MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, December 15, 2012

ပြန်လွတ်လာသူတွေ ရန်ကုန်မှာ ထပ်မံဆန္ဒပြ

လက်ပန်းတောင်းတောင်အရေးနဲ့ ပတ်သတ်ပြီး ငွေကြာယံကျောင်းတိုက်က သံဃာတော်နှစ်ပါး နဲ့အတူ မကြာသေးခင်ကမှ အင်းစိန် အကျဉ်းထောင်ကနေ အာမခံနဲ့ ပြန်လွတ်လာတဲ့ ဒေါ်နော်အုန်းလှ၊ ဒေါ်ရှမ်းမ အပါအဝင် လူဆယ်ဦးဟာ ဒီဇင်ဘာလ ၁၃ ရက်နေ့ ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့မှာ စီတန်းလမ်းလျှောက် ဆန္ဒပြခဲ့ပါတယ်။


Photo:RFA/Kyaw Zawe Win
လက်ပန်းတောင်းတောင် အရေးနဲ့ပက်သက်ပြီး ဒီဇင်ဘာ ၁၃ ရက်နေ့က ရန်ကုန်မြို့တွင် ဆက်လက် ဆန္ဒထုတ်ဖော်နေသူများကို တွေ့ရစဉ်။
ဆန္ဒပြသူတွေဟာ မွန်းလွဲ ၃ နာရီအခ်ျိန်က ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် ကြေးသွန်းဘုရားကြီးကနေ စတင်ပြီးနောက် ရေတာရှည်လမ်းကနေ အနောက်ရွှေဂုံတိုင်လမ်းအတိုင်း စီတန်းလမ်းလျှောက်ခဲ့ကြပြီး ကိုးထပ်ကြီးဘုရားမှာ အဆုံးသတ်ခဲ့ကြပါတယ်။ လမ်းလျှောက်ဆန္ဒပြရာမှာ တောင်းဆိုတဲ့အချက်တွေနဲ့ 
ပတ်သတ်ပြီး ဆန္ဒပြသူ ဒေါ်နော်အုန်းလှက RFA ကို အခုလိုပြောပြပါတယ်။

"သံဃာတော်တွေ မတရားအကြမ်းဖက်ခံရမှုကို အမြန်ဆုံးဖော်ထုတ်ပေးရေး၊နောက်တစ်ချက်က သံဃာတော်တွေ အကြမ်းဖက်မှုကို အမြန်ဆုံးဝန်ချတောင်းပန်ရေး၊တရုတ်ဝမ်ပေါင်က-မြန်မာကုမ္မဏီ မြန်မာနိုင်ငံက ထွက်ခွာရေးကို ကြွေးကြော်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်"


ဒီကနေ့ ဆန္ဒပြရာမှာ ပါဝင်တဲ့ ဒေါ်နော်အုန်းလှနဲ့ ဒေါ်ရှမ်းမတို့ဟာ နိုဝင်ဘာ ၂၆ ရက်နေ့က ရန်ကုန်မြို့လယ်မှာ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းပစ်ရေး ဆန္ဒပြခဲ့ကြတဲ့အတွက် ဖမ်းဆီးတရားစွဲခံရပြီး အင်းစိန် အကျဉ်းထောင်မှာ အကျဉ်းကျခံခဲ့ရသူတွေ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၁ ရက်နေ့ကမှ အာမခံနဲ့ ပြန်လည် လွတ်မြောက်လာကြသူတွေဖြစ်ပြီး ပုဒ်မ ၅၀၅(ခ)နဲ့ ပြင်ပကနေ အမှုရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။



RFA News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။