MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, December 14, 2012

ဘင်္ဂါလီများကို လူမျိုးတုံး သတ်ဖြတ်နေသည်ဟု အယ်ဂျာဇီးယား ထုတ်လွှင့်မှု အချိန်ကုန်ခံ ချေပသွားမည် မဟုတ်ဟု ၀န်ကြီးပြောကြား


ဘင်္ဂါလီများကို လူမျိုးတုံး သတ်ဖြတ်နေသည်ဟု ထုတ်လွှင့်နေသော အယ်ဂျာဇီးယား သတင်းဌာနမှ Hidden Genocide ရုပ်သံ အစီအစဉ်ကို အချိန်ကုန်ခံချေပ သွားမည် မဟုတ်ကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောသည်။
”လူမျိုးတုံး သတ်ဖြတ်တယ် ဆိုတာကို ကိုယ့်ဦးနှောက် ဥာဏ် လေးနဲ့ စဉ်းစားဖို့ပေါ့။ ၁၉၈ဝ ခုနှစ် မှာ အဲဒီ လူမျိုး နှစ်သိန်းခွဲ ရှိတာ ကနေ ၂ဝ၁၂ ခုနှစ်ရောက်တော့ ၁ဝ သိန်း ဖြစ်လာတယ်။ ရခိုင်လူမျိုး အားလုံးလည်း အကြမ်းဖက်တာ မဟုတ်သလို၊ ဘင်္ဂါလီ အားလုံးလည်း အကြမ်းဖက်တာ မဟုတ်ပါဘူး။ အုပ်စုနှစ်ခု ကြားမှာ ဖြစ်တဲ့ ကိစ္စ ပဲ ဖြစ်ပါတယ်။ ဘယ် အဖွဲ့အစည်းပဲ ဖြစ်ဖြစ် နိုင်ငံရေး မျှော်မှန်းချက်တွေ ရှိတာပဲ၊ အကောင်အထည် ဖော်တဲ့ နေရာမှာ မီဒီယာ နဲ့ ရုပ်ပုံ ခြယ်လေ့ ရှိပါတယ်။ မိမိ လိုချင်တဲ့ ပုံစံကို ထုတ်လွှင့်တာကို မူတည်ပြီး ချေပသင့်ရင် ချေပမယ်။ မချေပသင့်ရင် အချိန်ကုန်ခံ ချေပနေမှာ မဟုတ်ပါဘူး”ဟု ဝန်ကြီးက ရခိုင် ပြည်နယ် အရေး ကိစ္စနှင့် ပတ်သက်၍ တွေ့ဆုံ ရှင်း လင်းပွဲတွင် ပြောကြားသည်။
ယင်းကဲ့သို့ သတင်း ထုတ်လွှင့် ခြင်းသည် တစ်ဖက်စောင်းနင်း ဆန်နေသော ကိစ္စဖြစ်ကာ လိုအပ်ပါက တရား စွဲဆိုနိုင်သည့် အခြေအနေ အထိ ရောက်ရှိ သွားနိုင်ပြီး ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ အနေဖြင့် အချက်အလက်များ ကို အသေးစိတ် လေ့လာပြီး ထုတ်ပြန်ချက် တစ်ခု ထုတ်သွားမည် ဖြစ် ကြောင်း ယင်းပါတီ၏ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင် (အမျိုးသား လွှတ်တော် ကိုယ်စားလှယ်) က ဒီဇင် ဘာလ၁၁ ရက် နေ့တွင်ပြောသည်။
”ရုတ်တရက် နားထောင်တဲ့ အခါ ဘင်္ဂါလီတွေကို ရခိုင်တွေက မီးရှို့သလို၊ သတ်သလို ဖြစ်သွား လိမ့်မယ်၊ အဲလိုဖြစ်အောင် သူတို့က ဖန်တီးသွားကြ တာ၊ ပြ ကွက်တော် တော်များများဟာ ဘင်္ဂလားဒေ့ရှ်မှာ ရိုက်ထားတာ ဖြစ်ဖို့ များတယ်။ အမျိုးသမီး တစ်ယောက်ဆို သူကိုယ်တိုင် က မုဒိမ်းကျင့် ခံရတယ်။ ဘာဖြစ်တယ် ညာဖြစ် တယ် ပြောပြီးကာမှ ဘင်္ဂလားဒေ့ရှ်မှာ ဆေးသွားကုတယ်။ အဲဒီ အမျိုးသမီးက အခု သေသွားပါပြီ ဆိုတာမျိုးတွေပေါ့။ အစအန ဖျောက်ပစ်တာမျိုးပေါ့ဗျာ။ လုပ်ကြံ ထားတယ် ဆိုတာကို နားထောင်တဲ့ ပရိသတ်ကလည်း သိပါတယ်။ ဒီဘက်က အစိုးရကပဲ မကောင်းသလိုလို ဒီက ပါတီကပဲ အနိုင်ကျင့်ပြီးကာမှ မောင်းထုတ် ပြီး လူမျိုးတုံး သတ် ဖြတ်နေသလို အစွန်းရောက်တဲ့ အကြောင်း ပြောချင်တာပေါ့။ အခြေအမြစ် မရှိဘဲ ပြောတာ ဆိုတာမျိုးတွေက လိုအပ် လို့ရှိရင် တရားစွဲတာတို့ ဘာ တို့ဖြစ်ကောင်း ဖြစ်လာနိုင်တယ်” ဟု ၄င်းက ဆိုသည်။


''သက်ဆိုင်ရာ နယ်မြေများ အတွင်း ငြိမ်းချမ်းရေး ပြန်လည် ဖော်ဆောင်ရေးနှင့် တရားဥပဒေ စိုးမိုးရေး ကြိုးပမ်းချက်တို့တွင် သက်ဆိုင်ရာ အာဏာပိုင်များအပိုင်းက လူမျိုးရေး (သို့မဟုတ်) ဘာသာရေးအပေါ် အခြေခံ၍ ခွဲခြားခြင်း၊ ဘက်လိုက်ခြင်း လုံးဝမရှိခဲ့ပါကြောင်း၊ သို့ရာတွင် ယင်းအခြေအနေနှင့် စပ်လျဉ်း၍ လူမျိုးစု မျိုးနွယ်တုံးအောင် ကြိုးပမ်းမှု ပုံစံအနေအထားမျိုးသတင်း၊ ထင်ယောင်ထင်မှား ဖြစ်အောင် ပုံဖော်ကြိုးပမ်းရေးသားမှုများ ရှိခဲ့ကြောင်း၊ ယင်းတို့မှာ အမှန်တရားနှင့် လုံးဝဆန့်ကျင်နေပါကြောင်း'' ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဒီဇင်ဘာ ၈ ရက်နေ့က စစ်တွေမြို့တွင် မြန်မာနိုင်ငံ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ပါကစ္စတန် နိုင်ငံနှင့် တူရကီနိုင်ငံ တို့မှ သံအမတ်ကြီးများ၊ သံတမန်များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း များမှ အဖွဲ့ဝင်များ၊ ဒေသခံများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ (ဓာတ်ပုံ- နိုင်ငံတော် သမ္မတရုံး)

ထိုကိစ္စနှင့် ပတ်သက်၍ မြန်မာ အစိုးရ အနေဖြင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တစ်ဆင့် သတင်း ထုတ်ပြန်ချက် တစ်ခု ဒီဇင်ဘာ ၆ ရက် နေ့က ထုတ်ပြန်ခဲ့ပြီး ရခိုင်ပြည် နယ် အတွင်း ဘင်္ဂါလီများနှင့် ရခိုင် တိုင်းရင်းသားများ အကြား အကြမ်း ဖက်မှုသည် စတင် ဖြစ်ပွားသည့် အချိန် မှစ၍ ပွင့်လင်း မြင်သာမှု ရှိစွာ ကိုင်တွယ်ဖြေရှင်း ခဲ့ကြောင်း၊ ယင်း အကြမ်းဖက်သည့် နေရာများသို့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့များ၊ အပြည်ပြည် ဆိုင်ရာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ သံတမန် များ၊ Muslim Aid အဖွဲ့တို့ အပါအဝင် တူရကီ၊ အင်ဒိုနီးရှား၊ မလေးရှား စသည့် နိုင်ငံများနှင့် OIC (အစ္စလာမ္မစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့) မှ နိုင်ငံခြားရေး ဝန်ကြီးနှင့် အဆင့်မြင့် ကိုယ်စားလှယ် များကို သွားရောက် ခွင့်ပြုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့အပြင် အစိုးရ အနေဖြင့် အကြမ်းဖက်မှု များအား ငြိမ်းချမ်းရေး နှင့် တရားဥပဒေ စိုးမိုးရေး အတွက် ဥပဒေနှင့် အညီ ထိန်းသိမ်း ဆောင်ရွက်ခဲ့ပြီး အသေးစိတ် စုံစမ်းဖော် ထုတ်နိုင်ရန် လွတ်လပ်သည့် စုံစမ်း ရေးကော်မရှင်ကို ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက် အရ သိရသည်။
”စုံစမ်း ဖော်ထုတ်ဆဲဖြစ်တာ ကြောင့် အထောက်အထား ခိုင်လုံပြီး မှ ရှင်းလင်းပေးပါ့မယ်” ဟု ရဲချုပ် ကျော်ကျော်ထွန်း က စာနယ်ဇင်း ရှင်းလင်းပွဲတွင် ဝင်ရောက်ပြော ကြားသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ မှ တပ်မတော်နှင့် ရဲတပ်ဖွဲ့ တို့မှ တာဝန်ယူ ဆောင်ရွက်နေပြီး မြို့နယ် တစ်ခုချင်းစီ အလိုက် ဘင်္ဂါလီအဖွဲ့ မှ ကိုယ်စားလှယ် တစ်ဦး၊ ရဲတပ်ဖွဲ့ မှ တစ်ဦး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး တို့က စုစုပေါင်း ၆ ဦး အဖွဲ့ဖြင့် စစ်ဆေးနေကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ က ပြောကြားသည်။
”ကျွန်တော် တို့ကတော့ ကုလ သမဂ္ဂ ညီလာခံမှာ အစိုးရရဲ့ ကြေညာချက်နဲ့ ထပ်တူ ဖြစ်ကြောင်း ကြေညာထားတာ ရှိပါတယ်။ ကျွန်တော်တို့က ချက်ချင်းကြီး မထုတ်ပြန်တာက ဖြစ်စဉ်နဲ့ ပတ်သက်လို့ အသေးစိတ် လေ့လာဖို့ ဘယ်လို အချက်အလက်တွေလဲ၊ ယုတ္တိရှိရဲ့ လား၊ သူတို့က ဘယ်လို ထောက်ပြ သွားသလဲ၊ မှန်ရော မှန်ကန်ရဲ့လား၊ သူတို့ မထုတ်လွှင့်ခင် ကတည်းက စောင့်ကြည့်ဖို့ အတွက် အစည်းအဝေး လုပ်ပြီး ပြောထားပါတယ်။ ဒါနဲ့ ပတ်သက် လို့လည်း အသေးစိတ် လေ့လာ ပါ့မယ်။ အခု ပြောတာနဲ့ တော့ တူချင်မှ တူတော့မှာ၊ ပြကွက် တစ်ခုချင်း တစ်ကွက်ချင်း ပြန်ပြီး ကြည့်သွားမှာပါ။ အားနည်းချက် အားသာချက် ပြန်ထောက်ပြဖို့ တော့ ရှိပါတယ်။ ကြေညာချက် လေးတစ်ခု ထွက်ပါမယ်။ လူမျိုးတုံး သတ်ဖြတ်တယ်ဆိုတာတော့ ကျွန် တော်တို့လက်မခံပါဘူး။ သတ်ဖြတ် ရလောက်အောင်လည်း ဒီဘက်က ဘာသာဝင်တွေက မရိုင်းပါဘူး။ အတူတူနေဖို့ နှစ်ပေါင်း များစွာ ကြိုးစားခဲ့တာပဲ။ နောက်ဆုံးကျရင် မြေပါယူသွားမယ့် သဘောကို လုပ်ကြံထားတာမျိုးပါ။ ဒါမျိုး လုပ်ကြံ နေသမျှ လိမ်ညာနေသမျှ ပြဿနာကို ပြန်ဆွသလို ဖြစ်လာတာပေါ့” ဟု ဒေါက်တာ အေးမောင် က ထပ်လောင်း ပြောသည်။ ယင်းရုပ်သံ ထုတ်လွှင့်မှု အ တွက် ဒေါက်တာ အေးမောင်အား အင်တာဗျူးခဲ့သည့် သတင်းထောက် မှာ လန်ဒန် သတင်း ဌာနမှဟု အမည် ခံကာ မေးမြန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အောင်ထက် (NYK)
 Popular News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။