MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, December 18, 2012

သေမင်းတမန် ရထားလမ်းကြောရိုးကို အခြေခံပြီး သံဖြူဇရပ်-ဘုရားသုံးဆူ ရထားလမ်းပိုင်းအတွက် တိုင်းတာမှုများ စတင်


173 

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်သို့ မီးရထားလမ်းအတွက် လိုအပ်သော FEASIBILITY  SURVEY ကို (၁၄-၁၂-၂၀၁၂) ရက်နေ့တွင် သံဖြူဇရပ်မြို့နယ်တွင် စတင်တိုင်းထွာမှုများ 
 ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မြန်မာ့မီးရထား
 မြို့ပြအင်ဂျင်နီယာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
“FEASIBILITY  SURVEY ကို သံဖြူဇရပ်မြို့ကနေ အရင်က ဂျပန်ဖောက်လုပ်ခဲ့တဲ့ သေမင်းတမန် ရထားလမ်းဟောင်းရဲ့ ကြောရိုးတာဘောင်တွေကို
 မြေပြင်အခြေနေတွေကို စတင်တိုင်းတာပြီး၊
 ကောင်းကင်မြေပုံတွေနဲ့ တိုက်ဆိုင်စစ်ဆေးမှာပါ၊ အရင်လမ်းဟောင်းက နှစ်ခြောက်ဆယ်ကျော် ကြာလာတော့ ရာဘာပင်တွေ၊ အခြားသီးပင် စားပင်ကြီးတွေ ပေါက်ရောက်နေကြပြီဆိုတော့၊ လမ်းအူကြောင်းကို ပြန်ရွေးရဖို့ လိုပါတယ်၊ ရွေးတဲ့နေရာမှာ သဘာ၀၀န်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်မယ့် နေရာမျိုး၊ သစ်တောတွေ ပျက်စီးဆုံးရှုံးမှု အနည်းဆုံးလိုဟာမျိုး ရွေးချယ်သွားမှာပါ၊ ဒီမိုကရေစီခေတ်မှာ ပထမဆုံး ရထားလမ်းဆိုတော့  လမ်းအူကြောင်းဝန်းကျင် နေထိုင်တဲ့ ဒေသခံတွေကိုလည်း အထိအခိုက်နည်းပြီး ရွာတွေနဲ့လည်း မနီးမဝေး
အနေထားမျိုးထိပါ စဉ်းစားထားပါတယ်၊ ဘူတာရုံထားဖို့၊ နောက်ပြီး လက်ရှိကားလမ်းနဲ့လည်း မနီးမဝေးမှာရှိဖို့ စဉ်းစားထားပါတယ်၊ အားလုံးခြုံရင်တော့ ကုန်ကျစရိတ် အနည်းဆုံး၊ အမြန်ဆုံး၊ ဒေသတွက် ထိခိုက်မှု အနည်းဆုံး၊ အကျိုးအမြတ်ရှိအောင်လည်း တွက်ချက်ဖို့ ရှိပါတယ်၊ အခုလို ဆာဗေးလုပ်တာကိုလည်း  ရထားလမ်းကြီးတော့ ဖောက်နေပြီလို့ မထင်စေချင်ပါဘူး၊ ပြည်ပကလည်း အကူအညီယူပြီး မြေစမ်းတာမျိုး၊ ဂျီပီအက်တိုင်းတာပါ လုပ်ရပါမယ်၊ ဆာဗေးရဲ့ စေ့စပ်သေချာမှုရှိဖို့ အချိန်တော့ယူရမှာ၊ ဘယ်တော့ပြီးမယ် ဆိုတာက ဒေသလုံခြုံရေးပိုင်း၊ လမ်းပန်းဆက်သွယ်ရေးပိုင်း၊ ကျန်းမာရေး၊ ရာသီဥတု စတာတွေပေါ် မူတည်ပါတယ်” ဟု ဆာဗေးအဖွဲ့ခေါင်းဆောင်က ပြောပါသည်။
172
သေမင်းတမန် ရထားလမ်း စတင်ရာနေရာအား တွေ့ရစဉ်
အဆိုပါ သံဖြူဇရပ်-ဘုရားသုံးဆူ ဆာဗေးအဖွဲ့ အစီရင်ခံစာတင်ပြီး၊ ၀န်ကြီးဌာန၏ စီစစ်ဖြည့်စွက်မှုနှင့်အတူ လွှတ်တော်သို့ တင်ပြ အဆုံးအဖြတ်ယူ ခွင့်ပြုချက် ရယူရမည်ဟု သိရှိရပါသည်။ ယခင်၂၀၀၅ ခုနှစ်၊ ၂၀၀၇ ခုနှစ်တို့တွင်လည်း ဆာဗေးလုပ်ခဲ့ဘူးသည်ဟု သိရသည်။
ထိုင်း-မြန်မာ မီးရထားလမ်းကို ဒုတိယကမ္ဘာစစ်ကြီးအတွင်း ၁၉၄၂-၁၉၄၅ ခုနှစ်ထိ ဂျပန်တို့က ဖောက်လုပ်ခဲ့သည်၊ ထိုင်းနိုင်ငံ ဘန်ပေါင် (BAN  PONG) ဘူတာမှ မြန်မာနိုင်ငံ သံဖြူဇရပ်ထိ (၁၇၅) မိုင်ရှိပြီး ယင်းမီးရထားလမ်း ဖောက်လုပ်ရန်အတွက် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ အလုပ်သမားပေါင်း (၁၇၇၀၀၀) ၏ လုပ်အားဖြင့် ဖောက်လုပ်ခဲ့ကြောင်း၊ လုံခြုံမှုကင်းမဲ့ပြီး၊ ဆိုးဝါးသော ရာသီဥတု၊ ပြင်းထန်သောငှက်ဖျား၊ ၀မ်းရောဂါတို့ကြောင့် ချွေးတပ်သားပေါင်း  ရှစ်သောင်းကျော် သေကျေပျက်စီးမှု ရှိခဲ့သည်ဟု သိရှိရသည်။

Eleven News 

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။