MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, December 14, 2012

ရန်ကုန်မြို့၌ ရှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပ



ရှမ်းရိုးရာနှစ် ၂၁၀၇ ခုနှစ်ကို ကြိုဆိုသည့် ရှမ်းနှစ်သစ်ကူးပွဲတော်ကို ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ကြောင်း သတင်းရရှိပါသည်။ ရှမ်းနှစ်သစ်ကြိုဆိုပွဲကို ရှမ်းရိုးရာနှစ် ၂၁၀၆ ခုနှစ် တန်ဆောင်မုန်းလကွယ်ည (၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ည) တွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကိုးမိုင်ရှမ်းရွာရှိ အောင်မြေဘုံသာ သျမ်းကျောင်းတွင် ည ၇ နာရီဝန်းကျင်၌ စတင်ပြုလုပ်ခဲ့သည်။ အဆိုပါ နှစ်သစ်ကြိုဆိုပွဲသည် ရန်ကုန်ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း၊ ပွဲဖြစ်မြောက်ရေးကော်မတီ၏ စီစဉ်မှုဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ရှမ်းတိုင်းရင်းသားများ ပါဝင်ဆင်နွှဲခဲ့ကြသည်။ အခမ်းအနားကို ရှမ်းအိုးစည်တီးခတ်မှု၊ ရွှေဥဒေါင်း ငှက်အက၊ တိုးနယားအက၊ သိုင်းအကတို့ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ညောင်းပင်ရှမ်းရွာအက၊ ရန်ကုန်-ထုံ့မောဝ်အသင်း ရှမ်းအိုးစည်အက၊ တိုင်းနေပျိုမေခုနစ်ဖော်အက၊ ရွာသာယာရှမ်းအက၊ ဓားသိုင်းယိမ်းအက၊ တိုက်ကြီးရှမ်းစုရပ်ကွက် ငှက်အလှအက၊ ပါခါးရွာ-တို့တောင်ပေါ် သဘာဝအက၊ ခေတ်အကနှင့်ရိုးရာအက၊ ရှမ်းယဉ်ကျေးမှု

ကကွက်များ စသည်တို့ကို ရှမ်းတိုင်းရင်းသားများက တင်ဆက်ဖျော်ဖြေခဲ့ကြသည်။ ရှမ်းရိုးရာအကများအပြင် ရှမ်းတေးသီချင်းများကိုလည်း ရှမ်းတိုင်းရင်းသား တေးသံရှင်များဖြစ်သည့် နန်းဆိုင်စံ၊ နန်းအိန်ခမ်း၊ နန်းခမ်းစက်၊ စိုင်းနောင့်စသူတို့က တင်ဆက်ခဲ့ကြသည်။ ရှမ်းရိုးရာ နှစ်သစ်ကူးနေ့ရက်သည် နတ်တော်လဆန်း ၁ ရက်နေ့တွင် ကျရောက်၍ နှစ်စဉ် တန်ဆောင်မုန်းလကွယ်ည၌ နှစ်သစ်ကြိုဆိုပွဲများကို ရှမ်းပြည်နယ်ရှိ မြို့နယ်များတွင်သာမက ပြည်တွင်းရှိ ရှမ်းတိုင်းရင်းများ ရောက်ရှိနေထိုင်မှု များပြားသောမြို့ကြီးများတွင်ပါ ပြုလုပ်လေ့ရှိသည်။ ရန်ကုန်ရောက် ရှမ်းတိုင်းရင်းသားများသည် နှစ်စဉ်ရှမ်းနှစ်သစ်ကြိုဆိုပွဲကို ပြုလုပ်လေ့ရှိပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျရောက်သော ရှမ်းပြည်နယ်နေ့ အခမ်းအနားကိုလည်း နှစ်စဉ်စုစည်းကျင်းပလေ့ ရှိကြသည်။
Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။