MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, December 13, 2012

အမေရိကန်အခြေစိုက် Alvogen ကုမ္ပဏီနှင့် မြန်မာကုမ္ပဏီ Silver Shine International တို့ပူးပေါင်း၍ ပြည်တွင်း၌ အဆင့်မြင့် နိုင်ငံခြားဆေးဝါးများ စတင်ထုတ်လုပ်ရန် ပြင်ဆင်

thn-12-12-9Alvogen နှင့် Silver Shineကုမ္ပဏီတို့ ဒီဇင်ဘာ ၁၁ ရက်က
 ရန်ကုန် ဆီဒိုးနားဟိုတယ်၌ နားလည်မှုစာချွန်လွှာ ရေးထိုးနေစဉ်
အမေရိကန်အခြေစိုက် Alvogen ကုမ္ပဏီနှင့် မြန်မာနိုင်ငံရှိ Silver Shine International (SSI) ကုမ္ပဏီတို့ ပူးပေါင်း၍ ပြည်တွင်း၌ အဆင့်မြင့်နိုင်ငံခြားဆေးဝါးများ စတင်ထုတ်လုပ်ရန် ပြင်ဆင်လျက်ရှိကြောင်း Silver Shine International (SSI)  ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာဦးဖေလှိုင်၏ ပြောကြားချက်အရ သိရသည်။
ပြည်တွင်း၌ အဆင့်မြင့် နိုင်ငံခြားဆေးဝါးများ စတင်ထုတ်လုပ်နိုင်ရန်အတွက် ဆေးဝါးထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာများကို Alvogen ကုမ္ပဏီနှင့် ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ပြီး လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကိုလည်း ယင်းကုမ္ပဏီမှပင် မှာယူ တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
အမေရိကန် အခြေစိုက် Alvogen ကုမ္ပဏီနှင့် မြန်မာနိုင်ငံရှိ Silver Shine International  ကုမ္ပဏီတို့ လုပ်ငန်းများ ပူးပေါင်း လုပ်ဆောင်ရန်အတွက် ဒီဇင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိ၌ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်သို့ လုပ်ငန်းလုပ်ကိုင်ခွင့် လျောက်ထားပြီးဖြစ်ကြောင်းနှင့် လုပ်ငန်းများအား ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင်
စတင်လုပ်ကိုင်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
''ပြည်တွင်းက နိုင်ငံခြားဆေးဝါး ထုတ်လုပ်တဲ့ ကုမ္ပဏီနဲ့ ပြည်ပကုမ္ပဏီတွေ အခုလိုပူးပေါင်းတာ မြန်မာနိုင်ငံအနေနဲ့ ဒါကပထမဦးဆုံးအကြိမ်ပါ။ အရင်က ဆေးဝါးထုတ်လုပ်မယ်ဆိုရင် ပြည်တွင်းကုမ္ပဏီတွေကိုပဲ လုပ်ကိုင်ခွင့်ပေးခဲ့ပြီး အခုအစိုးရသစ်လက်ထက်မှာမှ ပြည်ပကုမ္ပဏီတွေနဲ့ ပူးပေါင်းလုပ်ကိုင်ခွင့်ရတာပါ။ လက်ရှိပြည်တွင်းက နိုင်ငံခြားဆေးဝါး ထုတ်လုပ်နေတဲ့သူတွေကလည်း အိမ်သုံးဆေးဝါးတွေကိုပဲ ထုတ်လုပ်နိုင်ပြီး အဆင့်မြင့်ဆေးဝါးတွေကိုကျတော့ ပြည်ပနိုင်ငံတွေကပဲ တင်သွင်းနေရတယ်။ ဒါကြောင့် ပြည်တွင်းမှာလည်း အဆင့်မြင့်ဆေးဝါးတွေ ထုတ်လုပ်နိုင်အောင် ပြည်ပကုမ္ပဏီတွေနဲ့ ပူးပေါင်း ဖြစ်တာပါ။ ပူးပေါင်းတဲ့နေရာမှာ သူတို့ဆီက ပညာရှင်တွေ ဒီကိုလာပြီး ဆေးဝါးထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့ နည်းပညာတွေကို သင်တန်းပေးတာအပြင် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်း တင်သွင်းမှာယူတာ တွေကိုပါ လုပ်ဆောင်သွားမှာဖြစ်ပါတယ်'' ဟု Silver Shine International မှ မန်နေးဂျင်းဒါရိုက်တာ ဦးဖေလှိုင်က ဆိုသည်။
Alvogen ကုမ္ပဏီသည် နောက်ပိုင်း တွင် Silver Shine နှင့် ပူးပေါင်း၍ ပြည်တွင်း၌ အဆင့်မြင့်နိုင်ငံခြားဆေးဝါး စက်ရုံ ဆောက်လုပ်နိုင်ရန် ရည်ရွယ်ထားကြောင်း Alvogen သည် အဆင့်မြင့် ဆေးဝါးများ ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၂၀ ကျော်၌ ရုံးခွဲများ ဖွင့်လှစ်ထားကြောင်း သိရသည်။


Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။