MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, December 22, 2012

မြန်မာနိုင်ငံနှင့် စစ်ဖက်ဆိုင်ရာ ပူးပေါင်းမှု မကြာမီ ပြုလုပ်ရန်ရှိဟု အမေရိကန် စစ်ဘက်ထိပ်တန်း အရာရှိတစ်ဦး ပြောကြား

  +
မြန်မာနိုင်ငံနှင့် အမေရိကန် နှစ်နိုင်ငံကြား စစ်ရေးပူးပေါင်းမှုကို မကြာမီအချိန်အတွင်း ပြုလုပ်သွားနိုင်ရန် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း ပင်တဂွန်မှ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ ထိပ်တန်းအရာရှိ တစ်ဦး၏ ပြောကြားမှုကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအပေါ် အားပေးထောက်ခံသည့် အနေဖြင့် နှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုမိုတိုးတက်မှုကို ပြသလိုသည့်အတွက် ယင်းကဲ့သို့ စစ်ရေးပူးပေါင်းမှုများကို မကြာမီ ပြုလုပ်သွားရန် စီစဉ်နေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် အမည်မဖော်လိုသည့် မြန်မာစစ်ဘက် အရာရှိတစ်ဦးကလည်း နှစ်နိုင်ငံကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းလေ့ကျင့်မှုများနှင့်အတူ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ စစ်မြေပြင်ဆိုင်ရာ ဆေးဝါးကုသမှု
လုပ်ငန်းများတွင် အမေရိကန်၏ အကူအညီဖြင့် အပြောင်းအလဲများ
လုပ်ဆောင်သွားဖွယ်ရှိကြောင်း အေအက်ဖ်ပီသို့ ထုတ်ဖော်ပြောကြားခဲ့သည်။
နှစ်နိုင်ငံကြား စစ်ရေးပူးပေါင်းမှုနှင့် ပတ်သက်ပြီး “အမေရိကန်နှင့် မြန်မာ နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ မကြာမီ စတင်နိုင်တော့မှာပါ။ ကျွန်တော်တို့အနေနဲ့ ဒီလိုလုပ်ဖို့ သေသေချာချာကို စေ့စေ့စပ်စပ် လေ့လာချိန်ထိုးမှုတွေ လုပ်နေသလို ဒီလိုပူးပေါင်းမှုဟာ နှစ်နိုင်ငံအတွက် အမှန်တကယ် ရလဒ်ကောင်းတွေ အလားအလာကောင်းတွေအပြင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုတွေမှာ အဖက်ဖက်က တိုးတက်မှုတွေလည်း ရှိနေချင်ပါတယ်။ လက်ရှိအခြေအနေကတော့ ဒါက စိတ်ဝင်စားစရာ ကောင်းပါတယ်။ ကျွန်တော်တို့ ရှေ့ဆက်သွားမှာဖြစ်ပြီး မကြာမီမှာပဲ ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ စစ်ဖက်ပူးပေါင်း ဆောင်ရွက်မှုကို တွေ့မြင်ရတော့မှာပါ” ဟု အမေရိကန် ထိပ်တန်းစစ်ဘက်အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။
နိုဝင်ဘာလ ၁၉ ရက်နေ့က ပထမအဆုံးအကြိမ် လာရောက်သည့် အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်အပြီးတွင် နှစ်နိုင်ငံကြား သံတမန် ဆက်ဆံရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းမှု ပိုမိုအဆင်ပြေ ချောမွေ့လာခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံနှင့် အနီးစပ်ဆုံးဖြစ်သည့် အိမ်နီးချင်း မြန်မာနိုင်ငံအနေဖြင့်လည်း သမ္မတအိုဘားမား အစိုးရ၏ အာရှ-ပစိဖိတ်ဆိုင်ရာ မဟာဗျူဟာ အပြောင်းအလဲတွင် အရေးပါသော နိုင်ငံတစ်နိုင်ငံ ဖြစ်လာသည်ဟု သုံးသပ်မှုများလည်း ရှိပါသည်။ မြန်မာနိုင်ငံအား ၂၀၁၃ တွင် ထိုင်းနိုင်ငံ၌ ပြုလုပ်မည့် အမေရိကန်နှင့် အာရှမိတ်ဖက် နိုင်ငံများ ပူးတွဲပြုလုပ်ရန်ရှိသည့် စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် ဆန္ဒရှိကြောင်း အမေရိကန် စစ်ဘက်အရာရှိတစ်ဦးက ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ထုတ်ဖော်ပြောဆိုမှုများ ရှိခဲ့ကြောင်း သိရသည်။

Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။