MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, December 22, 2012

ရထားလမ်းဟောင်းများ၊ သက်တမ်းလွန်နေသည့် လူစီးတွဲများကို ငါးနှစ်အတွင်း အဆင့်မြှင့်တင်မည်ဟု သိရ


လာမည့်ငါးနှစ်အတွင်း ရထားလမ်းဟောင်းများကို ဦးစားပေး ပြုပြင်သွားမည်ဖြစ်ကြောင်းနှင့် သက်တန်းလွန် အဆင့်အတန်း နိမ့်ကျနေသည့် လူစီးတွဲများကို ဦးစားပေး အဆင့်မြှင့်တင် ပြုပြင်သွားမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသိန်းဆွေက ပြောကြားခဲ့ကြောင်း သိရှိရသည်။အလားတူ ပြည်နယ်နှင့် တိုင်းဒေသကြီးများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရာတွင်လည်း ရထားလမ်းဟောင်းများ၌ ရထားများ အချိန်မှန်ကန်ရေး၊ လမ်းချော်မှု လျော့ပါးရေး၊ တွဲများ အဆင့်မြှင့်တင်ပေးရေးတို့ကို အဓိက တောင်းဆိုကြသဖြင့် လာမည့် (၅) နှစ်ကာလအတွင်း လမ်းပိုင်းများကို ဦးစားပေး ပြုပြင်သွားမည်ဖြစ်ရာ ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး၊ မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းနှင့် ပဲခူး-မော်လမြိုင် လမ်းပိုင်းတို့ကို ဦးစားပေး အဆင့်မြှင့်တင်သွားမည် ဖြစ်ကြောင်းလည်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသိန်းဆွေက ပြောကြားခဲ့သည်။
လမ်းပိုင်းများ အဆင့်မြှင့်တင်ရန် ကျောက်တွဲများ လိုအပ်မည်ဖြစ်သဖြင့် ကျောက်တွဲသစ်များ ၀ယ်ယူခြင်း၊ ပိုနေသော သစ်တင်တွဲများကို မြစ်ငယ်စက်ရုံတွင် ဘေးကာများ တပ်ဆင်၍ ကျောက်တွဲအဖြစ်
သုံးစွဲခြင်းများ၊ RBE ရထားများ ထပ်မံဝယ်ယူ ဖြည့်တင်းခြင်းများကို ဆောင်ရွက်သွားမည်
 ဖြစ်ကြောင်းလည်း သိရှိရသည်။

ရထားလမ်းသစ်များ ထပ်မံဖောက်လုပ်မှုနှင့် ပတ်သက်ပြီးလည်း ပို့ဆောင်ရေးလိုအပ်ချက် (Demand) ရှိမှသာ ဖောက်လုပ်သွားမည်ဖြစ်ကြောင်းနှင့် လက်ရှိအခြေအနေအရ နောက် (၅) နှစ်အတွင်း ရထားလမ်းသစ် မဖြစ်မနေ ဖောက်လုပ်ရန် လိုအပ်ချက် မရှိသေးကြောင်းလည်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရှိရသည်။
ရထားပို့ဆောင်ရေး ၀န်ကြီးဌာနအနေဖြင့် ၁၉၈၈ ခုနှစ်မှ ၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်နေ့အထိ ရထားလမ်းခရီးမိုင် ၁၂၁၀.၅၁ မိုင်၊ ပေ ၆၀၀ အထက် တံတား ၁၂ စင်း၊ ပေ ၆၀၀ နှင့် ၁၈၀ အကြား တံတား ၄၀ စင်း၊ ပေ ၁၈၀ အောက်တံတား ၄၅၃၄ စင်း၊ ဘူတာရုံပေါင်း ၃၂၅ ခု တည်ဆောက်ခဲ့ကြောင်းလည်း သိရှိရသည်။
ဖောက်လုပ်ဆဲရထားလမ်းများ
၁။       ပဲခူး-ဟံသာဝတီ(လေဆိပ်)ရထားလမ်း
၂၊       ဥသျစ်ပင်-ပခုက္ကူလမ်း
၃။       ကသာ-ဗန်းမော်လမ်း
၎။       ကျိုင်းတုံ-နမ့်စန်လမ်း
၅။       ပျော်ဘွယ်-နတ်မောက်-မကွေးလမ်း
၆။       ထားဝယ်-မြိတ်လမ်း
၇။       စစ်တွေ-အမ်း-မင်းဘူးလမ်း


Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။