MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, December 14, 2012

ဒီဇင်ဘာလ ၁၂ ရက်နေ့က မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သူများကို သက်ဆိုင်ရာ ရဲစခန်းများမှ အမှုဖွင့်



ဒီဇင်ဘာလ ၁၂ ရက်နေ့က မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် ပြုလုပ်ခဲ့သော ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သူများ အနက် မန္တလေး၊ မြင်းခြံမြို့နှင့် မုံရွာမြို့များရှိ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သူများကို သက်ဆိုင်ရာ ရဲစခန်းများမှ အမှုဖွင့်ထားကြောင်း သိရသည်။ အဆိုပါ အမှုဖွင့် အရေးယူခံထားရသူများမှာ မန္တလေးရှိ ဗကသများ အဖွဲ့ချုပ်မှ ၃ ဦးနှင့် ကုန်ဈေးနှုန်း ကျဆင်းရေးလှုပ်ရှားသူတစ်ဦး၊ မြင်းခြံမှ ၅ ဦးနှင့် မုံရွာမှ ၂ ဦးတို့ဖြစ်ကြောင်း သိရသည်။အဆိုပါ အမှုဖွင့် အရေးယူခံရသူများကို ဒီဇင်ဘာလ ၁၃ ရက်နေ့ ညပိုင်းက ခေါ်ယူစစ်ဆေးခဲ့ ခြင်းဖြစ်ပြီုး မြင်းခြံမှ ၅ ဦးမှာ အာမခံရရှိခဲ့ပြီး မန္တလေးရှိ ၄ ဦးမှာ ခံဝန်စာရွက်တွင် တရားရုံး၏ ဆုံးဖြတ်ချက် မကျသေးဘဲ တရားခံဟု သုံးနှုန်းထားသည့်အတွက် အာမခံမယူဘဲ နေခဲ့ကြောင်း ဗကသများအဖွဲ့ချုပ်မှ အထက်ဗမာပြည် ပြန်ကြားရေးတာဝန်ခံ
ကိုရဲရင့်အောင်၏ ပြောပြချက်အရ သိရှိရသည်။
လက်ပံတောင်းတောင် သပိတ်စခန်းများရှိ သံဃာတော်များအား အကြမ်းဖက် အင်အားသုံးနှိမ်နှင်းမှုအပေါ် သံဃာတော်များနှင့်အတူ ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုကြောင့် ဖမ်းဆီးခံရသူများမှာ မန္တလေးမြို့တွင် ဗကသများအဖွဲ့ချုပ်မှ (ဗဟိုလုပ်ငန်း ကော်မတီ) အဖွဲ့ဝင်များဖြစ်သည့် ကိုအောင်မှိုင်းဆန်း၊ ကိုသန်းထိုက်၊ ကိုမင်းနိုင်လွင်နှင့် ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားသူတစ်ဦးဖြစ်သည့် ကိုသိန်းအောင်မြင့်တို့ဖြစ်ပြီး မြင်းခြံမြို့မှ ကိုသန့်စင်၊ ကိုအောင်မြင့်ဆန်း၊ ကိုဥာဏ်မြင့်သန်း၊ ကိုဇော်လင်းအောင်၊ ကိုမိုးစက်၊ မုံရွာမြို့မှ ဗကသများ အဖွဲ့ဝင် ကိုရဲရင့်အောင်နှင့် ဒေါ်နုတို့ဖြစ်ကြောင်း သိရသည်။
ယခုဖြစ်စဉ်နှင့် ပက်သက်၍ မုံရွာမြို့နယ်မှူး ရဲစခန်းနှင့် မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ကျွန်တော်တို့ဆီတော့ ရောက်မလာသေးလို့ မသိပါဘူးဟု ပြန်လည်ဖြေကြားခဲ့ပါသည်။

 Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။