MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, December 15, 2012

ထိုင်းနိုင်ငံရောက် နိုင်ငံခြားအလုပ်သမား မှတ်ပုံတင်ရက် ကုန်ဆုံးသွား

မြန်မာအများစုပါဝင်တဲ့ ထိုင်းနိင်ငံ ရှိ ရွေ့ပြောင်းအလုပ်သမားတွေ ဟာ သောကြာနေ့ ကို နောက်ဆုံးရက် အဖြစ် မှတ်ပုံတင်ဖို့ တိုင်းအစိုးရက သတ်မှတ်ထားလို့ Samut Sakhon အလယ်ပိုင်း ခရိုင်ရှိ ထိုင်းအလုပ်သမားရုံးမှာ ကြိတ်ကြိတ်တိုး အလုအယက်မှတ်ပုံတင်ခဲ့ကြကြောင်း TNA ထိုင်းသတင်းစဉ်မှာ ဖေါ်ပြထားပါတယ်။
RFA
၂၀၁၁ ခုနှစ် ဇွန် ၁၅ ရက်နေ့မှ ဇူလိုင်လ ၁၄ ရက်နေ့အထိ မြန်မာရွေ့ပြောင်းအလုပ်သမား မှတ်ပုံတင်ကိစ္စကို ဆောင်ရွက်ပေးနေသည့် ထိုင်း လူဝင်မှုကြီးကြပ်ရေး မှတ်ပုံတင်ဌာနတခုတွင် အလုပ်သမားမှတ်ပုံတင် စာရင်းသွင်းနေသော မြန်မာရွေ့ပြောင်းအလုပ်သမားတဦး။
မှတ်ပုံတင်ရက်ကို တိုးမြှင့်ပေးဖို့ အလုပ်သမားရေး လှုပ်ရှားဆောင်ရွက်သူတွေက မေတ္တာရပ်ခံပေမယ်လို့လဲ ထိုင်းအစိုးရက လက်မခံပယ်ချလိုက်တယ်လို့ The Bangkok Post က ရေးလိုက်ပါတယ်။
ထိုင်းအလုပ်သမားဝန်ကြီး Padermchai က နောက်ဆုံးသတ်မှတ်ရက်ကို ၆
ကြိမ်တိုင်တိုင် ရွေ့ဆိုင်းပေးခဲ့ပြီး ဖြစ်တယ်လို့ ပြောသွားပါတယ်။
အခုလို စာရွက်စာတမ်း အထောက်အထားအားလုံးကို သောကြာနေ့ နောက်ဆုံးထားပြုလုပ်ဖို့ ပျက်ကွက်ခဲ့ရင်တော့ မိမိတို့မူရင်းဌာနေကို ပြန်ပို့တာ့မှာဖြစ်တယ်ဆိုတာကိုပါ ထိုင်းအလုပ်သမားဝန်ကြီးက ပြောသွားပါတယ်။
Samut Sakhun ငါးလုပ်ငန်းခရိုင်ဟာ ထိုင်းပင်လယ်ကွေ့အနီးက ခရိုင်တစ်ခုဖြစ်ပြီး ဘန်ကောက်နဲ့ မိုင် ၁၀၀ ခန့်ဝေးပါတယ်။ အဲဒီက ရွေ့ပြောင်းအလုပ်သမားအများစုဟာ မြန်မာတွေဖြစ်ပါတယ်။

TCC ထိုင်းကုန်သည်ကြီးများအသင်းကတော့ ထိုင်းဝန်ကြီးချုပ်ကို အခုလို ရွေ့ပြောင်းအလုပ်သမားတွေ အစုလိုက်ဌာနေပြန်ပို့တယ်ဆိုရင် ထိုင်းနိင်ငံအနှံ့ လုပ်အားလျော့နည်း ပြတ်တောက်သွားနိင်စရာရှိကြောင်း ပန်ကြားပြောဆိုထားပါတယ်။

RFA News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။