MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, December 10, 2012

အာရှယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲဝင် မြန်မာအမျိုးသမီးအသင်း ခြေစစ်ပွဲနောက်ဆုံးအဆင့်၌ ထိုင်းကို အနိုင်ရရှိ


ha-10-12-1

အာရှဘောလုံးအဖွဲ့ချုပ် (AFC) သည် အာရှယူ-၁၉ အမျိုးသမီးဘောလုံးပြိုင်ပွဲ၊ ဒုတိယအဆင့် ခြေစစ်ပွဲကို ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် ပြီးခဲ့သည့်ဒီဇင်ဘာလ ၁ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့ပြီး ယင်းခြေစစ်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် ခြေစစ်ပွဲနောက်ဆုံးအဆင့်၌ ထိုင်းအသင်းကို (၁-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ထို့ကြောင့် မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် ၂၀၁၃ ခုနှစ်တွင် ကျင်းပမည့် (၇) ကြိမ်မြောက် ပြိုင်ပွဲကို တက်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီဖြစ်သည်။ ယင်းနောက်ဆုံးအဆင့် ပြိုင်ပွဲတွင် မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် လက်ရှိချန်ပီယံ ဂျပန်၊ မြောက်ကိုရီးယား၊ တရုတ်၊ တောင်ကိုရီးယား၊ သြစတြေးလျအသင်းတို့နှင့် အုပ်စုပတ်လည်ပုံစံ
ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ဒုတိယအဆင့် ခြေစစ်ပွဲ၌ အုပ်စု (ခ) တွင် ဗီယက်နမ်၊ တရုတ် (တိုင်ပေ)၊ အိန္ဒိယအသင်းတို့နှင့် အတူကျရောက်ခဲ့ပြီး ဗီယက်နမ်နှင့် အိန္ဒိယကို အနိုင်ရရှိခဲ့ကာ တရုတ် (တိုင်ပေ) နှင့်သရေကျပြီး အုပ်စုပထမနေရာ ရရှိခဲ့သည်။ ထို့ကြောင့် တစ်ဖက်အုပ်စုဗိုလ်ဖြစ်သော ထိုင်းအသင်းနှင့် ခြေစစ်ပွဲနောက်ဆုံးအဆင့်အဖြစ် ရှုံးထွက်ကစားခဲ့ရခြင်း ဖြစ်သည်။ ယင်းခြေစစ်ပွဲ နောက်ဆုံးအဆင့်ရှုံးထွက်ပွဲကို ဒီဇင်ဘာလ ၉ ရက်က ဟိုချီမင်းမြို့ရှိ Thonh Nhat ကွင်းတွင် ကစားခဲ့ခြင်းဖြစ်ပြီး မြန်မာအသင်းအတွက် အနိုင်ဂိုးကို နောက်တန်းလူ လင်းဥမ္မာထွန်းက ၆၇ မိနစ်တွင် သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
အုပ်စု(ခ)  ပွဲ  နိုင်  သရေ  ရှုံး  ရဂိုး  ပေးဂိုး  ရမှတ်
မြန်မာ  ၃  ၂    ၁  ၀  ၁၁    ၂    ၇
ဗီယက်နမ်  ၃  ၂    ၀  ၁  ၁၄    ၃    ၆
တိုင်ပေ  ၃  ၁    ၁  ၁  ၉    ၄    ၎
အိန္ဒိယ  ၃  ၀    ၀  ၃  ၀   ၂၅    ဝ
             နောက်ဆုံးအဆင့် Play-Off
                  မြန်မာ ၁-၀ ထိုင်း


Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။