MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, December 1, 2012

လက်ပန်းတောင်း သပိတ်ဖြိုခွဲမှုနဲ့ မီးလောင်ဗုံး

2012-11-29
နိုဝင်ဘာ၂၉ ရက်နေ့ မနက်က လက်ပန်း တောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေးအတွက် ဆန္ဒ ထုတ်ဖော်နေတဲ့ သပိတ်စခန်းတွေကို ဖြိုခွဲရာမှာ ဓာတုဗေဒဗုံးနဲ့မီးလောင်ဗုံးတွေ အသုံးပြုခဲ့ခြင်း မရှိခဲ့ဘဲ နိုင်ငံတကာမှာ အသုံးပြုနေတဲ့ အဓိကရုဏ်းတွေကို နှိမ်နှင်းရာမှာ အသုံးပြုတဲ့ သာမန် မျက်ရည်ယိုဗုံးကိုသာ အသုံးပြုခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အတွင်းရေးမှုး ဗိုလ်မှုးကြီးယုလွင်ကို RFA ကသီးသန့် ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောကြားလိုက်ပါတယ်။

Photo Courtesy/Aung Nay Myo
နိုဝင်ဘာ ၂၈ ရက်နေ့က လက်ပန်းတောင်းတောင် သပိတ်စခန်းတွေကို စောင့်ကြည့်နေသည့် လုံထိန်းတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။
"အဲဒါက နိုင်ငံတကာမှာ သုံးနေတဲ့ အဓိကရုဏ်းနှိမ်နှင်းတဲ့ လက်နက်၊မီးခိုးဗုံးပါ၊မျက်ရည်ယိုဗုံးလို့ ခေါ်ပါတယ်။မီိးခိုးဗုံးကျတဲ့ အချိန်မှာ ပေါက်ကွဲမှုနည်းနည်းဖြစ်တယ်။အဲဒီကနေပြီးမှ အဲဒီမီးခိုးဗုံးမှာ မီးလောင်တဲ့ ဥစ္စာရှိပါတယ်။အဲဒါက
သူ့Chemical ပေါ့၊အဲဒီ Chemical လေးတွေ စင်တတ်ပါတယ်။"
နိုဝင်ဘာ ၂၉ ရက်နေ့မနက်ပိုင်းက သပိတ်စခန်းတွေကို အင်အားသုံးဖြိုဖျက်လိုက်တာဟာ  စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက် မဟုတ်ဘဲ၊ပြည်ထောင်စု အစိုးရအဖွဲ့ရုံးစိုက်ရာ နေပြည်တော်က တိုက်ရိုက်ညွှန်ကြားချက်ကြောင့် ဖြစ်တယ်လို့ ဗိုလ်မှုးကြီးယုလွင်က ဆက်လက် ပြောပါတယ်။
ဒါပေမယ့် အဲဒီအဖြစ်အပျက်ကို ကိုယ်တွေ့ကြုံတွေ့လိုက်ရတဲ့  မြန်မာနိုင်ငံ ဝိဇ္ဇာ၊သိပ္ပံ တက္ကသိုလ် ကျောင်းသားများ အဖွဲ့တာဝန်ခံ ကိုသောင်းထိုက်ကတော့ အာဏာပိုင်တွေက သပိတ်စခန်းတွေကို ဖြိုခွဲရာမှာ မီးလောင်ဗုံးတွေလည်း သုံးတယ်လို့ အခုလို ပြောပါတယ်။
"သုံးသွားတဲ့ဗုံးက နှစ်မျိုးပေါ့နော်၊ မျက်ရည်ယိုဗုံးရယ်၊ မီးလောင်ဗုံးရယ်၊ မီးလောင်ဗုံးတစ်မျိုးက ကျွန်တော်အခွံ့တစ်ခုတော့ရထားလိုက်တယ်၊ သူမှာရေးထားတာက LOD 01/12/95"
ဒီကနေ့ ဆေးရုံမှာ မီးလောင် ဒဏ်ရာတွေရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ သံဃာတော်တွေနဲ့ လက်ပန်းတောင်အရေး လှုပ်ရှားသူတစ်ချို့ရဲ့ ဓာတ်ပုံတွေကို လေ့လာကြည့်တဲ့ အခါမှာ အာဏာပိုင်တွေဟာ မီးလောင်ဗုံးကို အသုံးပြုပြီး၊သပိတ်စခန်းတွေကို ဖြိုခွဲခဲ့တယ်လို့ ဓာတုဗေဒပညာရှင် ဒေါက်တာ ခင်မောင်ညိုက ပြောပါတယ်။
" မျက်ရည်ယိုဗုံးဆိုရင် မျက်စိစပ်လာမယ်၊ လည်ချောင်းတွေယားလာမယ်၊ မီးလောင်ဖုတွေထွက်လာမယ်ဗျာ၊ ဒီလိုမျိုးမီးလောင်တာမျိုးတွေတော့ ကျွန်တော်တို့ တစ်ခါမှ မတွေ့ဖူးဘူး၊ အဓိက ကတော့ မီးလောင်ဗုံးဖြစ်ဖို့များတယ်"
နိုဝင်ဘာ ၂၉ ရက်နေ့ မနက်က သပိတ်စခန်းတွေကို အင်အားသုံးဖြိုခွဲခဲ့တဲ့အတွက် သံဃာတော် ၂၉ ပါးဟာ မုံရွာပြည်သူ့ဆေးရုံမှာ တက်ရောက်ဆေးကုသမှု ခံယူနေတယ်လို့ သိရပြီး၊ဒဏ်ရာ ပြင်းထန်တဲ့ သံဃာတော် တစ်ပါးကိုတော့ မန္တလေးဆေးရုံကြီးကို ပို့ဆောင်ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
လက်ပန်းတောင် သပိတ်စခန်းမှာ သတင်းသုံးခဲ့တဲ့ ဆရာတော် ဇဝနကို ဦးနေရိန်ကျော်က လျှောက်ထားခဲ့ပါတယ်။
အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
ပခုက္ကူမြို့က ဆရာတော် ဦးဥတ္တရ ကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်က လုံခြုံရေးတွေက ဝင်ရောက် ဖြိုခွင်းမှု အခြေအနေကို ဦးဝင်းနိုင်က လျှောက်ထားမေးမြန်းထားပါတယ်။
အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
စစ်ကိုင်းတိုင်း အစိုးရအဖွဲ့က သပိတ်မှောက် ဆန္ဒပြနေသူတွေကို အင်အားသုံးဖြိုခွဲခဲ့တာနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရ အဖွဲ့က ဗိုလ်မှူးကြီး ယုလွင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။


RFA NEWS

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။