MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, December 22, 2012

နာရေးကူညီမှုအသင်း၏ သုခကုသိုလ်ဖြစ် ဆေးခန်းတွင် လာရောက်ကုသသော လူဦးရေတိုးပွားလာပြီး ညအိပ်စောင့်ဆိုင်းသူများပင် ရှိနေ

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ နာရေးကူညီမူအသင်း (ရန်ကုန်) မှ အခမဲ့ ကုသပေးလျှက်ရှိသော သုခကုသိုလ်ဖြစ် ဆေးခန်းတွင် လာရောက်ကုသသော လူနာဦးရေမှာ အရင်နှစ်ထက် တိုးလာပြီး ညအိပ်စောင့်ဆိုင်းနေသူများပင် ရှိလာကြောင်း ယင်းကုသိုလ်ဖြစ် ဆေးခန်းကို တည်ထောင်သူ နာရေးကူညီမူ အသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၏ ပြောပြချက်အရ သိရသည်။ အဆိုပါ ဆေးခန်းတွင် နယ်အသီးသီးမှ လူနာများလည်း လာရောက်ကုသလျက် ရှိကြောင်းကိုလည်း သိရသည်။
“ကုသိုလ်ဖြစ်ဆေးခန်းမှာ လာရောက်ကုသတဲ့ လူနာဦးရေဟာ အရင်နှစ်ကထက် အများကြီးတိုးလာတယ် အရင်နှစ်ကထက် လူနာဦးရေ ၂၀၀ ကျော် တိုးလာတယ် ချင်းပြည်နယ်၊ ဧရာဝတီတိုင်း အဲ့လို နယ်ကလာတဲ့သူတွေတောင် ရှိတယ် တချို့ဆေးကုသမှု အရေးတကြီး လိုအပ်နေတဲ့ လူတွေဆိုရင် ညအိပ်စောင့်ရတဲ့ သူတွေရှိတယ် ဒီလိုဒီမိုကရေစီ ကူးပြောင်းတဲ့ကာလမှာ အောက်ခြေအခြေခံ လူတန်းစားတွေရဲ့ စီးပွားရေး လူမှုရေး ကျန်းမာရေး အခြေအနေဟာ သိသိသာသာကြီး တိုးတက်လာတာကို မတွေ့ရပါဘူး အစိုးရအနေနဲ့ ကျွန်တော်တို့ နာရေးကူညီမှုအသင်းကို ဆယ်မိနစ် ဆယ့်ငါးမိနစ်လောက်ပဲဖြစ်ဖြစ် လာရောက်ပြီး လေ့လာမယ်ဆိုရင် ဘယ်ကနေစပြီး လုပ်ဆောင်ရမယ် ဆိုတာကို ပိုသိလာမှာပါ” ဟု နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။
ကုသိုလ်ဖြစ် ဆေးခန်းတွင် ပြသရန်အတွက် ညအိပ်စောင့်နေသော လူနာတစ်ဦးမှ “အဒေါ့်နာမည်က နီနီအေးပါ ဒဂုံမြို့သစ်အရှေ့ပိုင်း ၁၃၃ ရပ်ကွက်မှာ နေပါတယ် အခုညီမလေးနဲ့အတူ လာစောင့်ပေးတာပါ
ညီမလေးက ကိုယ်ဝန်ပြမလို့ပါ  အိမ်မှာက မိသားစု ရှစ်ဦးရှိပါတယ် စီးပွားရေးက မပြေလည်ပါဘူး ဒီနှစ်အတွင်းမှာလည်း သိသိသာသာကြီး ပြောင်းလဲလာတာ မရှိပါဘူး ဒီမှာလာပြတာက ဒါနဲ့ဆို နှစ်ခါရှိပါပြီ အရင်က အဒေါ့်အမျိုးသား လေဖြတ်တာ လာပြဖူးပါတယ် လုံးဝပျောက်ကင်းသွားပါပြီ မနက်ဆို လူအရမ်း များလွန်းလို့ ညကတည်းက လာစောင့်နေတာပါ” ဟု ပြောပြခဲ့သည်။

Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။