MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, December 12, 2012

မြန်မာ့လယ်ယာထုတ်ကုန်များ ကမ္ဘာ့ဈေးကွက်တွင် နေရာပျောက်ဆုံးနေ၍ လယ်ယာလုပ်ငန်းသည် တောင်သူများအား ဆင်းရဲမှုဘ၀သို့ တွန်းပို့သကဲ့သို့ ဖြစ်နေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

ha-12-12-3
လယ်ယာထုတ်ကုန်များ ကမ္ဘာ့ဈေးကွက်တွင် နေရာပျောက်ဆုံးနေ၍ တောင်သူများအတွက် လယ်ယာလုပ်ငန်းသည် ဆင်းရဲမှုဘ၀သို့ တွန်းပို့နေသကဲ့သို့ဖြစ်နေပြီး ဈေးကွက်တွင်လည်း နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု မရှိသည့်အတွက် ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်နေရကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ပြောကြားခဲ့သည်။
“တောင်သူတွေအနေနဲ့ လယ်ယာစီးပွားလုပ်ငန်းကနေ ထိုက်သင့်တဲ့ အကျိုးခံစားခွင့် မရနိုင်တဲ့ အခြေအနေတွေကြောင့် လယ်ယာလုပ်ငန်းဟာ ၎င်းတို့ကို ဆင်းရဲမှုဘ၀သို့ တွန်းပို့သကဲ့သို့ ဖြစ်နေခဲ့တယ်။ အဓိကကတော့ နည်းပညာနဲ့ ကိရိယာတွေ နိမ့်ကျနေတာ၊ အလေအလွင့် များနေတာ၊ ဈေးကွက်မှာလည်း နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီတဲ့အတွက် ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ပေါ်နေခဲ့ပါတယ်။ အဲဒီကဏ္ဍတွေ ဖြည့်ဆည်းပေးနိုင်ဖို့ နိုင်ငံတကာရဲ့ အကူအညီတွေ
လိုအပ်နေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ပြောကြားခဲ့သည်။
လက်ရှိတွင် လယ်ယာကဏ္ဍ၌ လူဦးရေ ၃၂ သန်းကျော် လုပ်ကိုင်လျက်ရှိကာ အမှန်တကယ် စိုက်ပျိုးနိုင်သည့် မြေဧရိယာမှာ ဟက်တာသန်းပေါင်း ၁၁.၉၃ သန်းရှိပြီး စုစုပေါင်း မြေဧရိယာသည် ဟက်တာ ၆၇.၆၆ သန်း ရှိသည့်အတွက် မြေဧရိယာ၏ ၁၈ ရာခိုင်နှုန်းခန့်သာ အသုံးချနိုင်သေးကြောင်း သိရသည်။
သီးနှံအသားတင်စိုက်ပျိုးမြေ ဟက်တာ ၁၁.၉၃ သန်းတွင် ရွှေ့ပြောင်းတောင်ယာစနစ် စိုက်ပျိုးမှုမှာ ဟက်တာ ၁.၅ သိန်းခန့်ရှိနေပြီး ရွှေ့ပြောင်းတောင်ယာစနစ်ကြောင့် သစ်တောများ ပြုန်းတီးမှုနှင့် မြေဆီလွှာပျက်ဆီးဆုံးရှုံးနေမှုများ ဖြစ်ပေါ်နေသည့်အတွက် ယင်းစနစ်အစား သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်သော ကုန်းမြင့်လယ်ယာနှင့် လှေကားထစ်လယ်ယာစနစ်တို့ကို အကောင်အထည်ဖော်နိုင်ရန် လိုအပ်ကြောင်း သိရသည်။
ရွှေ့ပြောင်းတောင်ယာစနစ်ကို ကချင်ပြည်နယ်တွင် ၁၀၉၄၇ ဟက်တာ၊ ကယားပြည်နယ်တွင် ၁၅၈၂၉ ဟက်တာ၊ ချင်းပြည်နယ်တွင် ၅၉၅၈၁ ဟက်တာ၊ ရှမ်းပြည်နယ်တွင် ၇၁၅၈၇ ဟက်တာ လုပ်ကိုင်လျက်ရှိပြီး ရွှေ့ပြောင်းတောင်ယာစနစ် ပပျောက်စေရန်နှင့် လှေကားထစ်စိုက်ပျိုးရေးစနစ် ဖော်ထုတ်နိုင်ရန်၊ ဒေသနှင့်ကိုက်ညီသည့် နှစ်ရှည်စားပင်သီးပင်များဖြစ်သည့် လက်ဖက်၊ ရော်ဘာနှင့်ပိုးချည်လုပ်ငန်းများကို ထူထောင်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး၏ ပြောကြားချက်များအရ သိရသည်။
လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် သုတေသနလုပ်ငန်း၊ နည်းပညာ၊ ဈေးကွက်၊ ငွေကြေးအရင်းအနှီး၊ ပစ္စည်းကိရိယာနှင့် အခြေခံအဆောက်အအုံများ ဖြည့်ဆည်းနိုင်မှု အားနည်းနေခြင်းတို့ကို ဖြည့်ဆည်းပေးရန် လိုအပ်နေကြောင်း၊ လယ်ယာကဏ္ဍဆိုင်ရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် အခြားကဏ္ဍများထက် များစွာနည်းပါးနေကြောင်း သိရသည်။
နိုင်ငံ၏ စုစုပေါင်းဂျီဒီပီတန်ဖိုး အမေရိကန်ဒေါ်လာ ၄၇ ဒသမ ၆ ဘီလျံ၌ လယ်ယာကဏ္ဍ ဂျီဒီပီမှာ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၁ ဘီလျံသာ ပါဝင်နိုင်ပြီး လယ်ယာကဏ္ဍ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလျံသာ ရှိသည့်အတွက် အာရှဒေသရှိ စိုက်ပျိုးရေးနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါးနေသည့်အတွက် အရင်းအနှီး၊ ငွေကြေးနှင့်နည်းပညာ၊ ဈေးကွက်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် များစွာလိုအပ်လျက်ရှိကြောင်း သိရသည်။


Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။