MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, December 12, 2012

ယခင်က လာရောက်လည်ပတ်မှု မရှိသလောက်နည်းပါးသော ဥရောပနိုင်ငံအချို့မှ ခရီးသွားများ ၀င်ရောက်မှုရှိလာပြီး ယခုနှစ် နိုင်ငံခြားသားအ၀င် စံချိန်တင်မြင့်တက်

ha-12-12-4
စစ်ကိုင်းတိုင်းဒေသကြီးရှိ အင်းဝမြိ့ဟောင်းသို့ လာရောက်သော ခရီးသွားများကို နိုဝင်ဘာလအတွင်းက တွေ့ရစဉ်

မြန်မာနိုင်ငံသို့ ယခင်လာရောက်ခြင်း မရှိသလောက်နည်းပါးသော ဥရောပနိုင်ငံအချို့မှ ယခုနှစ် ၀င်ရောက်မှုရှိလာပြီး မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားများ ၀င်ရောက်မှုသည် စံချိန်တင်မြင့်တက်လာခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ စာရင်းများအရ သိရှိရသည်။
၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ နိုဝင်ဘာလအထိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နိုင်ငံတကာ ခရီးသွားဦးရေ ၄၈၀၀၀၀ ကျော် ၀င်ရောက်ခဲ့ပြီး ၂၀၁၁ ခုနှစ်အတွင်း အလားတူကာလ ၀င်ရောက်မှုမှာ ဦးရေ ၃၁၀၀၀၀ ကျော် ဖြစ်သည်။
“အရင်မလာဖူးသလောက်ဖြစ်တဲ့ နိုင်ငံတွေပါလာတယ်။ အရှေ့ဥရောပဘက်က နိုင်ငံတွေ ပါလာတယ်။ ဆိုဗီယက်ပြည်ထောင်စုက ခွဲထွက်ထားတဲ့ နိုင်ငံတွေက ရောက်လာကြပါတယ်” ဟု Nature Lovers ခရီးသွားကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ဒင်က ပြောပြသည်။
ဇန်န၀ါရီလမှ နိုဝင်ဘာလအတွင်း ရန်ကုန်ဝင်ပေါက်မှ မြောက်အမေရိကမှ ၃၆၂၆၅ ဦး၊ အခြားအမေရိက ဒေသများမှ ၃၀၉၂ ဦး၊ အနောက်ဥရောပဒေသမှ ၁၁၀၀၄၇ ဦး၊ အရှေ့ဥရောပဒေသမှ ၇၅၇၂ ဦး၊ အာဖရိကမှ ၁၃၃၀ ဦး၊ အရှေ့အလယ်ပိုင်းမှ ၃၃၂၃ ဦး၊ အာရှဒေသမှ ၃၀၅၃၆၁ ဦး၊
ပင်လယ်ပိုင်းဒေသ နိုင်ငံများမှ ၁၆၆၉၃ ဦး အသီးသီးဝင်ရောက်ခဲ့သည်။
“လောလောဆယ် အမေရိကန်တွေလည်း များဖို့ရှိပါမယ်။ ဥရောပထဲမှာဆိုရင်တော့ သာမန်လာနေကျ စပိန်တို့၊ အီတလီတို့အပြင် စကင်ဒီနေးဗီးယန်းတွေ ပိုများလာတယ်” ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသို့ ခရီးသွားများ ၀င်ရောက်မှုသည် ၂၀၁၁ ခုနှစ်မှ စတင်မြင့်တက်လာခဲ့ရာ ၂၀၁၂ ခုနှစ်တွင် လုပ်ငန်းအနေအထား ပိုမိုကောင်းမွန်လာပြီး ရွေးကောက်ပွဲအပြီးတွင် နိုင်ငံတကာ၏ အာရုံစိုက်မှုလည်း မြင့်တက်လာခဲ့သည်။
၂၀၁၂ ခုနှစ်အတွင်း ခရီးသွားဧည့်သည် ၀င်ရောက်မှု တိုးတက်လာရာတွင် ခရီးစဉ်ဒေသအသီးသီး၌ လိုအပ်ချက်အချို့ ကြုံတွေ့လာရသည်။
“အဓိက ကြုံရတဲ့အခက်အခဲက နေစရာဟိုတယ်အခန်း လိုအပ်ချက်နဲ့ ဧည့်လမ်းညွှန် လိုအပ်ချက်ပါ။ ကျန်တဲ့ပို့ဆောင်ဆက်သွယ်ရေးပိုင်းက လေကြောင်းလိုင်းအပြင် အခုကားလိုင်းတွေပါ သုံးနိုင်လာတယ်။ လိုတာက ဟိုတယ်ပိုင်းပါတယ်။ မန္တလေး၊ ပုဂံ၊ အင်းလေးတို့မှာ ကြုံနေရပြီ။ ရန်ကုန်မှာလည်း ကြုံနေရတယ်” ဟု ဦးအောင်ဒင်က ပြောကြားသည်။
နိုဝင်ဘာလ ၃၀ ရက်နေ့အထိ စာရင်းများအရ မြန်မာနိုင်ငံတွင် ဟိုတယ် ၇၈၂ လုံး၊ အခန်းပေါင်း ၂၇၉၆၈ ခန်းရှိနေကာ ဧည့်လမ်းညွှန် လိုင်စင်ရှိသူမှာ ၃၃၃၇ ဦး ဖြစ်သည်။
“ဧည့်လမ်းညွှန် လိုအပ်ချက်အတွက်ကတော့ ဘာသာစကား တတ်ကျွမ်းတဲ့ ဒေသခံတွေကို ဆောင်ရန်၊ ရှောင်ရန်တွေကို သင်ကြားပေးပြီး ဒေသခံဧည့်လမ်းညွှန်အဖြစ် လုပ်နိုင်ဖို့ စီစဉ်နေတာရှိတယ်။ လောလောဆယ်တော့ မစသေးဘူးပေါ့။ အခုရန်ကုန်မှာဆို ဟိုတယ်အခန်းတွေက စင်ကာပူလောက်ရှိတယ် ပြောတယ်၊ ဒါပေမယ့် မလောက်ဘူး။ အခန်းတွေအားလုံးမှာ နိုင်ငံခြားသား လက်မခံနိုင်သေးလို့ပါပဲ” ဟု ၎င်းက ဆက်လက်ပြောပြသည်။
မြန်မာနိုင်ငံသို့ နယ်စပ်ဝင်ပေါက်အပါအ၀င် လေဆိပ်ဝင်ပေါက်များမှ ခရီးသွားဝင်ရောက်မှုသည် ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် တစ်သန်းပြည့်တော့မည်ဟု ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ပြောကြားခဲ့သည်။
လက်ရှိဝင်ရောက်လာသည့် ခရီးသွားများအတွက် ဗီဇာပေးအပ်မှုအပိုင်းတွင်မူ လွယ်ကူချောမွေ့မှုများ ရှိလာသည်ဟု ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတို့က သုံးသပ်ပါသည်။ နိုင်ငံခြားသား ခရီးသွားများတွင် အများစုသည် ငွေကြေးကို ပိုပိုလျှံလျှံသုံးစွဲကာ လည်ပတ်လာကြသူများ မဟုတ်သည့်အတွက် အလယ်အလတ်အဆင့်ရှိ ၀န်ဆောင်မှုများနှင့် ဟိုတယ်များ၊ သန့်ရှင်းမှုရှိသော အဆင့်မီစားသောက်ဆိုင်များ ပိုမိုပေါ်ထွက်လာရန်လည်း လိုအပ်နေသည်ဟုလည်း သုံးသပ်မှုများ ရှိနေပါသည်။


Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။