MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, December 12, 2012

ဒိုင်းမွန်ပလာဇာပေါ်မှ ခုန်ချ၍ သေကြောင်းကြံစည်သူ တစ်ဦးအား ကယ်ဆယ်ရေးအဖွဲ့ဝင်များမှ တားဆီးနိုင်ခဲ့

thn-12-12-2
ဒိုင်းမွန်းပလာဇာပေါ်မှ ခုန်ချရန် ကြိုးစားနေသူအား တွေ့ရစဉ်

ဒီဇင်ဘာလ ၁၁ ရက်နေ့က မန္တလေးမြို့ ၇၈လမ်း၊ ၃၃ လမ်းထောင့်ရှိ ဒိုင်းမွန်းပလာဇာပေါ်မှ ခုန်ချ၍ သေကြောင်းကြံစည်ရန် ကြိုးစားသူတစ်ဦးကို ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရှိရသည်။အသက် ၃၀ ကျော်ဝန်းကျင်ခန့်ရှိ အဆိုပါအမျိုးသားသည်
 ဒိုင်းမွန်းပလာဇာ ထပ်ခိုးပေါ်မှ ခုန်ချကာ သေကြောင်းကြံစည်နေခြင်းကို တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးအဖွဲ့များမှ အချိန်မီ တားဆီးဖြောင်းဖျနိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ခုန်ချသေကြောင်းကြံစည် သူကို အမှတ် ၈ ရဲစခန်းမှ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
''ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ဖြောင်းဖျမှုကြောင့် အောက်ကိုဆင်းလာပေမယ့် အဲဒီလူက ၀ိုင်းပြီးကြည့်နေတဲ့သူတွေကို နောက်တစ်ခါထပ် ပြီး လာဦးမယ်လို့ အော်ပြောသွားသေးတယ်''ဟု
အဆိုပါဖြစ်စဉ်အား ကြည့်ရှုနေသူတစ်ဦးက ပြောပါသည်။
အဆိုပါအမှုအား စစ်ဆေးနေသည့် အမှတ်(၈)ရဲစခန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ မိမိကိုယ်ကို သတ်သေရန် ကြိုးစားသူ အမျိုးသားမှာ ဇနီးဖြစ်သူက ကွာရှင်းခွင့်တောင်းသဖြင့် ယခုကဲ့သို့ ခုန်ချရန် ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းအား အမှတ်(၈)ရဲစခန်းမှ (ပ)၇၁၄ / ၂၀၁၂၊ ပြစ်မှုပုဒ်မ ၃၀၉ မိမိကိုယ်ကို သေကြောင်းကြံစည်မှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ အဆိုပါပုဒ်မမှာ ထောင်ဒဏ် တစ်နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ကျခံရမည့် ပုဒ်မ ဖြစ်သည်။


Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။