MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, December 18, 2012

 ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးသွားသော စေတီ၊ ပုထိုး၊ ဘုရားများနှင့် သာသနိက အဆောက်အအုံများကို မူလပုံမပျက် ပြုပြင်သွားမည်

နိုဝင်ဘာလ ၁၁ ရက်နေ့က လှုပ်ခတ်သွားသည့် ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးသွားသော စေတီ၊ ပုထိုး၊ ဘုရားများနှင့် သာသနိက အဆောက်အအုံများကို မူလပုံမပျက် ပြုပြင်သွားမည်ဖြစ်ကြောင်း
 ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ စုံစမ်းသိရှိရပါသည်။ပြုပြင်ခြင်းကိစ္စအတွက် ဆောင်ရွက်ရာတွင် ခေတ်အဆက်ဆက် အလှူရှင်များ
 ပြုပြင်မွမ်းမံမှုကြောင့် ရှေးဟောင်းတန်ဘိုး၊ ရှေးဟောင်းလက်ရာ မရှိတော့သည့် (ယခုခေတ်လက်ရာ) စေတီ၊ ပုထိုး၊ ဘုရား၊ သာသနိက အဆောက်အအုံများကို သက်ဆိုင်ရာဒေသ အာဏာပိုင်များ၊ ဂေါပကအဖွဲ့များ၊ အလှူရှင်များမှ ပြုပြင်မည်ဆိုလျှင် ဘာသာရေးရှုထောင့်နှင့် ကိုးကွယ်ယုံကြည်မှုရှုထောင့်မှ ကြည့်၍ မူလပုံမပျက် ကြီးကြပ်မှုပေးပြီး ခွင့်ပြုသွားမည်ဖြစ်ကြောင်း
သိရသည်။
''ရှေးဟောင်းသာသနိက အဆောက်အအုံဖြစ်ပေမယ့်လည်း ရှေးဟောင်းလက်ရာ မကျန်ရှိတော့တဲ့ ခေတ်အဆက်ဆက် ဂေါပကများနဲ့ အလှူရှင်များမှ ပြုပြင်ခဲ့သော ဘုရားစေတီ၊ ပုထိုးများကို ဌာနမှာရှိတဲ့ အင်ဂျင်နီယာများရဲ့ ကြီးကြပ်မှုဖြင့် ပြုပြင်လိုတဲ့ ပန်းရံ၊ ကန်ထရိုက်များနှင့်သာ ပြုပြင်ခွင့်ပေးသွားပြီး ဌာနက ပုံသဏ္ဍာန်မပျက်စီးစေရေးသာ ကြီးကြပ်ပေးမှာပါ။ ပြုပြင်ရန် ခွင့်ပြုပြီးပါကလည်း ဌာနရှိအင်ဂျင်နီယာများအနေနဲ့ သာသနိက အဆောက်အအုံများ ပြုပြင်ရာမှာ မပျက်စီးမီ အခြေအနေတွင်ရှိသော ပုံသဏ္ဍာန်လက်ရာများနှင့် မကွာခြားသော၊ မကွဲပြားသော ပုံသဏ္ဍာန်လက်ရာဖြင့် ပြုပြင်ရေးကို ကြီးကြပ်ပေးမှာပါ'' ဟု တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
''ရှေးဟောင်းလက်ရာကျန်ရှိသော သာသနိက အဆောက်အအုံများကို ပြုပြင်မည်ဆိုပါကလည်း ဦးစီးဌာနသို့ တင်ပြပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ ၀န်ကြီးဌာနသို့ ဆက်လက်တင်ပြပေးသွားမှာပါ။ ဌာနကနေ သတ်မှတ်ထားတဲ့ ရှေးမူလက်ရာမပျက် ထိန်းသိမ်းပြုပြင်ရေးမူများနှင့်အညီ သက်ဆိုင်ရာဌာနခွဲ တာဝန်ခံများနှင့် အင်ဂျင်နီယာများက တာဝန်ယူကြီးကြပ် ဆောင်ရွက်မှာပါ။ ရှေးဟောင်းလက်ရာကျန်ရှိတဲ့ အဆောက်အအုံများကို အလှူရှင်များ တိုက်ရိုက်ပြုပြင်ခွင့် မပေးပါဘူး'' ဟု ဆက်လက်သိရှိရပါသည်။
ထိုသို့ပြုပြင်ရာတွင် ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ (၁၉၉၈)၊ နည်းဥပဒေ၊ တည်ဆဲအခြားဥပဒေများနှင့် စည်းကမ်းချက်များနှင့်အညီ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။   

Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။