MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, December 14, 2012

ဆွီဒင်နိုင်ငံလုပ် လက်နက်တွေ မြန်မာအစိုးရ စစ်တပ်ဆီ ရောက်ရှိနေ

2012-12-14
မြန်မာအစိုးရစစ်တပ် လက်ထဲရောက်ရှိသုံးစွဲနေတဲ့ ဆွီဒင်နိုင်ငံလုပ် တင့်ကားဖျက် ရိုင်ဖယ်တွေဟာ အိန္ဒိယ စစ်တပ်ကို မိမိတို့ရောင်းချလိုက်တဲ့ လက်နက်တွေဖြစ်ကြောင်း ဆွီဒင်နိုင်ငံက မနေ့က ပြောလိုက်ပါတယ်။
Photo: AFP 
တောနယ်ဒေသတခုတွင် တိုက်ကင်းလှည့်နေသော စစ်အစိုးရတပ်ဖွဲ့တစ်ဖွဲ့ကို တွေ့ရစဉ်
ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIA နဲ့ အစိုးရတပ်တွေ တိုက်ခိုက်နေတဲ့ ကချင်ပြည်နယ်မှာ အစိုးရတပ်ဆီက ကျန်ရစ်ခဲ့တဲ့ လက်နက်တွေကို မြန်မာ အလွတ်သတင်းထောက်တစ်ဦးက ဓါတ်ပုံ ရိုက်ယူခဲ့ရာမှာ ဆွီဒင်နိုင်ငံလုပ် Carl Gustaf M3 အမျိုးအစား တင့်ကားဖျက်ရိုင်ဖယ်တွေ နဲ့ ကျည်ဆန်တွေ ပါဝင်နေတာတွေ့ရပါတယ်။ ဓါတ်ပုံတစ်ပုံမှာ လက်နက်ပေါ်က ထုတ်လုပ်တဲ့ အမှတ်စဉ်နံပါတ်ကိုပါ
ထင်ထင်ရှားရှား တွေ့မြင်ရပါတယ်။
ဆွီဒင်သတင်းမီဒီယာတွေပေါ်မှာ အဲဒီဓါတ်ပုံတွေ ပျံ့နှံ့သွားခဲ့ပြီးတဲ့နောက် ဆွီဒင်ပို့ကုန်ထိန်းချုပ်ရေးဌာနက လက်နက်တွေ မြန်မာစစ်တပ်ဆီကို ဘယ်ကနေရောက်ရှိခဲ့သလဲဆိုတာ စုံစမ်းစစ်ဆေးနေပြီလို့ပြောဆိုခဲ့ပါတယ်။
ဥရောပသမဂ္ဂ EU ဟာ မြန်မာအစိုးရကို စီးပွားရေးပိတ်ဆို့ အရေးယူထားတာတွေ အားလုံးနီးပါး ဖြေလျှော့ပေးခဲ့ပေမဲ့ လက်နက်အရောင်းအ၀ယ်ကိစ္စကိုတော့ ဆက်လက်ထားရှိပါတယ်။
ဥရောပသမဂ္ဂ က အရေးယူပိတ်ဆို့ထားတဲ့ကြားက အခုလို ဆွီဒင်လက်နက်တွေ မြန်မာအစိုးရစစ်တပ်ဆီ ရောက်ရှိသွားတဲ့အပေါ် ရှင်းလင်းဖို့ အိန္ဒိယအစိုးရကို တောင်းဆိုထားတယ်လို့ ဆွီဒင် ကုန်သွယ်ရေးဝန်ကြီး Ewa Bjorling က မနေ့က လွှတ်တော် မှာပြောကြားခဲ့ပါတယ်။
ဆွီဒင်ပို့ကုန်ထိန်းချုပ်ရေးဌာန ပြောခွင့်ရသူကလည်း အခုလို  မဆိုင်တဲ့သူတွေရဲ့ လက်ထဲ ဆွီဒင်လက်နက်တွေ ရောက်သွားတာမျိုး အရင်က မဖြစ်ခဲ့ဖူးဘူးလို့ ပြောဆိုပါတယ်။
RFA News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။