MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, December 14, 2012

သယံဇာတထုတ်ယူရေး လုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှုရှိရေး ဆောင်ရွက်ချက်အတွက် ဗြိတိန်မှ အမေရိကန်ဒေါ်လာ ၂ သိန်းခွဲပေးအပ်သွားမည်



ဗြိတိန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစတာဟူဂိုဆွိုင်းယားက ရှင်းလင်းပြောကြားနေစဉ်
ဗြိတိန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာဟူဂိုဆွိုင်းယား ဦးဆောင်သော စွမ်းအင်ကဏ္ဍတွင် အတွေ့အကြုံရှိ ကုမ္ပဏီများပါဝင်သော စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုအဖွဲ့သည် မြန်မာနိုင်ငံသို့ ဒီဇင်ဘာလ ၁၂ ရက်နေ့က ရောက်ရှိခဲ့သည်။၎င်းက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် ဗြိတိန်၏ ဆက်လက်ပူးပေါင်းပါဝင်မှုကို ပြသရန်နှင့် စွမ်းအင်ကဏ္ဍတွင် ဗြိတိန်ပညာရှင်များ၏ ပါဝင်မှုကို တိုးမြှင့်ရန် လာရောက်ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။''ကျွန်တော်က စွမ်းအင်ကဏ္ဍကို ဦးတည်တဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအဖွဲ့ကိုလည်း ဦးဆောင်လာတာ ဖြစ်ပါတယ်။ ဒီကဏ္ဍမှာ တာဝန်ယူမှုရှိတဲ့ ဗြိတိန်နဲ့ ချိတ်ဆက်တာဟာ ရေရှည်အကျိုးသက်ရောက်မှုနဲ့ လူမှုဘ၀တွေကို ပိုကောင်းမွန်စေမယ်ဆိုတာ ယုံကြည် ပါတယ်'' ဟု ၎င်းက ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ပြည်တွင်းပြည်ပ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

၎င်းက တာဝန်သိသော ရင်းနှီးမြှုပ်နှံမှုများကို အားပေးသွားမည်ဖြစ်ပြီး ဗြိတိန်နိုင်ငံ၏ တာဝန်သိသော ရင်းနှီးမြှုပ်နှံမှုနှင့် စပ်လျဉ်းသော နားလည်မှုစာချွန်လွှာတစ်စောင်ကို မြန်မာနိုင်ငံ ကုန်သည်ကြီးများအသင်းနှင့် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ထို့ပြင် သယံဇာတထုတ်ယူရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှုရှိရေး ကနဦး ဆောင်ရွက်ချက် Extractive Industries Trans-parency Initiative (EITI) နှင့် စပ်လျဉ်း၍ မြန်မာအစိုးရနှင့် နီးကပ်စွာ ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါလုပ်ငန်းစဉ်ကို ထောက်ခံပံ့ပိုးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

'' EITI ဟာ အခွန်အကောက် ပွင့်လင်းမြင်သာမှုကို မြှင့်တင်ဖော်ဆောင်နေတဲ့ ကမ္ဘာလုံးဆိုင်ရာစံ သတ်မှတ်ချက်တစ်ရပ် ဖြစ်ပါတယ်။ သည်လုပ်ငန်းစဉ် စတင်ဆောင်ရွက်မှုကို ပံ့ပိုးပေးဖို့ အမေရိကန်ဒေါ်လာ ၂၅၀၀၀၀ အထိ ပေးအပ်သွားမှာ ဖြစ်ပါတယ်'' ဟု ၎င်းက အသိပေး ပြောကြားခဲ့သည်။

၎င်းက မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများအပေါ် အမြင်များကိုလည်း ဆွေးနွေးသွားမည်ဟု ဆိုသည်။ ခရီးစဉ်အတွင်းတွင် ၎င်းက ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း၊ ငြိမ်း ချမ်းရေးကော်မရှင် ဥက္ကဋ္ဌဦးအောင်မင်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်တို့နှင့် တွေ့ဆုံသွားမည် ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း သူမ၏နေအိမ်သို့ သွားရောက် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

မစ္စတာဆွိုင်းယား၏ ခရီးစဉ်တွင် ဗြိတိန်ကုမ္ပဏီများဖြစ်သည့် Norton Rose၊ Barclays၊ Mott McDonalds စသည့် ကုမ္ပဏီများလည်း လိုက်ပါလာမည်ဖြစ်ကြောင်း သိရသည်။ ကုန်သွယ်ရေးကိုယ်စားလှယ်များက မြန်မာနိုင်ငံတွင် စည်းမျဉ်းချမှတ်လည်ပတ်ပုံ၊ ဘဏ္ဍာရေး စီမံပုံတို့နှင့် အဆိုပါကိစ္စများ လုပ်ဆောင်ရန် လိုအပ်သည့် အရည်အသွေးများမြှင့်တင်မှုတို့အတွက် လိုအပ်သည့် အကြံဥာဏ်များ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။


Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။