MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, December 7, 2012

ကချင်စစ်ပြေးဒုက္ခသည်တွေ အကူအညီတွေ ပိုလိုအပ်နေ

2012-12-07
ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေဟာ ဆောင်းရာသီရောက်လို့ ရာသီဥတု ဆိုးလာတာနဲ့အမျှ အကူအညီတွေပိုပြီး လိုအပ်နေတဲ့အတွက် သူတို့ကိုထောက်ပံ့ကူညီတာတွေ တားဆီး ပိတ်ပင်တာတွေမလုပ်ဖို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုနဲ့ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ် Mrs. Valerie Amos က မြန်မာအစိုးရကို ပန်ကြားလိုက်ပါတယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အေ နဲ့ အစိုးရတပ်ကြားဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် အိုးပစ်အိမ်ပစ်ထွက်ပြေးကြရသူ ဒေသခံ ၇ သောင်းခွဲလောက်ထဲမှာ တဝက်ကျော်လောက်ကို ကုလသမဂ္ဂကအဖွဲ့အစည်းတွေက ထောက်ပံ့ကူညီမှာတွေ ပိတ်ပင်တားမြစ်ခံထားရတယ်လို့ လက်ထောက် အတွင်းရေးမှူးချုပ် ဗယ်လာရီ အားမိုစ့်ရဲ့ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
အစိုးရထိန်းချုပ်ထားတဲ့ နယ်မြေတွေရဲ့ပြင်ပမှာရှိနေပြီး အကူအညီတော်တော်များများ လိုအပ်နေတဲ့ စစ်ပြေးဒုက္ခသည်ပေါင်း ၃ သောင်း ၉ ထောင်လောက်ကို ကုလသမဂ္ဂက ကူညီဖို့ ပြီးခဲ့တဲ့
ဇူလိုင်လကတည်းက ကြိုးစားခဲ့ပေမယ့် ခွင့်ပြုချက်မရခဲ့ဘူးလို့ ဆိုပါတယ်။

ဒုက္ခသည်တွေကို ပြည်တွင်းလူမှုရေးအဖွဲ့တွေက စားနပ်ရိက္ခာနဲ့ အခြားအသုံးအဆောင်တချို့ ထောက်ပံ့ကူညီနေပေမယ့်၊ ဆောင်းရာသီရောက်လာတာနဲ့အမျှ သူတို့လက်ထဲမှာ စားသောက်စရာ လုံလုံလောက်လောက် မရှိကြတော့သလို၊ အခြားအသုံးအဆောင်ပစ္စည်းတွေလဲ အရေးပေါ်ကူညီဖို့လိုအပ်နေပြီလို့ မစ္စ ဗယ်လရီကပြောပါတယ်။


RFA NEWS

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။