MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, December 18, 2012

ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးဆောင်ရွက်ရန် ကမ်းလှမ်းထားသည့် ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီပေါင်း ၁၂ခုရှိပြီး တရုတ်၊ဂျပန်၊ကိုရီးယားကုမ္ပဏီများနှင့် ပူးပေါင်းကာ မဂ္ဂါဝပ် ၅၀၀ ၀န်းကျင် ထုတ်လုပ်နိုင်သည့် ဓာတ်အားပေးစက်ရုံ ၃ရုံကို တည်ဆောက်သွားမည်

ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကမ်းလှမ်းထားသည့် ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီပေါင်း ၁၂ခုရှိပြီး အဆိုပါ ကုမ္ပဏီများသည် လကိရှိအချိန်တွင် ဒေသအချို့၌ လုပ်ငန်းပိုင်းဆိုင်ရာ လေ့လာမှုများ ဆောင်ရွက်နေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊လျှပ်စစ်စွမ်းအားဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးခင်မောင်ဇော်က ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ပြောကြားခဲ့သည်။ လျှပ်စစ်ကဏ္ဍတွင် ပုဂ္ဂလိက ပါဝင်ဆောင်ရွက်နိုင်ခွင့်များကို ၂၀၁၂ခုနှစ်မှ စတင်ဆောင်ရွက်နေကြောင်း၊၂၀၁၃ခုနှစ်တွင် ပိုမိုတွင် ကျယ်လာမည်ဖြစ်ကြောင်း၊ပုဂ္ဂလိကပိုင်းမှ ကမ်းလှမ်းထားသည့် ကုမ္ပဏီ ၁၂ခုသည် ယခုအခါ သက်ဆိုင်ရာ ဒေသတွင် Physical Study များ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ သည်။

''လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်းတွေကို ပြည်တွင်းက ကုမ္ပဏီတွေကိုပေးမယ်ဆိုတာ အခုသတ်မှတ်ချက်က သူတို့တွေသည် ဖြန့်ဖြူးရေးပိုင်းမှာတင်မဟုတ်ဘူး။နွေရာသီမှာ လျှပ်စစ်ဓာတ်အား မလုံလောက်လို့ ဓာတ်အား လျော့ပေးရတဲ့ အခြေအနေမှာ ပြည်သူတွေကို လုံလောက်အောင်ပေးနိုင်ဖို့ ထုတ်လုပ်ရေးလုပ်ငန်းတွေကိုပါ လုပ်ရမယ်လို့ သတ်မှတ်ချက်ပေးထားပါတယ်''ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊လျှပ်စစ်စွမ်းအားဦးစီးဌာန၊ညွန်ကြားရေးမှူးချုပ် ဦးခင် မောင်ဇော်က ပြောကြားခဲ့သည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ငန်းများကို အစိုးရမှ ကိုင်တွင်ဆောင်သည့် နိုင်ငံများတွင် ရှားရှားပါးပါး မြန်မာတစ်နိုင်ငံသာ ကျန်ရှိတော့ကြောင်း၊သို့သော် လက်ရှိအချိန်တွင် ပုဂ္ဂလိက ပိုင်းမှ ပါဝင်ဆောင်ရွက်မှုကို မလွှဲမသွေ လက်ခံဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဥက္ကဌ ဦးအောင်ခိုင်က ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်၊ဂျပန်၊ကိုရီးယားကုမ္ပဏီများနှင့် ပူးပေါင်းကာ မဂ္ဂါဝပ် ၅၀၀ ၀န်းကျင် ထုတ်လုပ်နိုင်မည့် ဓာတ်အားပေးစက်ရုံ ၃ ရုံကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ဦးခင်မောင်ဇော်က ဆက်လက် ပြောကြားခဲ့သည်။

''လှော်ကားမှာ တရုတ်ကုမ္ပဏီ ချိုင်းနားဟိုက်ဒရိုလန်ချာနဲ့ ၅၅၀ မ ဂ္ဂါဝပ်တည်ဖို့ MOU ထိုးပြီး ဖြစ်ပါတယ်။သာကေတမှာ KV(Korea)နဲ့ ၅၀၀မဂ္ဂါဝပ် ဘသာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတည်ဖို့ MOA ထိုးပြီး ဖြစ်ပါတယ်။သာကေမှာပဲ ဂျပန်နဲ့ ၅၀၀ မဂ္ဂါဝပ်တည်ဖို့ စီစဉ်ထားပါတယ်။နောက်တစ်ခုက ထိုင်းနိုင်ငံနဲ့ ပူးပေါင်းပြီး အလုံမှာ ၁၂၀ မဂ္ဂါဝပ် ထုတ်ဖို့ရှိပါတယ်။စုစုပေါင်း ၁၆၅၀ မဂ္ဂါဝပ်လောက် ၂၀၁၅- ၂၀၁၆မှာ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ပြီး ဓာတ်အားပေးဖို့ရှိပါတယ်''ဟု ဦးခင်မောင်ဇော်က ပြောကြားခဲ့သည်။ လက်ရှိ အချိန်တွင် မြန်မာနိုင်ငံလုံး၌ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု ၁၅၄၂.၃ မဂ္ဂါဝပ် ထုတ်လုပ်ပေးနေပြီး နွေရာသီတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ပမာဏမှာ ၁၈၀၀ မဂ္ဂါဝပ် လိုအပ်လျက်ရှိကြောင်း သိရှိရသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ပမာဏမှာ ၇၃၈ မဂ္ဂါဝပ်ရှိပြီး နွေရာသီရောက်ရှိလာပါက ၈၅၀ မဂ္ဂါဝပ်အထိ သုံးစွဲကြောင်း သိရှိရသည်။

Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။