MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, December 3, 2012

မုံရွာရဲတပ်ဖွဲ့ရဲ့သံဃာသြ၀ါဒခံယူပွဲ သံဃာတော်အများစု မကြွရောက်

စနေနေ့ မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သံဃာတော်များရဲ့ သြဝါဒခံယူပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။ မုံရွာမြို့ ရွှေစည်းခုံဘုရားဝင်းအတွင်း တင်ဝင်းထွန်း ဓမ္မဗိမာန်မှာ မွန်းလွဲ နှစ်နာရီခွဲလောက်က ကျင်းပခဲ့တာဖြစ်ပါတယ်။
အဲဒီပွဲမှာ စစ်ကိုင်းတိုင်း၊ ရဲမင်းကြီးဦးစန်းယု က သံဃာတော်များကို လက်ပံတောင်းကြေးနီစီမံကိန်းရပ်ဆိုင်းရေး သပိတ်စခန်းတွေ ထိန်းချုပ်ခဲ့တာနဲ့ပတ်သက်ပြီး လျှောက်ထားခဲ့ရာမှာ ရဟန်းသံဃာတွေရဲ့ အရိပ်ကိုခိုပြီး ဆန္ဒပြနေကြသူတွေကို သတ်မှတ်ချိန်ထက် ၂၇ နာရီ နောက်ဆုတ်ပေးပြီး လူစုခွဲဖို့ အကြိမ်ကြိမ်သတိပေးခဲ့ပေမဲ့ မလိုက်နာခဲ့တာကြောင့် ဥပဒေနဲ့အညီ အဆင့်ဆင့် လူစုခွဲခဲ့ရတာဖြစ်ကြောင်း၊ မရည်ရွယ်ဘဲ သံဃာတော်တွေ ထိခိုက်ခဲ့ရတဲ့အတွက် စိတ်မချမ်းမြေ့ဖြစ်ရကြောင်း၊ မိမိတို့အနေနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ရတာဖြစ်ကြောင်း ရဲမင်းကြီး ဦးစန်းယု က လျှောက်ထားပြီး သံဃာတော်တွေကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။

မူလက သံဃာ အပါး ၂ဝ ပင့်ဖိတ်ခဲ့ပေမဲ့ မဟာဇောတိကာရုံကျောင်းတိုက် အပါအဝင် သံဃာအများစု မကြွရောက်ခဲ့ဘူးလို့ မြို့ခံတစ်ယောက်ကပြောပါတယ်။

ဒါ့ပြင် ရဲတပ်ဖွဲ့အနေနဲ့ သံဃာတော်တွေကို အပြည့်အဝ တောင်းပန်တဲ့အသွင်ကို မဆောင်ဘူးလို့ မုံရွာ မြို့ခံတွေက ယူဆနေကြကြောင်း သိရပါတယ်။


 RFA NEWS

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။