MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, December 18, 2012

 မြန်မာနိုင်ငံတစ်ဝှမ်းမှ ပန်းဆယ်မျိုးပညာရှင်များ၏ ART 13 Myanmar အနုပညာပြပွဲ ကျင်းပမည်

ha-16-12-10
ရန်ကုန်မြို့တွင်ပြုလုပ်ခဲ့သည့် ပန်းချီပြပွဲတစ်ခုအား မြင်တွေ့ရစဉ်
မြန်မာနိုင်ငံတစ်ဝှမ်းမှ ပန်းဆယ်မျိုးပညာရှင်များ၏ လက်ရာများပြသမည့် ART 13 Myanmar ဟု အမည်ပေးထားသည့် အနုပညာပြပွဲတစ်ရပ်ကို ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလအတွင်း ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရိုးရာပန်းပညာရှင်များ အစည်းအရုံး (ဗဟို)မှ သိရသည်။“ဒီပြပွဲက မြန်မာနိုင်ငံ ရိုးရာပန်းပညာရှင်များ အစည်းအရုံးရဲ့ သင်းလုံးကျွတ်ပြပွဲ တစ်ခုပါ။
ဒီလိုပြပွဲမျိုး မလုပ်ဖြစ်ခဲ့တာ ရှစ်နှစ်လောက်ရှိသွားပြီ။ ၂၀၁၃ ခုနှစ်ထဲမှာ ပြန်လုပ်မယ့်ပွဲအတွက် နိုင်ငံအ၀ှမ်းမှာရှိတဲ့ ပန်းဆယ်မျိုးပညာရှင်တွေကို ပါဝင်ပြသနိုင်ဖို့ အောက်တိုဘာလကတည်းက ဖိတ်ခေါ်ခဲ့တာပါ၊၊ ဒီပွဲမှာ ကလေးငယ်တွေရဲ့ လက်ရာကစပြီး ဒီနေ့နာမည်ကျော်တွေရဲ့ လက်ရာအထိ ပါမှာပါ။ ကလေးတွေလက်ရာတွေကစပြီး လက်ခံတာက ဒီပညာတွေကို နောက်မျိုးဆက်တွေဆီ လက်ဆင့်ကမ်းချင်တာကြောင့်ပါ။ ဒီပွဲကတစ်ဆင့် နိုင်ငံအ၀ှမ်းမှာရှိတဲ့ ပန်းဆယ်မျိုးအနုပညာရှင်တွေ အချင်းချင်းချိတ်ဆက်လုပ်ကိုင်မှုတွေ ပိုပြီးရှိလာမယ်လို့ မျှော်လင့်ထားပါတယ်။ နောက်ပြီး ဒီနေ့လူငယ်တွေကြားမှာ အသိနည်းလာပြီဖြစ်တဲ့အတွက် ပန်းဆယ်မျိုး အနုပညာတွေအကြောင်းကို သီးသန့်ပြခန်းတစ်ခုလုပ်ပြီး ပွဲလာသူတွေကို ရှင်းလင်းတင်ပြပေးဖို့လည်း စီစဉ်ထားတယ်” ဟု မြန်မာနိုင်ငံရိုးရာ ပန်းပညာရှင်များအစည်းအရုံး (ဗဟို) မှ ဥက္ကဋ္ဌပန်းချီဆရာကြီး ဦးမောင်မောင်လှမြင့်က ဆိုသည်။အဆိုပါပြပွဲအတွက် ဒီဇင်ဘာလ ပထမပတ်အထိ ရောက်ရှိထားသည့် အနုပညာလက်ရာပေါင်း ၅၀၀ ကျော်အထိ ရှိနေပြီဖြစ်သည်။

Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။