MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, December 19, 2012

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကိုကိုးကျွန်းအား ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီတစ်ခုက နှစ်ရှည်ငှားရမ်း လုပ်ကိုင်လိုဟု သက်ဆိုင်ရာသို့ တင်ပြထား

191
ပုဂ္ဂလိကမှ နှစ်ရှည်ငှားရမ်း လုပ်ကိုင်လိုသည်ဟု တင်ပြထားသည့် ကိုကိုးကျွန်း၏ ဆိပ်ကမ်းတစ်ခုအား တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး နယ်နိမိတ်အတွင်းရှိ ကိုကိုးကျွန်းအား ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီတစ်ခုက နှစ်ရှည်ငှားရမ်း လုပ်ကိုင်လိုသည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ လာရောက်တင်ပြထားကြောင်း သတင်းရရှိသည်။အဆိုပါ ကုမ္ပဏီက ကိုကိုးကျွန်းအား ငှားရမ်းလုပ်ကိုင်လိုသည်ဟု Proposal သဘောမျိုး ယေဘုယျ လာရောက်တင်ထားခြင်းဖြစ်ပြီး
 နှစ်ရှည်ငှားခွင့် ဆိုရာတွင် နှစ် ၅၀ အထိ ငှားရမ်းလုပ်ကိုင်လိုခြင်း ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
“လာတင်ပြတဲ့ ကုမ္ပဏီကတော့ ကိုကိုးကျွန်းကို ငှားရမ်းလုပ်ချင်တယ် ဆိုပြီးတော့ ယေဘုယျ လာတင်ထားတဲ့ သဘောပါ၊၊ ဘာမှ အတိအကျ မလုပ်သေးပါဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကိုကိုးကျွန်းသည် ကုန်းမြေနှင့် အဆက်အစပ် မရှိသော ပင်လယ်ပြင်ထဲတွင် သီးခြားတည်ရှိနေသည့် ကျွန်းတစ်ခုဖြစ်ပြီး မပျက်စီးသေးသော သဘာဝ သယံဇာတ အများအပြား တည်ရှိနေကာ ကျွန်းပတ်လည်ရှိ ပင်လယ်ပြင်၏ ရေအရောင်သည် အမျိုးမျိုး ကွဲပြားခြားနားကြောင်း၊ ရေမှာ အလွန်ကြည်လင်ကာ  ရေအောက် ၁၀ ပေအနက်အထိ ထိုးဖောက်မြင်တွေ့နိုင်ကြောင်း ပြီးခဲ့သည့် ၂၀၁၀ နှစ် ဆန်းပိုင်း ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်က ကောက်ယူခဲ့သော ကိုကိုးကျွန်းအား လေ့လာမှု အစီရင်ခံစာအရ သိရသည်။
ထို့ကြောင့် ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းအတွက် သဘာဝ အခြေခံနေရာ တစ်ခုဖြစ်ပြီး ယခင် ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် မြန်မာ့ကြယ်ငါးပွင့်သင်္ဘော လုပ်ငန်းက ကိုကိုးကျွန်း ခရီးစဉ်ကို ၂၀၁၀ နှစ်ဆန်းပိုင်းတွင် ပြေးဆွဲခဲ့သော်လည်း မကြာမီရပ်နားခဲ့သည်။
ကိုကိုးကျွန်းသည် အက်ဒမန် ကျွန်းစုနှင့် ဆက်စပ်လျက်ရှိပြီး ၁၇ ရာစု အစပိုင်း ရခိုင်ရာဇ၀င်အရ မြောက်ဦးခေတ် ရခိုင်ဘုရင် မင်းရာဇာ လက်ထက် ၁၆၀၀-၁၆၁၃ တွင် ဗြိတိသျှအရှေ့အိန္ဒိယ ကုမ္ပဏီမှ ကူးသန်းရောင်းဝယ်ရေးနှင့် သံတမန်ရေးရာ ကိစ္စများ ဆောင်ရွက်ရန် အက်ဒမန်ကျွန်းတွင် တစ်ထောက် နားခွင့်ပြုရန် တောင်းဆိုခဲ့ရာ ရခိုင်ဘုရင်မှ ခွင့်ပြုခဲ့ကြောင်း၊ ထို့နောက် အင်္ဂလိပ်တို့မှ အိန္ဒိယနိုင်ငံအား သိမ်းပိုက်စဉ် အက်ဒမန်ကျွန်းအားလုံးမှာ အင်္ဂလိပ်လက်ထဲသို့ ကျရောက်ခဲ့ပြီး ၁၉၃၅ ခုနှစ် အင်္ဂလိပ် ကိုလိုနီလက်ထက်တွင် မြန်မာ- အိန္ဒိယ တွဲရေးခွဲရေး မဲခွဲဆုံးဖြတ်ခဲ့ရာ ခွဲရေးအနိုင်ရရှိသဖြင့် မြန်မာနိုင်ငံမှ ကျွန်းအား သီးခြားအုပ်ချုပ်ခွင့် ရရှိခဲ့သည်။
ကိုကိုးကျွန်းအား ငှားရမ်းလုပ်ကိုင်လိုကြောင်း လာရောက်တင်ပြသည့် ကုမ္ပဏီကိုမူ ထုတ်ပြန်ခြင်း မပြုဘဲ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ ဆက်လက်တင်ပြထားသည်ဟု သိရသည်။


Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။