MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, December 8, 2012

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် နိုင်ငံတကာသံအမတ်များ ရခိုင်ပြည်နယ်ရှိ ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်လေ့လာ


8
မြန်မာနိုင်ငံ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် နိုင်ငံတကာသံအမတ်များ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေသို့ ရောက်ရှိလာခဲ့ပြီး ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်လေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံမှ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်
အတူ ဗိုလ်ချုပ်ကြီးလှဌေးဝင်း၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရဲချုပ် ကျော်ကျော်ထွန်း၊
 ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် အပါအ၀င် နိုင်ငံခြားသံအမတ် ၅ ဦးနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ လိုက်ပါလာပြီး နံနက်ပိုင်းတွင် စစ်တွေသို့ ရောက်ရှိလာခဲ့ကာ ရခိုင်အပြည်နယ် အစိုးရအဖွဲ့ရုံးတွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆွေးနွေးရာတွင် ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသော အကြောင်းအရာများနှင့် ပတ်သက်ပြီး ထိုသို့လာရောက်လေ့လာခြင်းကို ကျေးဇူးတင်ကြောင်း ဒုတိယသမ္မတက ဦးစွာပြောကြားကာ
ယင်းနောက် နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက ရခိုင်ပြည်နယ်အတွင်း
 ဖြစ်ပေါ်ခဲ့သော ကိစ္စရပ်များနှင့် လက်ရှိအစိုးရမှ ဆောင်ရွက်ချက်များ၊ လိုအပ်ချက်များကို ဗွီဒီယိုမှတ်တမ်းများနှင့်တကွ ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ကုလသမဂ္ဂ အဖွဲအစည်းဆိုင်ရာ မြန်မာနိုင်ငံနိုင်ငံဌာနေ ကိုယ်စားလှယ်က ဦးစွာ ရခိုင်ပြည်နယ်နှင့် ပတ်သက်ပြီး သူ၏ထင်မြင်ယူဆချက်များနှင့် ဖြစ်သင့်သည်များကို ရှင်းလင်းတင်ပြပြီး အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ တူရကီ၊ ကမ္ဘောဒီးယားနှင့် ပါကစ္စတန် သံအမတ်များကလည်း လာရောက်ရခြင်း အကြောင်းများကို အကျဉ်းမျှ ပြောကြားသွားခဲ့ကြောင်း သိရသည်။
ထို့နောက် မင်းပြားမြို့နယ်ရှိ ဘင်္ဂါလီကယ်ဆယ်ရေးစခန်းဖြစ်သည့် စပါးလေ၊ ကျောက်တော်မြို့နယ်ရှိ ဘင်္ဂါလီကယ်ဆယ်ရေးစခန်းဖြစ်သည့် တောင်ဘွေ၊ မောင်တောမြို့နယ်ရှိ မီးလောင်ပျက်စီးသွားသော ရခိုင်ရွာများဖြစ်သည့် မောရ၀တီ၊ ရွှေရင်အေးနှင့် သရေကုန်းဘောင်ရွာများသို့ သွားရောက်ကာ ဒေသခံများနှင့် တွေ့ဆုံနုတ်ဆက်ခဲ့ကြောင်းနှင့် မေးမြန်းချက်များကို ပြုလုပ်ခဲ့ကြောင်းလည်း သိရှိရပါသည်။
ဒီဇင်ဘာလ ၈ ရက်နေ့တွင် ပေါက်တောမြို့နယ်ရှိ ကြယ်နီပြင်ကျေးရွာနှင့် စစ်တွေမြို့နယ်ရှိ အုန်းတောကြီး ကယ်ဆယ်ရေးစခန်း၊ အုန်းတော်ကြီးနှင့်မင်းဂံ၊ ဒုံးတိုက်ကွင်းများသို့ သွားရောက်လေ့လာမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။

ELEVEN NEWS

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။