MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, December 13, 2012

နျူကလီးယားဆိုင်ရာ စာချုပ်နှစ်စောင်တွင် မြန်မာနိုင်ငံအနေဖြင့် ပါဝင်လက်မှတ်ရေးထိုးမည်

နျူကလီးယားဆိုင်ရာ စာချုပ်နှစ်စောင်ဖြစ်သော “'ပိုမိုတိကျသော သတင်းအချက်အလက်များကို အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ(IAEA)သို့ ပေးပို့ရန် နောက်ဆက်တွဲ
စာချုပ်နှင့် ပြုပြင်ပြောင်းလဲထား သော ပမာဏနည်းသည့် နျူကလီးယား သတ္တိကြွပစ္စည်းများဆိုင်ရာ စာချုပ်တို့တွင် မြန်မာနိုင်ငံအနေဖြင့် ပါဝင်လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ စာချုပ်နှစ်စောင်တွင် လက်မှတ်ရေးထိုးရန် ဆောင်ရွက်ရခြင်းမှာ မြန်မာနိုင်ငံအနေဖြင့်
 နျူကလီးယားလက်နက် ထုတ်လုပ်ခြင်းမရှိကြောင်း၊အနာဂတ်တွင်လည်း ထုတ်လုပ်ရန်မရှိကြောင်း
 ပြသရန်အတွက်ဖြစ်ကြောင်း သိရသည်။
လက်မှတ်ရေးထိုးပြီးပါက နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးချရန်ဖြစ်သော ဆေးဝါးကုသရေး၊ လယ်ယာထွက်သီးနှံများ ပြုပြင်ထိန်းသိမ်းရေး၊ ပညာသင်ကြားရေး၊ သုတေသနလုပ်ငန်းများဆိုင်ရာ နည်းပညာနှင့် ပစ္စည်းကိရိယာများ ရရှိရေးနှင့် နိုင်ငံ၏ ကျွမ်းကျင်သူပညာရှင်များအား အတွေ့အကြုံများ ရရှိစေပြီး နိုင်ငံတ ကာ အဖွဲ့အစည်းများသို့ ထိုးဖောက်တာဝန်ထမ်းဆောင်နိုင်ရေးစသည့်
အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ၁၉၉၂ ခုနှစ်တွင် နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးကာ စာချုပ်ဝင်နိုင်ငံ ဖြစ်ခဲ့ကြောင်း၊ သို့သော် စာချုပ်ဝင်နိုင်ငံများက စာချုပ်ပါ ပြဋ္ဌာန်းချက်များကို လိုက်နာခြင်းမရှိသဖြင့် နျူကလီးယားလက်နက် ထုတ်လုပ်အသုံးပြုမည့် ဘေးအန္တရာယ်ကို ကာကွယ်တားဆီးရန်အတွက် နျူ ကလီးယားလုံခြုံမှု စောင့်ကြပ်ရေးသဘောတူညီချက်များ ဆက်လက်ရေးဆွဲခဲ့ပြီး စာချုပ်ဝင်နိုင်ငံများမှ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ထိုသို့ နျူကလီးယားလုံခြုံမှု ကာကွယ်စောင့်ကြပ်ရေး သဘောတူညီချက်နှင့် ပမာဏနည်းသည့် နျူကလီးယားသတ္တိကြွပစ္စည်းများဆိုင်ရာ စာချုပ်တို့တွင် ၁၉၉၅ ခုနှစ်၌ မြန်မာနိုင်ငံအနေဖြင့် ပါဝင်လက်မှတ်ရေးထိုးထားကြောင်း သိရသည်။
စာချုပ်ဝင်နိုင်ငံများသည် နျူကလီးယားလုံခြုံမှု ကာကွယ်စောင့်ကြပ်ရေး မူလစာချုပ်ပါပြဋ္ဌာန်းချက်များသည် ပြည့်စုံလုံလောက်မှု မရှိတော့သဖြင့် ပိုမိုတိကျသည့် သတင်းအချက်အလက်များကို အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီသို့ ပေးပို့ရန် နောက်ဆက်တွဲ စာချုပ်ချုပ်ဆိုနိုင်ရေးကို ဆောင်ရွက်ခဲ့ကြောင်း လည်း သိရသည်။
ယခင်ရေးဆွဲထားသော ပမာဏနည်းသည့် နျူကလီးယား သတ္တိကြွပစ္စည်းများဆိုင်ရာ စာချုပ်သည်လည်း ပြည်စုံမှုမရှိသည့်အတွက် ၂၄ နာရီအတွင်း နျူကလီးယားလက်နက် ထုတ်လုပ်သည်ဟု သံ သယရှိသည့် နေရာများသို့ ၀င်ရောက် စစ်ဆေးနိုင်သည့် ပြုပြင်ပြောင်းလဲထားသော ပမာဏနည်းသည့် နျူကလီးယား သတ္တိကြွပစ္စည်းများဆိုင်ရာ စာချုပ်အား ၂၀၀၅ ခုနှစ်တွင် ထပ်မံရေးဆွဲပြီး စာချုပ်ဝင်နိုင်ငံများ ပါဝင် လက်မှတ်ရေးထိုးထားသော်လည်း မြန်မာနိုင်ငံအနေဖြင့် ယင်းပြန်လည် ရေးဆွဲထားသည့် စာချုပ်နှစ်စောင်တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသည့်အတွက် နိုင်ငံတစ်ကာ၏ ဝေဖန်မှုများနှင့်လည်း ရင်ဆိုင်ဖြေရှင်းနေရသဖြင့် လက်မှတ်ရေးထိုးနိုင်ရေး ကြိုတင်ပြင်ဆင်မှုများကို စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။


Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။