းလိုင်းရဲ့ အပြင်းထန်ဆုံး Accident တစ်ခုပါ။ ၀န်ထမ်းတွေကို အကောင်းဆုံး လေ့ကျင်သင်ကြားပေးခဲ့အတိုင်း စွမ်းဆောင်နိုင်ခဲ့လို့သာ ခရီးသည်တွေရဲ့ အသက်အန္တရယ်ကို ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်'' ဟု Air Bagan လေကြောင်းလိုင်းမှ MD ဖြစ်သူ
ဦးထူးထက်ထွေးက ပြောပါသည်။
ယင်းသတင်းစာရှင်းလင်းပွဲတွင် ပြည်တွင်း၊ ပြည်ပသတင်း မီဒီယာများမှ လေယာဉ်ပျက်ကျမှု ဖြစ်ပွားရသည့် အဓိကအကြောင်းရင်း၊ သေဆုံးသူနှစ်ဦးအပါအ၀င် ထိခိုက်ဒဏ်ရာရသူများနှင့် ပတ်သက်၍ လေကြောင်းလိုင်းမှ လက်ရှိ တာဝန်ယူဆောင်ရွက်ထားမှုစသည့် အချက်များအား အသီးသီး မေးမြန်းခဲ့ကြပါသည်။
မီဒီယာများမှ လေယာဉ်မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းအား မေးမြန်းခဲ့ရာ  ''မီးလောင်ပျက်စီးသွားတဲ့ လေယာဉ်က Black Box (လေယာဉ်ပျံသန်းမှု မှတ်တမ်း သေတ္တာ)ကို ရှာဖွေတွေ့ရှိခဲ့ပြီး၊ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို အပ်နှံလိုက်ပြီး ဖြစ်ပါတယ်။ ကော်မရှင်က စင်ကာပူနိုင်ငံကို ဆက်လက် ပေးပို့ပြီး စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ သိရတယ်။ ဒါကြောင့်မို့ လေယာဉ် မတော်တဆမှုဖြစ်ပွားရတဲ့ အဓိက အကြောင်းရင်းကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ကသာ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်''ဟု Air Bagan ကြောင်းလိုင်းမှ ဦးလှိုင်ဘွား (Director of Engeering) က ပြောကြားခဲ့သည်။
အဆိုပါ လေယာဉ်မတော်တဆမှုဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိသူ နိုင်ငံခြားသားများအား လက်ရှိတွင် အမေရိကန်ဒေါ်လာ၂၀၀၀စီနှင့် မြန်မာ ကျပ်ငွေသုံးသိန်းအား ပေးအပ်ထားပြီး၊ ပြည်တွင်း၌ ယာယီ ခရီးသွားလာခွင့်ရရှိစေရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပေးထားကြောင်း သိရသည်။
ရန်ကုန်-မန္တလေး-ဟဲဟိုး-ရန်ကုန် ခရီးစဉ်ပျံသန်းသော Air Bagan လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးသည် ဒီဇင်ဘာလ၂၅ရက်နေ့ နံနက်က မန္တလေးလေဆိပ်မှ ဟဲဟိုးလေဆိပ်သို့ ဆင်းသက်ချိန်တွင် ပျက်ကျမှုဖြစ်ပွားခဲ့ပြီး၊ အဆိုပါ လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ်ပါ ခရီးသည် ၆၅ဦးအနက် အသက်၃၆နှစ် အရွယ်ရှိ ဧည့်လမ်းညွှန်ဖြစ်သည့် မနွဲ့လင်းရှိန်(၃၇နှစ်) သေဆုံးခဲ့ကာ ကိုးဦးဒဏ်ရာရရှိခဲ့ပြီး၊ လေယာဉ်မှူးနှစ်ဦးအပါအ၀င် စုစုပေါင်း ၁၁ဦး ဒဏ်ရာရရှိခဲ့သည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူနေရသည့် ဧည့် လမ်းညွှန်၎ဦးမှာ ဦးခေါင်းနှင့် ခါးတွင် ဒဏ်ရာများရရှိထားပြီး၊ တစ်ဦး၏ အခြေအနေမှာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း မြန်မာနိုင်ငံဧည့်လမ်းညွှန်အသင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဒေါ်သီသီက ပြောပါသည်။
အဆိုပါ မတော်တမှုဖြစ်ပွားခဲ့သည့် Air Bagan လေကြောင်းလိုင်း၏ လေယာဉ်အမှတ် XY-AGC ၊ လေယာဉ်အမျိုးအစား F-100 မှာ ၁၉၉၁ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး၊ သက်တမ်း ၂၁ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။

Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။