MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, December 22, 2012

 ရန်ကုန်မြို့တွင် အသစ်ဆောက်လုပ်မည့် ၁၈ ခန်းနှင့်အထက် အဆောက်အအုံများတွင် ကိုယ်ပိုင်ထရန်စဖော်မာများကို စည်ပင်သာယာပိုင်မြေပေါ်တွင် ထားရှိခွင့်မပြုတော့

ရန်ကုန်မြို့တွင် အသစ်ဆောက်လုပ်မည့် ၁၈ ခန်းနှင့်အထက် အဆောက်အအုံများတွင် ကိုယ်ပိုင်ထရန်စဖော်မားများကို ရန်ကုန်မြို့တော် စည်ပင်သာယာပိုင်မြေဖြစ်သည့် လမ်း၊ လူသွားစင်္ကြန် စသည်တို့ပေါ်တွင် ထားရှိခွင့်ပြုတော့မည်မဟုတ်ဘဲ ကိုယ်ပိုင်အဆောက်အအုံ ဆောက်လုပ်မည့် မြေနေရာတွင်သာ ထည့်သွင်းသွားရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန်မြို့တွင် ၁၈ ခန်းနှင့် အထက် အဆောက်အအုံများတွင်   ဓာတ်အားခွဲပေးနိုင်သည့် ကိုယ်ပိုင်ထရန်စဖော်များ တပ်ဆင်ရန် ယခင်ကတည်းက ညွှန်ကြားခဲ့ရာ တည်ဆောက်ပြီး ၁၈ ခန်းနှင့်အထက် ဆောက်အအုံအများစုတွင် ကိုယ်ပိုင် ထရန်စဖော်မာများကို စည်ပင်သာ ယာပိုင် လမ်း၊လူသွားစင်္ကြန်များပေါ်တွင် တပ်ဆင်ထားခြင်းများ ရှိနေကြောင်း၊ ယင်းကဲ့သို့ တပ်ဆင်ထားခြင်းက လမ်းသွားလမ်းလာများအတွက် အန္တရာယ်ရှိနိုင်သောကြောင့် ကိုယ်ပိုင်အဆောက်အအုံ ဆောက်လုပ်မည့် မြေနေရာတွင် ထည့်သွင်းရန် သတ်မှတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။
''အသစ်ဆောက်မဲ့ ၁၈ ခန်းနှင့်အထက် အဆောက်အအုံတွေမှာ ကိုယ်ပိုင်ထရန်စဖော်မာတွေကို စည်ပင်ပိုင်မြေပေါ်မှာ ထားခွင့်မပေးတော့ဘူး။ ကိုယ်ပိုင် အဆောက်အအုံ ဆောက်မဲ့ မြေနေရာခြံဝန်းထဲက ကြိုက်တဲ့နေရာမှာ ထည့်ဖို့ သတ်မှတ်လိုက်ပါတယ်။ စည်ပင်ပိုင်မြေပေါ်က လမ်း၊ လူသွား စင်္ကြန်ပေါ်မှာ ထားခြင်းအားဖြင့် အန္တရာယ်ရှိနိုင်တယ်။ ဒါကြောင့် အသစ်ဆောက်မဲ့ ၁၈ ခန်းနှင့်အထက် အဆောက်အအုံတွေရဲ့ တည်ဆောက်ဖို့ ပုံစံတင်တဲ့နေရာမှာ ထရန်စဖော်မာထားဖို့ နေရာကိုပါ ထည့်သွင်းရေးဆွဲခိုင်းထားပါတယ်။ ဒီသတ်မှတ်ချက်က ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း နေရာအားလုံးမှာ အကျုံးဝင်ပါတယ်''ဟု ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ကိုယ်ပိုင်အဆောက်အအုံမြေပေါ်တွင် ကိုယ်ပိုင်ထရန်စဖော်မာ ထားရှိရန်အတွက် မြေနေရာမှာ ၁၀ ပေပတ်လည် ပမာဏခန့် ရှိရန်လိုကြောင်းလည်း သိရသည်။
''တစ်ကယ်လက်တွေ့မှာတော့ ကိုယ်ပိုင်ထရန်ဖော်မာတွေက လူသွားစင်္ကြန်တွေပေါ်မှာထားတာက အန္တရာယ်တော့များပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းဆောက်တဲ့ အဆောက်အအုံတွေက ခြံဝန်းနဲ့ မြေနေရာဆိုတာရှားတယ်။ ၂၅ ပေလို မြေနေရာမျိုးမှာ ဆောက်ရတာပါ။ အဲဒီအတွက်တော့ ထရန်စဖော်မာထားဖို့က အခက်အခဲရှိနိုင်တယ်''ဟု
ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
ရန်ကုန်မြို့တွင် ယခင်တည်ဆောက်ခဲ့ပြီးသော ၁၈ ခန်းနှင့် အထက် အဆောက်အအုံများ၏ စည်ပင်သာယာပိုင်မြေပေါ်တွင် ထားရှိခွင့်ပြုထားသော ထရန်စဖော်အလုံးရေ  ၃၀၀ ကျော်ရှိပြီး ၎င်းတို့အတွက်   နှစ်စဉ်ကြေးကို  ယခင်က တစ်စတုရန်းပေလျင် ကျပ် ၁၅၀၀ ဖြင့် တစ်နှစ် တစ်ကြိမ်ကောက်ခံခဲ့ရာမှ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် အောက်တိုဘာလမှ စတင်၍  တစ်ကြိမ်တည်း ကျပ် ၈၀၀၀၀၀ ကောက်ခံရန် သတ်မှတ်ခဲ့သည်။

Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။