MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, December 13, 2012

မြ၀တီမြို့ချစ်ကြည်ရေးတံတား ပတ်ဝန်းကျင်တွင် ယာဉ်ကြောပိတ်ဆို့ မှု အမြဲဖြစ်ပေါ်နေ

thn-13-12-1
မြန်မာနိုင်ငံ၏ အရှေ့တောင် တံခါးပေါက်ဖြစ်သော နယ်စပ် မြ၀တီမြို့သို့ နိုင်ငံခြားသားခရီးသွား ၀င်ရောက်မှုများပြားလာခြင်းနှင့်အတူ မြို့တွင်းလမ်းမကြီးများတွင် ဖြစ်ပေါ်နေသော ယာဉ်ကြော ပိတ်ဆို့  မှုများကိုလည်း ရှင်းလင်းသင့်ကြောင်း မြ၀တီမြို့ခံများကပြောကြားသည်။
မြ၀တီမြို့ရှိ ချစ်ကြည်ရေးတံတားအနီး လမ်းကျယ်နှင့် ကြံခင်းလမ်းထိပ်၊ညဈေးတန်း တစ်ဖက်တစ်ချက်စီတွင် သုံးလမ်းသွား လမ်းမကြီးဖြစ်သော်လည်း ယာဉ်ကြောအမြဲပိတ်နေတတ်သည်ဟု ဆိုသည်။“ညဈေးတန်းရှေ့ မှာက တစ်ဖက်ကလည်း ဈေးရှိတော့ ဆိုင်ကယ်အပ်တဲ့နေရာ၊လမ်းလယ် ထိရောက်နေတဲ့ ဈေးဆိုင်တွေ၊ရပ်ထားတဲ့ကားတွေ၊ဆိုင်ကယ်တွေ၊တစ်ဖက်ကလည်း လမ်းပေါ်ထိ ခင်းထားတဲ့   ဈေးဆိုင်တွေ၊အဲဒီရှေ့မှာမှ ကားတွေရပ်ထား၊ ကုန်တင်တဲ့ကားတွေ ကတစ်ထပ်နှစ်ထပ်ရပ်ထားတော့ လမ်းသွားဖို့ ကားတစ်စီးစာဘဲ ကျန်တော့တယ်။ ခုလမ်းသစ်စီမံကိန်း
အတွက် သွားလာနေတဲ့ ယာဉ်တွေတောင် အရမ်းအခက်တွေနေပါတယ်”ဟု ညဈေးတန်းအနီးတွင် နေသူတစ်ဦးက ပြောသည်။
“ ခေတ်မှီ ဆေးခန်းရှေ့မှာ ဆိုင်ကယ်ရပ်လိုက်တော့ လူတစ်ယောက်ကလာပြီး ဒီမှာဆိုင်ကယ်ရပ်လို့မရဘူး။ ဆိုင်ခုံတွေချရမယ်ဆိုပြီး လူသွားပလက်ဖောင်းပေါ်ကနေ ကားလမ်းမပေါ်   ရောက်လာသူတွေရဲ့ မောင်းထုတ်တာခံရဖူးပါတယ်” ဟု ဆေးခန်းလာပြသူတစ်ဦးကလည်း သူ၏အတွေအကြုံကို ပြောပြခဲ့သည်။
မြ၀တီမြို့သည် နယ်စပ်စီးပွားရေး မြို့တော်ဖြစ်သည်နှင့်အညီ လူသွားပလက်ဖောင်းနှင့် လမ်းမကို အပိုင်ယူထားသောဈေးဆိုင်များ။စည်းကမ်းမဲ့ ရပ်နားထားသော မော်တော်ယာဉ်များကြောင့် မြို့၏ ဂုဏ်ကို
မညိုးနွမ်းစေချင်ကြောင်း ဧည့်လမ်းညွှန်တစ်ဦးက ပြောကြားခဲ့သည်။


Eleven News

1 comment:

  1. ဟုတ်တယ်ဗျ မြဝတီမှာ လိုင်းဆွဲနေတဲ့ကားတွေ အတက်အဆင်းဆွဲနေတဲ့ကားတွေ တစ်စီးမှကို
    စည်းကမ်းမရှိတာ ထိုင်းမြန်မာချစ်ကြည်ရေးတံတားမှာ ဆွဲနေတဲ့ ရွှေမြန်မာလိုင်းက ကားတွေဆိုရင် လုံးဝလုံးဝကို သောက်စည်းကမ်းတစက်မှမရှိဘူး တံတားထိပ် ဘယ်ညာလမ်း
    နှစ်ဖက်လုံးမှာ သူတို့ ကားတွေပဲရှိသလောက်ပိတ် ရပ်ထားတာ အလှ့ ည်ကျကားတွေရပ်ထား
    ရင်တမျိုးပေါ့ အခုဟာကနေ့ တိုင်းပဲ ကျနော်တို့ လို လမ်းသွားလမ်းလာ တွေနေ့ တိုင်းပဲစိတ်
    အနှောင့် အယှက်ဖြစ်နေရတယ် ဒါတွေကို တာဝန်ရှိသူတွေလဲသိတယ်ဗျ ဘာဖြစ်လို့ ကျပ်ကျပ်
    မတ်မတ် မဆောင်ရွက်လဲမသိဘူးဗျား

    ReplyDelete

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။