MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, December 12, 2012

ငွေဆောင်မြို့နယ်ခွဲအတွင်းရှိ လယ်နှင့်တောင်မြေ ဧကတစ်ရာကျော်အတွက် မက်စ်မြန်မာကုမ္ပဏီက ကျပ်သိန်း ၇၀၀၀ ကျော် လျော်ကြေးပေး

Max Myanmar ကုမ္ပဏီမှ ယခင်ကသိမ်းယူထားသည့် ငွေဆောင်မြို့နယ်ခွဲ၊ အမှတ် (၁) ရပ်ကွက်ရှိ လယ်နှင့်တောင်မြေ ဧကတစ်ရာကျော်အတွက် ကျပ်သိန်းပေါင်း ၇၀၀၀ ကျော်ကို ဒီဇင်ဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့ ပုသိမ်ဟိုတယ်တွင် ဒေသခံပိုင်ရှင် ၁၃ ဦးအား ကရုဏာကြေးအဖြစ် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
တောင်သူ ၁၃ ဦးပိုင်ဆိုင်သည့် လယ်မြေနှင့်တောင်မြေ (ဥယျာဉ်မြေ) ၁၀၆ ဧကအတွက် လယ်တစ်ဧကလျှင် ကျပ် ၂၅ သိန်းနှုန်း၊ တောင်မြေတစ်ဧကလျှင် ကျပ်သိန်းတစ်ရာနှုန်းဖြင့် ကျပ်သိန်းပေါင်း ၇၂၈၅ သိန်းကို Max Myanmar ကုမ္ပဏီမှ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ “ကျွန်တော်တို့ စိတ်ချမ်းသာပါတယ်၊ ကျေးဇူးလည်း တင်ပါတယ်။ ကျွန်တော်တို့ အဆင်ပြေ၀မ်းသာသလို ကျန်တဲ့ ကျွန်တော်တို့ဒေသက သူတွေကိုလည်း ရစေချင်တယ်။ Max Myanmar ကုမ္ပဏီက  အခုလိုဆောင်ရွက်ပေးတာ အလွန်ဝမ်းသာပါတယ်” ဟု ကရုဏာကြေးရရှိသည့် ဒေသခံတောင်သူ
ဦးသိန်းအောင်က ပြောပြသည်။
ယင်းဒေသတွင် Max Myanmar ကုမ္ပဏီ အပါအ၀င် ကုမ္ပဏီပေါင်း ၃၀ ခန့်မှ ၂၀၀၁ ခုနှစ်မှစ၍ လယ်နှင့်တောင်မြေ ဧကပေါင်းတစ်သောင်းကျော်ကို သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကုမ္ပဏီများအနက်မှ  ဒေသခံ တောင်သူများအား ယခုကဲ့သို့ ကရုဏာကြေးပေးခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ငွေကြေးအားဖြင့် အများဆုံးဖြစ်သည်ဟု ဒေသခံများက ပြောကြားသည်။
ယခုကဲ့သို့ တောင်သူများအား ကရုဏာကြေး သွားရောက်ပေးအပ်ရာတွင် Max Myanmar ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးသန်းဦး ဦးဆောင်သည့်အဖွဲ့နှင့်အတူ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ ကိုထွန်းမြင့်အောင်နှင့် အဖွဲ့ဝင်ငါးဦး၊ တိုင်းဒေသကြီးလွှတ်တော်မှ ကိုယ်စားလှယ်တစ်ဦး၊ ဥပဒေပညာရှင်တစ်ဦးတို့က ပုသိမ်ဟိုတယ်တွင် ဒေသခံတောင်သူများအား ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကုမ္ပဏီနဲ့ ထိပ်တိုက်တရားဝင်ညှိနှိုင်းတာ လွန်ခဲ့တဲ့ သုံးလလောက်ကမှပါ။ သုံးကြိမ်ပဲ ညှိနှိုင်းခဲ့တာ၊ အခုလိုအခြေအနေမျိုးတွေ ရရှိခဲ့ပါတယ်။ ကျန်တဲ့ကုမ္ပဏီတွေကိုလည်း ဆက်လက်ညှိနှိုင်းသွားပါမယ်” ဟု တောင်သူများအခွင့်အရေး ဆောင်ရွက်ပေးသူ ဦးသိန်းအောင်က ပြောသည်။


Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။