MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, December 29, 2012

တတိယအကြိမ် စီမံကိန်းကော်မရှင် အစည်းအဝေးတွင် စီးပွားရေးနှင့်လူမှုရေး ပြုပြင်ပြောင်းလဲမှုများအတွက် အခြေခံမူဘောင် ၁၀ချက် ဆွေးနွေးအတည်ပြုခဲ့

ဒီဇင်ဘာ ၂၆ရက်နှင့် ၂၇ရက်နေ့တို့တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် တတိယအကြိမ် စီမံကိန်းကော်မရှင် အစည်းအဝေးတွင် စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများအတွက်  အခြေခံမူဘောင် ၁၀ချက်ကို ဆွေးနွေး အတည်ပြုခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။                                     
အဆိုပါ အစည်းအဝေးသို့ စီမံကိန်းကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အပါအ၀င် အစိုးရအဖွဲ့တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။                       
    အစည်းအဝေးတွင် အတည်ပြုခဲ့သည့် အခြေခံမူဘောင်များမှာ (၁)  ဘဏ္ဍာရေးနှင့် အခွန်စနစ် ပြုပြင်ပြောင်းလဲမှုများ (၂)ငွေကြေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ (၃) ကုန်သွယ်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် ဖြေလျော့မှုများ (၄) ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ချက်များ (၅)
ကျန်းမာရေးနှင့် ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ (၆) စားနပ်ရိက္ခာ ဖူလုံမှုနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ရန်များ (၇) အစိုးရစနစ်နှင့် ပွင့်လင်းမြင်သာမှုရှိရေး ဆောင်ရွက်ရန်များ (ဂ) မိုဘိုင်းလ်ဖုန်းနှင့် အင် တာနက်စနစ် တိုးတက်ဖြစ်ပေါ်ရေး ဆောင်ရွက်ရန်များ (၉) အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ (၁၀) ထိရောက်၊ထက်မြက်သည့် အစိုးရစနစ် ဖြစ်ပေါ်ရေး အစီအစဉ်များ တို့ဖြစ်ကြောင်း သိရသည်။             
အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ''နိုင်ငံတော်ရဲ့ စီးပွားရေးတိုးတက်မှုအတွက် ကုန်ထုတ်လုပ်မှု တိုးတက်ရေး၊အလုပ်အကိုင်အခွင့်အလမ်းများ ပေါများရေး လွတ်လပ်သော ဈေးကွက်နဲ့ ဈေးနှုန်းများ တည်ငြိမ်ရေး၊ ပြည်ပကုန် သွယ်မှု အဆင်ပြေချောမွေ့ရေးများကို  မူဝါဒချမှတ်ပြီး ဆောင်ရွက်ရန် လိုအပ်ပါတယ်။ဒါ့အပြင် ပြည်ပ အရင်းအနှီးများ စီးဝင်လာစေရန်နှင့် နည်းပညာအတက်ပညာ(Technical Knowhow) များ ရရှိရေးကိုလည်း အထူးဂရုပြု ဆောင်ရွက်ရမှာဖြစ်ပါ တယ်'' ဟု ပြောကြားခဲ့ပါသည်။                    
ယင်းသို့ အကော်အထည်ဖော် ဆောင်ရွက်ရာမှ ရရှိလာသည့် သဘာဝသယံဇာတ၊လူ့စွမ်းအားအရင်းအမြစ်၊ငွေပင်ငွေရင်း စသည့် စွမ်းအားစုများအား အကောင်းဆုံး ပေါင်းစပ် သုံးစွဲနိုင်သူများက ဖွံ့ဖြိုးတိုးတက်ကြပြီး အကောင်းဆုံး အသုံးပြုခွင့် မရသေးသူများက ဖွံ့ဖြိုးမှု နောက်ကျကျန်နေခဲ့ကြတာဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။           
''နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးမှုအစီအစဉ်များကို ပြန်ကြည့်ရင် ယခင်က  လိုအပ်တဲ့ဘဏ္ဍာ ငွေပင်ငွေရင်းကို ပြည်တွင်းမှာပဲ ဘက်ဂျက်ငွေလုံးငွေရင်းက သုံးစွဲခဲ့ရတဲ့အတွက် စိတ်သွားတိုင်း ကိုယ်မပါနိုင်ခဲ့တာ၊စီမံကိန်းကို မူမတည် ဦးစားပေးမလုပ်နိုင်ခဲ့ဘဲ ဘက်ဂျက်ရရှိမှုပေါ် မူတည်ပြီး     အကောင်အထည်ဖော်လုပ်ခဲ့ရတာ  ယနေ့ကာလအထိပဲဖြစ်တာ သတိပြုမိကြမှာဖြစ်ပါတယ်''ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
ပထမအကြိမ် စီမံကိန်းကော်မရှင် အစည်းအဝေးကို  ၂၀၁၂ခုနှစ် ဇွန်လအတွင်းက ကျင်းပခဲ့ခြင်း ဖြစ်ပြီး ပဉ္စမကာလတို ၅နှစ်၊အမျိုးသားစီမံကိန်း မူကြမ်းအပေါ် ညှိနှိုင်းအကောင်အထည်ဖော် ဆောင်ရွက်သွားရေးဆိုင်ရာများ၊ကဏ္ဍစီမံကိန်းနှင့် ဒေသန္တရ စီမံကိန်းဆိုင်ရာများ၊ ပြည်ထောင်စုဝန်ကြီးဌာနများအလိုက် ကဏ္ဍအလိုက် မူဝါဒရယူလိုသော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် ဆိုင်ရာများ နှစ်အလိုက်စီမံကိန်းများနှင့်အညီ ဘဏ္ဍာငွေအရ အသုံးစာရင်းများ ရေးဆွဲဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရေးဆွဲ ဆောင်ရွက်ရေးနှင့် တိုင်းဒေသကြီး ပြည်နယ်အလိုက် ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်လိုသည့် အခြေအနေများနှင့် အစီအမံများ ပြုစုပေးပို့ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဒုတိယအကြိမ် စီမံကိန်း ကော်မရှင်အစည်းအဝေးကို သြဂုတ်လက ကျင်းပခဲ့ရာ ပထမအကြိမ် စီမံကိန်းကော်မရှင် အစည်းအဝေးက ချမှတ်ခဲ့သည့်  Reform Strategy နှင့် ပတ်သက်ပြီး မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် City Plan၊ Twon Plan နှင့် Village Plan များ ရေးဆွဲပြီး ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် မြို့ပြကျေးလက် ဖွံ့ဖြိုးတိုးတက်ရေးကို Conceptual Plan၊ပင်မစီမံကိန်းနှင့် မြေယာအသုံးချမှု မူဝါဒများဆိုင်ရာ ကိစ္စရပ်များအား ဆွေး နွေးခဲ့ကြောင်း သိရသည်။

Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။