MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, December 9, 2012

ဒေါ်အောင်ဆန်းစုကြည် မကွေးတိုင်းဒေသကြီးအတွင်း ဒေသများသို့ သွားရောက်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မကွေးတိုင်းဒေသကြီးအတွင်း ဒေသများသို့ ဒီဇင်ဘာလ ၈ ရက်နှင့် ၉ ရက် တို့တွင် သွားရောက်ခဲ့ပါသည်။
အဆိုပါခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာလ ၈ ရက်တွင် ဆတ်သွားကျေးရွာ ဘောလုံးကွင်း၌ ဒေသခံများနှင့် တွေ့ဆုံခြင်း၊ တောင်တွင်းကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းဖွင့်လှစ်ခြင်း၊ တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံတွင် အလှူငွေ ကျပ်သိန်း ၈၀ လှူဒါန်းခြင်း၊ ဗိုလ် ချုပ်အောင်ဆန်း၏ မွေးရပ်ဇာတိဖြစ်သော နတ်မောက်မြို့နယ်၌ ဗိုလ်ချုပ်ကြေးရုပ် အားကစားကွင်းတွင်ကျင်းပသော (၉၂)နှစ်မြောက် အမျိုးသားနေ့ အခမ်းအနားတွင် မိန့်ခွန်းပြောကြားခြင်းတို့ကို ပြုလုပ်ခဲ့သည်။
''ကျွန်မအဖေက နတ်မောက် သားဆိုတော့ နတ်မောက်မြို့သူ မြို့သားတွေဟာ ကျွန်မတို့နဲ့ တစိတ်တ၀မ်းထဲလို့ ပြောလို့ရပါတယ်။ နတ်မောက်သူ နတ်မောက်သားတွေနဲ့ ပတ်သက်လို့ ကျွန်မအများကြီး ဂုဏ်ယူပါတယ်။ ဂုဏ်လဲယူသင့်ပါတယ်။ ဒီတော့ကာ နတ်မောက်ရဲ့ အစဉ်အ လာကို ထိန်းသိမ်းသွားမယ့် ပြည်သူတွေဖြစ်စေချင်ပါတယ်။ ဇာတိမာန်ရှိတယ်ဆိုရာမှာလဲ ဒီမြေမှာမွေးလို့
ဆိုတာထက် ဒီမြေနဲ့ထိုက်တန်တဲ့ ဇာတိမာန်ရှိဖို့ လိုပါတယ်။ နတ်မောက်သူ နတ်မောက်သားတွေဆိုရင် ရိုးဖြောင့်တယ်လို့ တစ်နိုင်ငံလုံး က ယုံကြည်ကြတယ်။ တိုင်းပြည်အကျိုးရှိစိတ် ရှိတယ်လို့လည်း တစ်နိုင်ငံလုံးက ယုံကြည်ကြတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က နတ်မောက်မြို့ ဗိုလ်ချုပ်ကြေးရုပ် အားကစားကွင်း၌ ကျင်းပသော (၉၂)နှစ်မြောက် အမျိုးသားနေ့ အခမ်းအနားမိန့်ခွန်း တွင် ထည့်သွင်းပြောကြားခဲ့သည်။

Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။